♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 24, 2014

"ငါးခြောက် ထောင်းကြော်"


Chaw Su's Food Friends's photo.
***... ငါးခြောက်ထောင်းကြော်အတွက် လိုအပ်တာလေးတွေ…

1. အရိုးနည်းသော ငါးခြောက် – ၂၅ ကျပ်သား (385 g)ခန့်
2. နနွင်းမှုန့် – လက်ဖက်ရည် ဇွန်းတစ်ဝက်
3. ပါးပါးလှီးထားသော ကြက်သွန်နီ – 2 cups (500 ml)ခန့်
4. ပါးပါးသေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၂ ဇွန်းခန့်
5. ငရုတ်သီးခြောက် အကြမ်းမှုန့် – ထမင်းစားဇွန်း ၂ ဇွန်ခန့်

ဆေးထားသော ငါးခြောက်၊ ရေ နှင့် နနွင်းမှုန့် ကို အိုးထဲထည့်ပြီး ငါးခြောက်နူးအောင် ပြုတ်ပါ။ (ရေခမ်းပြုတ်တာဖြစ်၍ ရေအများကြီးမထည့်ရပါ။)

အသားနူးလျှင် အအေးခံပြီး အရေခွံ နှင့် အရိုးများကိုဖယ်ထုတ်ကာ အသားကိုမွအောင်ထောင်းထားပါ။

ပါးပါးလှီးထားသော ကြက်သွန်နီများကို ဆီအေးထဲထည့်ကာ medium heat ဖြင့် မွှေကြော်ပါ။

ကြက်သွန်ဖတ်များ ဝါညိုရောင်သန်းလာသည်နှင့် ဆီအိုးကို မီးဖိုမှ ချက်ချင်းဖယ်ပြီး အနည်းငယ်ဆက်မွှေပေးပါ။

ပြီးလျှင် ဇကာခုံးထဲထည့်ကာ ဆီစစ်ပြီး အအေးခံထားပါ။
အအေးခံထားစဉ် ကြက်သွန်ဖတ်များကို အနည်းငယ်ဖွပြီး ဖြန့်ပေးပါ။

ဒယ်အိုးထဲမှ ဆီကို medium heat ဖြင့် ပြန်အပူပေးကာ၊ ပူလာလျှင် ထောင်းထားသော ငါးခြောက် နှင့် ကြက်သွန်ဖြူထည့်ကာ မွှေကြော်ပါ။

ကြက်သွန်ဖြူဖတ်များရွှေဝါရောင်သန်းကာ ငါးခြောက်ဖတ်လေးများမွလာလျှင် low heat သို့လျှော့ပြီး ငရုတ်သီးခြောက် အကြမ်းမှုန့် ထည့်ကာ ၅ မိနစ်ခန့်ဆက်မွှေကြော်ပေးပါ။

ပြီးလျှင် ဇကာခုံးထဲထည့်ကာ ဆီစစ်ပြီး အအေးခံထားပါ။

အားလုံးအေးသွားလျှင် ကြက်သွန်နီကြော် နှင့် ငါးခြောက်ကြော်လေးများ အား ရောကာ ငါးခြောက်ထောင်းကြော်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Chaw Su's Food Friends's photo.
Chaw Su's Food Friends's photo.







 
 
Credit :
Chaw Su's Food Friends


Chaw Su's Food Friends's photo.


No comments:

Subscribe

လာလည်သူများ

free counters