♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 24, 2014

ကမ္ဘာအေးဘုရားလမ်းပေါ်၌ ဓာတ်တိုင်ကို ယာဉ်တိုက်မှုဖြစ်ပွား၊ ယာဉ်တိုက်မှုကြောင့် လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်


ရန်ကုန် ဒီဇင်ဘာ ၂၃

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်း (၈)ရပ်ကွက် စာတိုက်မှတ်တိုင် အနီးတွင် လှိုင် သာယာအဝေးပြေးမှ စံပြဈေးသို့ ပြေးဆွဲနေသော ခရီးသည်တင်ယာဉ် အမှတ်(၇၉) ဒိုင်နာ 2B/---- သည် ကမ္ဘာအေး ဘုရားလမ်းအတိုင်း လှိုင် သာယာဘက်မှ စံပြဈေးဘက်သို့ ခရီး သည်များဖြင့် မောင်းလာရာ ယနေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် ဓာတ်တိုင်ကို အရှိန်ပြင်းစွာ ဝင်တိုက် မိ၍ ဓာတ်တိုင်များထက်ပိုင်းကျိုး ပြတ်သွားပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ၃၃ ကေဗွီ ဂမုန်းပွင့်ဓာတ်အားလိုင်း၊ ၆ ဒသမ ၆ ကေဗွီ ကျောက်မျက်ဓာတ် တိုင်များ ကျိုးကျပျက်စီးခဲ့ပြီး ဓာတ် ကြိုးလိုင်းခန်း ခုနစ်ခန်း တိုင်ပေါ်မှ ပြုတ်ကျ၍ အဆိုပါဓာတ်တိုင်များရှိ မီးလုံးများအပါအဝင် လျှပ်စစ်ပိုင်း ဆိုင်ရာပစ္စည်းများ လုံးဝပျက်စီးသွား ခဲ့သည်။ ယင်းယာဉ်တိုက်မှုကြောင့် ၃၃ ကေဗွီ
ဓာတ်တိုင်မှာ ကမ္ဘာအေးဘုရား လမ်းပေါ်သို့ ကျိုးကျပြီး အဆိုပါ လမ်း တွင် သွားနေသော ဆလွန်းကားတစ်စီး ပေါ်သို ပိကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ် ခဲ့သည်။ အဆိုပါဓာတ်တိုင်ကို လျှပ် စစ်ဝန်ထမ်းများက ပူးပေါင်းရှင်းလင်း ခဲ့ရာ နံနက် ၁၁ နာရီခွဲတွင် ရှင်းလင်း နိုင်ခဲ့သည်။

''ဒီယာဉ်တိုက်မှုကြောင့် ဓာတ် တိုင်နှစ်တိုင် ထက်ပိုင်းကျိုးပြီး လဲခဲ့ရ ပါတယ်။ ပြီးတော့ ဒီဓာတ်တိုင်မှာရှိ တဲ့ မီးသီးကအစ လျှပ်စစ်ပိုင်းဆိုင်ရာ တွေ ပြန်လည်ပြီး ဓာတ်အားအမြန် ရရှိရေး ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ မရမ်းကုန်း မြို့နယ်လျှပ်စစ်ရုံးအဖွဲ့အင်အား ၄ဝ ကျော်နဲ့ ဆောင်ရွက်နေပါတယ်။ ဒီည ၆ နာရီ ၄၂ မိနစ်မှာပဲ အဆိုပါကျိုးကျ သွားတဲ့ ဓာတ်တိုင်တွေကို လဲလှယ် တပ်ဆင်ခဲ့ပြီး လျှပ်စစ်ပြန်လည်လွှတ် ပေးနိုင်ခဲ့ပါတယ်'' ဟု ရန်ကုန်မြို့ တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှ ဦးအောင်ကျော်မိုး(လက်ထောက် ညွှန်ကြားရေးမှူး)က မြန်မာ့အလင်း သို့ ပြောကြားသည်။

အဆိုပါ ဒိုင်နာယာဉ်တိုက်မှု ကြောင့် ခရီးသည်သုံးဦး ဒဏ်ရာရရှိခဲ့ ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွား ကြောင်း သိရသည်။

သတင်း-မောင်စိန်လွင်(မြန်မာ့အလင်း)
Myanmaalinn
       မောင်စိုး

No comments:

Subscribe

လာလည်သူများ

free counters