♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 28, 2016

" အရိုးကျည်းပေါင်းကို ကာကွယ်ပေးနိုင်တဲ့ ပေါက်ပွင့် "

 
 ပေါက်ပွင့်ကို စားပေးလျှင် အရိုးကျည်းပေါင်းဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။ Sesbania grandiflora လို့ခေါ်တဲ့ ပေါက်ပန်းမှာ ပါဝင်ထားတဲ့ ဓါတ်တစ်မျိုးဟာ အရိုးကျည်းပေါင်း ဖြစ်စေနိုင်တဲ့ ဆဲလ်များကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ပေါက်ပန်းမှာ အဖြူရောင်နဲ့ အနီရောင် ရှိပါတယ်။ ၂မျိုးစလုံး ဆေးဖက်ဝင်ပါတယ်။ သဘာဝအတိုင်း အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး ဈေးထဲမှာလည်း အလွယ်တကူ ၀ယ်ယူနိုင်ပါတယ်။ ပေါက်ပန်း၏ ကျန်းမာရေးအတွက် အကျိုးပြုပုံများ၊ ဆေးဖက်ဝင်ပုံများကိုလည်း မကြာခဏ ဖတ်ရှုလေ့လာရပါတယ်။

ဒါ့ကြောင့် ဈေးလည်းမကြီး၊ အလွယ်တကူလည်း ရနိုင်တဲ့ ပေါက်ပွင့်ကို မကြာခဏ ပြုတ်၍ တို့စရာမဖြစ် စားပေးခြင်း၊ အသား၊ ငါးတို့နဲ့ ဟင်းချက်စားခြင်း၊ ပြုတ်၍ သုပ်စားခြင်းတို့ ပြုလုပ်ပေးပြီး အရိုးကျည်းပေါင်းရောဂါကို
ကာကွယ်နိုင်ကြပါစေကြောင်း ကျနော်စောနွဲ့ နေဆိုင်မှ ရေးသားမျှဝေပေးလိုက်ပါတယ်။

လူသားအာလုံး ရောဂါကင်းရှင်း၍ ကျန်းမာချမ်းသာကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား – ဆေးဖက်ဝင်အပင်များ
Credit : http://www.searchmyanmar.com/link/comment/cid/58952/domain/lyhealthcare.com

No comments:

Subscribe

လာလည်သူများ

free counters