♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 19, 2016

" သင့်ချစ်သူကို "I Love You" ဆိုတဲ့စကားထက် ဒီလိုစကားတွေ ပြောဆိုပေးသင့် "

 

"I love you" ဒီစကားလုံးတွေက အထူးသဖြင့် နှစ်ရှည်လများ သမီးရည်းစား ဘဝဖြတ်သန်းပြီးသည့် စုံတွဲတွေအတွက် ရိုးအီလာပါတယ်။ ချစ်သူစုံတွဲတွေ အချင်းချင်းတွေ့ဆုံကြတိုင်း ဒီစကားကိုသာ ထပ်ခါထပ်ခါ ပြောဆိုကြပြီး ဖုန်းပြောလည်း ဒီစကားနဲ့ စကားသိမ်းနှုတ်ဆက်ကြပါတယ်။ ဒါပေမယ့် ချစ်သူဘဝရောက်သွားကြတဲ့အခါ ချစ်သူစုံတွဲတွေ သူတို့ခံစားချက်တွေကို အသိပေးရမှာ ဖြစ်ပါတယ်။ ချစ်တယ်ဆိုရုံလေးနဲ့ မလုံလောက်ပါဘူး။

တချို့အသုံးအနှုန်းနဲ့ ကြင်နာစကားလုံးလေးတွေက နှလုံးသားကို နွေးထွေးမှုအပြည့် ရစေပါတယ်။

၁။ နင့်ကြောင့် ဂုဏ်ယူမိတယ်

ဒီစကားက သူ သင့်ကို ပိုချစ်စေရုံမက ချစ်သူဘဝမှာ အချစ်နဲ့ ယုံကြည်မှုကို ပိုခိုင်မြဲသွားအောင် လုပ်ရာကျပါတယ်။

၂။ သိပ်လှတာပဲ/ အရမ်းခန့်တယ်နော်

ကျွန်ုပ်တို့ အခုပြောနေတဲ့ အလှအပဆိုတာ ရုပ်အသွင်အပြင် မဟုတ်ပါဘူး။ စိတ်ခံစားချက်နဲ့ ဒီလူဟာ ဘယ်လိုလှကြောင်းနဲ့ ချွတ်ယွင်းချက်တွေအစား သင် သူ/သူမကို ဘယ်လောက်ချစ်ကြောင်း ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ ဘယ်သူမပြည့်စုံကြပါဘူး။ အချစ်စစ်ကို ပြသပါ။ ပင်ပင်ပန်းပန်း အားထုတ်စရာမလိုဘဲ ဒီရိုးရှင်းတဲ့စကားတွေက ပိုမိုနီးစပ်မှု ဖြစ်စေပါလိမ့်မယ်။

၃။ ဝမ်းနည်းပါတယ် (သို့) ခွင့်လွှတ်တယ်

ရန်ဖြစ်ခြင်း ဒါမှမဟုတ် အမှားတွေအတွက် ဝမ်းနည်းပါတယ်/ ခွင့်လွှတ်ပါတယ် ပြောလိုက်တဲ့အခါ ကိုယ်ကိုယ်တိုင်အပြင်
ချစ်သူစုံတွဲဆက်ဆံရေးကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။ ဒီစကားတွေက စွဲလမ်းစိတ်ကို ပြန်အသက်သွင်းပေးပါတယ်။

၎။ မစိုးရိမ်နဲ့နော်… နင့်ဘက်မှာ ငါရှိတယ်

အဲဒီလို ပြောလိုက်တဲ့အခါ အိမ်မက်တွေနဲ့ မျှော်လင့်ချက်တွေ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး သူ့ကို စိတ်ပျော်ရွှင်မှုရစေပြီး ဝမ်းနည်းမှုတွေ ဘေးဖယ်ကာ ချစ်သံယောဇဉ်တွေ ပိုမိုခိုင်မြဲစေပါလိမ့်မယ်။

၅။ ငါ နင့်ကို ဘယ်တော့မှ ပစ်မထားဘူး

ဒီစကားက သူ/ သူမကို ထူးထူးကဲကဲ ခံစားစေပါလိမ့်မယ်။ I love you ကဲ့သို့ပဲ ဒီစကားတွေက သင့်လက်တွဲဖော်ကို ဂရုစိုက်မှုနဲ့ ချစ်ခင်မှုတွေ ရရှိခံစားစေပါလိမ့်မယ်။

၆။ မင်းအတွက် စွန့်လွှတ်အနစ်နာခံဖို့ အသင့်ပါ

ကိုယ်ကျိုးမငဲ့ခြင်း၊ အကြွင်းမဲ့ပေးဆပ်ခြင်းတို့က ပျော်အောင်နေဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သင် ဒီစကားတွေ ပြောတဲ့အခါ သင် သူ/သူမကို ဘယ်လောက်ချစ်လဲဆိုတာ သိနားလည်စေပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar

No comments:

Subscribe

လာလည်သူများ

free counters