♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 28, 2016

" ကင်းပုံခါးနဲ့ နွားနို့ချက် "

ကင်းပုံခါးနဲ့ နွားနို့ချက်1

 

ပါဝင်ပစ္စည်းများ

  • ကင်းပုံခါးသီး ၃၅ လုံး ( ကျည်ပွေ့ဖြင့် ကြေမသွားစေရန် ခပ်ဖွဖွ ထုပြီး ဆားဖြင့် သေချာ နယ်ပြီး ရေစင်အောင်ဆေး ၊ ရေစစ်ထားပါ )
  • နွားနို့ ၃ လီတာ
  • ကြက်သွန်နီ ၅ လုံး (အတုံးသေးလေးများ တုံးထားပါ)
  • ငရုတ်ကြမ်းမှုန့် ၃ ဇွန်း
  • နနွင်း အနည်းငယ်
  • ဆီ ၅ ကျပ်သား
  • ဆား ၁ ဇွန်း (ဟင်းစားဇွန်း)

ပြုလုပ်နည်း

  1. နွားနို့များကို အရင်ဆုံး သုံးပုံ တစ်ပုံလောက် ခမ်းသွားအောင်ကြိုထားပါ ။
  2. ခမ်းသွားပြီဆိုလျှင် ဆီ ၊ ဆား ၊ နနွင်းမှုန့် ၊ ငရုတ်ကြမ်း ၊ ကြက်သွန်နီထည့် တည်ထားပါ ။
  3. ၁၀ မိနစ်လောက် တည်ထားပြီး ကင်းပုံသီး အခါးများ ထည့်ပါ ။ မီးမပြင်းရ ။
  4. ခဏခဏ မမွှေပဲ အိုး မကပ်စေရန်သာ မကြာမကြာ ကြည့်ပြီး အသာလေး မွှေပေးပါ ။
  5. နို့ရည်များ ခမ်းပြီး ထွေးလာလျှင် ကင်းပုံသီးလေးများလည်း အိလာပါပြီ ။ အပေါ့အငံ စိတ်ကြိုက် ပြင်ပြီး စားလို့ ရပါပြီ ။
  6. အရမ်း မခါးပဲ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိလှတဲ့ ဟင်းလေး တစ်ခွက် ရပါပြီရှင် ။
Credit : Soe's Cooking Collection

No comments:

Subscribe

လာလည်သူများ

free counters