လန်ဒန် ဆောက်သ်ဟောလ် ဈေးလမ်းမကြီး တစ်နေရာ
လန်ဒန်ဆိုတဲ့ရွှေမြို့တော်ကြီးကို
ကျောင်းတက်ရင်းအလုပ်လုပ်မယ်ဆိုပြီး ရောက်နေခဲ့တာကြာပါပြီ။ တောရွာလေးကနေ
မြို့က အလုပ်တခုကို ထပ်ပြောင်း...ကျောင်းကိုဆို ရထား
နာရီဝက်စီးရ..အလုပ်ကိုဆို ဆယ်မိနစ်ပဲစီးရတဲ့..London Southall
ကုလားရပ်ကွက်ကိုပြောင်းလာခဲ့ပါတယ်၊ ကျွန်မ ငှားနေတဲ့အိမ်က နှစ်ထပ်အိမ်၊
အပေါ်ထပ်မှာအိပ်ခန်း နှစ်ခန်း၊ အောက်ထပ်မှာတော့ ဧည့်ခန်းတခန်း၊
အိပ်ခန်းတခန်းရှိပါတယ်။ အခန်းအကျယ်ကြီးကို တပတ်မှ ၄၅ ပေါင်ထဲ
ပေးရလို့..အရမ်းကိုဈေးသက်သာလို့ တခန်းလုံးကို ငှားလိုက်ပါတယ်၊
အပေါ်ထပ်အခန်းနှစ်ခန်းအနက်က တခန်းကိုယူလိုက်ပါတယ်။ ကျွန်မပြောင်းလာတော့
တခြားအိမ်ငှားတွေလည်းမရှိသေး တယောက်တည်း အေးအေးလူလူ ပစ္စည်းတွေနေရာချ
မောမောနဲ့ အိပ်လိုက်၊ ပြီးရင်အလုပ်သွား၊ ပြန်လာ၊ ကျောင်းကလည်း တပတ်မှာ
သုံးရက်ပဲတက်ရတော့ကျောင်းတက်တဲ့နေတွေဆိုကျောင်းတက်နဲ့ အစစအရာရာ
အဆင်ပြေသယောင်ယောင်ပေါ့ရှင်၊ တခုပဲရှိတာ ကျွန်မအိပ်ပြီဆို အိပ်မက်လိုလို
တကယ်တွေ့ တာလိုလိုနဲ့ ကျွန်မ စာကြည့်စားပွဲကို
အခန်းရဲ့ပြတင်းပေါက်လေးနားမှာ လေ၀င်လေထွက်လေးနဲ့ ပြင်ဆင်စာဖတ်ပါတယ်၊ အဲ့ဒိ စားပွဲနားမှာ အမြဲတမ်းလိုလို အပြာရောင်ခေါင်းမြီးခြုံ၊ ဆံပင်ကျစ်ဆံမြီးကျစ်ထားတဲ့ ကျွန်မတို့လိုကျောင်းသူအရွယ်သပ်သပ်ရပ်ရပ် ချောမောလှပတဲ့မိန်းခလေးတယောက်ကို အမြဲတမ်းလိုလို တွေ့ မြင်ရတာတခုပါ။ ကျွန်မလည်း အိပ်မက်လိုလို တကယ်လိုလို စာအုပ်စင်နားကနေ တလျှောက် သူအလုပ်တွေလုပ်၊ ပြီးရင် လာစိုက်ကြည့်လိုက်၊ များသောအားဖြင့်တော့ စာအုပ်စင်နားကပြတင်းပေါက်နားမှာပဲ တခုခုလုပ်နေသလိုလို မြင်ရပြီး..ပြန်ပြန်ထွက်သွားတာမျိုးကို ကျွန်မ နိုးတ၀က်အိပ်တ၀က်အနေအထားမှာ အမြဲမြင်နေရတယ်။ အိမ်ပြောင်းပြောင်းချင်းဆိုတော့ ကျွန်မခေါင်းထဲလည်း သရဲဆိုတာမျိုး စိတ်မရောက်သေးပါဘူးလေ၊ ဒါပေမယ့်မပြီးဘူးရှင့်၊ အိမ်ပြောင်းပြီးနောက် တပတ်လောက်ကျတော့ ထပ်အခြေအနေတွေက ဆိုးဝါးလာတယ်။
ကျွန်မတယောက်တည်းရှိတဲ့ အိမ်ကြီးထဲမှာ ကျွန်မနဲ့ဘေးကပ်ရပ်အခန်းထဲက ခလေးငိုသံတို့၊ စကားပြောသံတို့၊ အိုးခွက်အသံတွေ
အဲ့ဒါတွေလည်း ဆက်တိုက်ကြားလာရပြန်ရော၊ တခါတခါ ကျွန်မ ဘာမှမချက်ပဲလည်း ညှော်နံ့တွေတောင်ရသေးတယ်၊ မကြောက်တက်တဲ့ကျွန်မ ( မသိခင်တုန်းကပေါ့လေ ) ဘေးအခန်းကိုလူပြောင်းလာတယ်ပဲမှတ်တာ၊ ကျောင်းနဲ့အလုပ်နဲ့ကလည်း မအားဆိုတော့၊ စိတ်ထဲလည်းနောက်လူသစ်ပြောင်းလာလည်း တနေ့ကြုံမှာပဲလေဆိုပြီး အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့တယ်။ မီးဖိုဆောင် ရေချိုးခန်းက မျှသုံးရတာဆိုတော့ တနေ့နေ့တော့ကြုံပါပဲဆိုပြီး၊ဒီလိုပဲနေနေခဲ့တယ်၊ မနက်တိုင်း ကော်ဖီသောက်တက်တဲ့အကျင့်ရှိတဲ့သူဆိုတော့ ရေနွေးကရားမ၀ယ်ရသေးခင် အိုးသေးသေးလေးနဲ့မီးဖိုနဲ့ ကျိုသောက်၊ ပြီးရင်အလုပ်သွား၊ ကျောင်းသွား၊ တရက် အပြင်ကပြန်လာတာ မီးဖိုက ဖွင့်လျှက်သား ရေကခန်းပြီး အိုးတောင်မီးရဲနေတာ၊ သြော်....ငါသတိလက်လွတ်မီးဖိုဖွင့်ခဲ့မိတယ်...မီးမလောင်တာကံကောင်းပေါ့..ကိုယ့်ဘာသာကိုယ်ပဲ
မေ့ပြီးမပိတ်မိတာလို့ထင်ခဲ့တာ၊ ဒါကတရက်
နောက်တရက် ဧည့်ခန်းထဲမှာ မီးပူတိုက်တာ သေချာမီးပူခလုတ်ကို ပိတ်ခဲ့တာ၊ ကျောင်းကလည်းပြန်လာရော မီးပူကဖွင့်လျှက်ကြီး၊ အောက်ကအ၀တ်တွေအများကြီးမီးကျွမ်းရုံမကပဲ တင်ထားတဲ့စားပွဲပါ မီးကျွမ်းနေရော၊ တော်တော်ကို မီးငြိမ်းသတ်လိုက်ရတယ်၊ အိမ်ရှင်ကိုလည်း ကိုယ့်အမှားပဲထင်မိပြီး မပြောဖြစ်ခဲ့...
အဲ့တရက်ကတော့ အလုပ်နားရက်၊ နားနားနေနေလေး နေ့လည်ပိုင်း ခဏမှေးသလိုဖြစ်နေတုန်း၊ ဧည့်ခန်းထဲ စကားအကြီးအကျယ်ပြောနေသံကြားတော့..သြော် အခန်းဖော်တွေပဲ ထွက်တွေ့ မိတ်ဆက်ဦးမှပဲဆိုပြီး..အောက်ဆင်းကြည့်တာ..တယောက်မှလည်းမတွေ့ ..စကားသံလည်းတိတ်ဆိတ်၊ အဲဒါနဲ့ ဇဝေဇ၀ါ အခန်းထဲပြန်လာတော့ ပြန်ကြားပြန်ရော၊ ဒါနဲ့ ကျန်တဲ့ အခန်းနှစ်ခန်းကို တံခါးလိုက်ခေါက်တာ၊ အထဲကဘာမှလည်း ပြန်မထူးတော့၊ ထားလိုက်ပါလေ သူတို့ဘာသာဆူတာပဲဆိုပြီး ကျွန်မလည်း ဒီလိုပဲနေလိုက်တာ...ညရောက်မှ အကြီးအကျယ်ကိုဖြစ်တော့တာ၊ အောက်ထပ်မှာ ရန်အကြီးအကျယ်သတ်နေသံတွေကြားတာ၊ အိပ်လို့ကလည်း ဘယ်လိုမှ မရ၊ သွားတော့ပြောမှပဲဆိုပြီးဆင်းတာရှင် ဘယ်သူ့မှလည်းမတွေ ၊ ဒါနဲ့ ဘေးအိမ်ကိုသွားကြည့်ပြန်တော့ သူတို့အိမ်ကရန်ဖြစ်တာလည်းမဟုတ်ဘူးတဲ့လေ။ ဒါနဲ့ အိမ်ရှင်အဘွားကြီးဆီကို ဖုန်းဆက်မေးတော့ အိမ်မှာ ကျွန်မကလွဲလို့ တခြားအိမ်ငှားမရှိသေးဘူးတဲ့၊ ဆံပင်မွှေးတွေ ထောင်တက်သွားသလိုပဲ ကျွန်မခံစားလိုက်ရတယ်။
"ဒါဆို ငါကြားကြားနေတဲ့ ခလေးငိုသံတွေ၊ ချက်ပြုတ်ကြော်လှော်အိုးခွက်သံတွေ၊ ရန်ဖြစ်သံ၊ စကားပြောသံတွေ....ဒါတွေဒါတွေ..ဘယ်ကလည်းလို့ပေါ့
ဒါနဲ့ အိမ်ထဲမှာ မနေရဲတော့ဘဲ ဘေးအိမ်က ပိုလန်နိုင်ငံသားမိသားစုကို အကျိုးအကြောင်းပြောပြမေးမြန်းကြည့်မှ ကျွန်မဈေးသက်သက်သာသာရလို့ ငှားနေမိတဲ့အိမ်ကြီးရဲ့ အဖြစ်ဆိုးကြီးကို သိလိုက်ရတယ်"
အဘွားကြီးရဲ့အရင်အိမ်ငှားတွေ စုံတွဲနှစ်တွဲ၊ တတွဲက ခလေးလေးမွေးထားတယ် အပေါ်ထပ်မှာနေတယ်၊ နောက်တတွဲကအောက်ထပ်မှာနေတယ် အရမ်းရန်ဖြစ်တဲ့လင်မယားတဲ့လေ၊ နောက်တယောက်ကတော့ ကျွန်မအခုနေနေတဲ့အခန်းမှာနေတဲ့ တက္ကသိုလ်ကျောင်းသူလေး၊ တရက် ဟင်းအိုးကနေစပြီး မီးလောင်တယ်၊ တယောက်မကျန်သေတယ်၊ အိမ်ကသေးတော့ပြေးမလွတ်တာလား၊ ညဘက်မို့အသက်ရှူကျပ်သေကြတာလားမသိ၊ ခြောက်ယောက်လုံးသေသွားကြတယ်တဲ့၊ ကျွန်မအခန်းက ကောင်မလေးက ကျွန်မစာကြည့်စားပွဲထားတဲ့ ပြတင်းပေါက်ကနေခုန်ချဖို့လုပ်သေးတယ်၊နောက်ဆုံးမီးခိုးမွှန်ပြီး အဲ့နားမှာပဲသေသွားတယ်၊ အဲ့ဒါကို အိမ်ရှင်အဘွားကြီးက ပြန်ပြုပြင်ပြီး ဘယ်သူမှ ငှားမနေရဲတဲ့အိမ်ကို ကျွန်မကို ငှားလိုက်တာ၊ သူတို့ဘာသာဝင်အကြောင်းသိတွေတောင် ဘယ်သူမှမနေရဲ၊ ကျွန်မကိုလည်း မီးလောင်ဖူးတယ်ဆိုတာလောက်ပဲပြောပြပြီး၊ လူသေတယ်တွေဘာတွေမပြောခဲ့တော့ ကျွန်မလည်းငှားနေခဲ့တာပေါ့၊ လန်ဒန်မှာလည်း အသိမရှိ အလုပ်နဲ့လည်းနီးဈေးလည်းသက်သာတယ်ဆိုပြီးငှားလိုက်တာ၊ ညတွင်းချင်း အဲ့အကြောင်းတွေ သိသိပြီးပဲ တခြားရပ်ကွက်မှာရှိတဲ့ ညီမတွေဆီပြောင်းပြေးရတော့တာပဲ၊ ညီမတွေကိုအကျိုးအကြောင်းပြောပြတာ သူတို့ပါတညလုံးအိပ်မပျော်ဘူးအကုန်လုံးကို ဒုက္ခရောက်ခဲ့ကြရတာ၊ အိမ်ရှင်ကတော့ စရံတပတ်စာရယ်၊ နေခဲ့တဲ့တလထဲက နှစ်ပတ်စာရယ် ပေါင်းသုံးပတ်စာသူရလိုက်တာပေါ့၊
အကြီးအကျယ်ကို ထိတ်လန့်ခဲ့ရတဲ့ ထိုအိမ်ကြီးကို ခုချိန်ထိ မမေ့နိုင်သေးပါ။
Credit : သိုက်နန်းရှင်
ဆောက်သ်ဟောလ်မှာ အိန္ဒိယမှ ပန်ချာဘီလူမျိုး အမြောက်အများနေထိုင်ကြသည်။
No comments:
Post a Comment