♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 28, 2016

" ဂျပန်တွင် ဓားဖြင့် အစုလိုက် အပြုံလိုက် သတ်ခဲ့သူက သတင်းကင်မရာများဘက်သို့ လှည့်၍ ပြုံးဖြီးဖြီး လုပ်ပြခဲ့ "


စိတ်မကျန်းမာသူများ စောင့်ရှောက်ရေး ဂေဟာမှ လူ ၁၉ ဦးကို သတ်ခဲ့သည်ဟု ၀န်ခံခဲ့သော ဂျပန်အမျိုးသားသည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံထဲ၌ ဖြစ်ပွားခဲ့သည့် အဆိုးရွားဆုံး လူသတ်မှုကြီးနှင့် ပတ်သက်၍ မေးမြန်းခြင်း မခံရမီ ဇူလိုင် ၂၇ ရက်က သတင်းကင်မရာများဘက်သို့ လှည့်၍ ပြုံးဖြီးပြခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ် ဆာတိုရှီအူမတ်ဆု အမည်ရသည့် ထိုအမျိုးသားသည် ဇူလိုင် ၂၆ ရက်က ဆာဂါမီဟာရာမြို့ရှိ Tsukui Yamayuri-en ဂေဟာထဲသို့ ၀င်၍ ဓားဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ရဲစခန်းသို့ သွား၍ အဖမ်းခံခဲ့ပြီး “မသန်စွမ်းသူ အားလုံး ပျောက်ကွယ်သွားသင့်သည်” ဟုလည်း ပြောကြားခဲ့သည်။

အူမတ်ဆုကို ရဲစခန်းထဲမှ လုံခြုံရေးများက ခြံရံပြီး ဗင်ကားထဲသို့ ခေါ်ဆောင်လာစဉ် ဦးခေါင်းကို အပြာရောင် အပေါ်အင်္ကျီဖြင့် အုပ်ထားခဲ့သည်။ ဗင်ကားထဲသို့ ရောက်ချိန်တွင် အူမတ်ဆုသည် ဖုံးကွယ်ထားသည့် အင်္ကျီကို ဖယ်လိုက်ပြီး အပြင်၌ စောင့်ဆိုင်းနေကြသည့် မီဒီယာများကို ပြုံးဖြီးပြခဲ့ခြင်း ဖြစ်သည်။

စောင့်ရှောက်ရေးဂေဟာရှိသည့် မြို့၌ပင်ရှိသော အူမတ်ဆုနေထိုင်ရာ နှစ်ထပ်အိမ်ကို အရပ်ဝတ်ရဲများက ၀င်ရောက် ရှာဖွေခဲ့ကြသည်ဟု သိရသည်။ အူမတ်ဆုက ချစ်ခင်ရသူများကို ရုတ်တရက် ဆုံးရှုံးခဲ့ရသည့် အသတ်ခံရသူတို့၏ ကျန်ရစ်သူ
မိသားစုများကို တောင်းပန်လိုကြောင်း ရဲတပ်ဖွဲ့သို့ ပြောခဲ့သော်လည်း ၎င်း၏ လုပ်ရပ်မှာ မှန်ကန်သည်ဟု ယူဆနေဆဲဖြစ်သည်။ “ချွတ်ယွင်းမှု များစွာ ရှိနေတဲ့ သူတွေကို ကျွန်တော်က ကယ်တင်ခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုဂေဟာတွင် အလုပ်လုပ်ခဲ့သည့် အူမတ်ဆုက ဂေဟာထဲရှိ မသန်စွမ်းများကို သတ်လိုသည်ဟု ဖေဖော်ဝါရီလက လုပ်ဖော်ကိုင်ဖက်များကို ပြောကြားခဲ့ပြီးနောက် အတင်းအကျပ် ဆေးရုံတင်ခံခဲ့ရပြီး အလုပ်မှ ထွက်ခဲ့ရသည်။ သို့သော်လည်း ဆရာဝန်က ၎င်းသည် အန္တရာယ်မရှိဟု ယူဆပြီး ၁၂ ရက်အကြာတွင် ဆေးရုံမှ ဆင်းခွင့်ပေးလိုက်သည်။ ယင်းဖြစ်စဉ် မတိုင်မီကလည်း အူမတ်ဆုသည် မသန်စွမ်း ရာပေါင်းများစွာကို သတ်ရန် ကြံစည်ထားပြီး Tsukui Yama-yuri-en ဂေဟာအပါအ၀င် အခြားဂေဟာများကို ညအချိန်တွင် ၀င်ရောက်တိုက်ခိုက်ရန် အစီအစဉ်များ ရေးသားပြီး အောက်လွှတ်တော် ဥက္ကဋ္ဌထံသို့ စာပို့ခဲ့ဖူးသည်ဟု သိရသည်။ ထိုစာထဲတွင် အူမတ်ဆုက မသန်စွမ်းများသည် မပျော်ရွှင်မှုများကိုသာ ဖန်တီးပေးသည့်အတွက် မိသားစုများ၏ အတည်ပြုချက်ကို ယူပြီး ၎င်းတို့ကို ညင်သာစွာ ဇီဝိန်ချွေပေးသင့်သည်ဟူသည့် အမြင်ကို ရေးသားဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံ၏ ထိပ်တန်းသတင်းစာ တစ်စောင်ဖြစ်သော ယိုမီယူရီရှင်ဘွန်းက ယခုဖြစ်စဉ်သည် တုန်လှုပ်စရာကောင်းပြီး အူမတ်ဆုကို စိတ်ရောဂါကုဆေးရုံမှ ဆင်းခွင့်ပေးလိုက်သည့် ဆုံးဖြတ်ချက်အပေါ် စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားသည်။

Credit: eleven media

Credit : http://www.searchmyanmar.com/link/comment/cid/58954/domain/news-eleven.com

No comments:

Subscribe

လာလည်သူများ

free counters