♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 18, 2016

" အမျိုးသမီးတွေကို ရင်သားထွားစေပြီး အမျိုးသားတွေကို အားတိုးစေတဲ့ ပဲနံ့သာရွက် "



ကိုယ့်ရဲ့ရင်သားအရွယ်အစားဟာ ဘ၀တစ်လျှောက်မှာ အပြောင်းအလဲတွေ ရှိနိုင်ပါတယ် - ကိုယ်ဝန်ဆောင်စဉ်ကာလတွေမှာ ပြောင်းလဲတာမျိုးဖြစ်ပါတယ်။ တစ်ချို့အမျိုးသမီးတွေဆိုရင် ရာသီလာနေချိန်မျိုးမှာ အရွယ်အစားပြောင်းလဲတာမျိုး ရှိတတ်ပါတယ်။ ရင်သားအရွယ်အစားကို ဖွံ့ဖြိုးကြီးထွားအောင် လုပ်နိုင်မယ့်နည်းလမ်းတွေကို အင်တာနက်မှာလည်း ရှာဖွေတွေ့ရှိ

နိုင်ပါတယ်။ သဘာဝသစ်ဥသစ်ဖုတွေဖြစ်တဲ့ သင်္ဘောသီး၊ ပဲနံ့သာရွက် စတာတွေဟာလည်း ရင်သားကြီးထွားလာစေဖို့ အသုံးပြုနိုင်တဲ့ ဆေးဝါးတွေဖြစ်ပါတယ်။

ပဲနံ့သာရွက်မှာ Estrogen ဟော်မုန်းဖြစ်ပေါ်းစေတဲ့ Diosgenin ဓါတ်တွေပါဝင်တာကြောင့် ရင်သားကို ပိုမိုဖွံ့ထွားလာအောင် အကူအညီပေးနိုင်ပါတယ်။ ရင်သားဆဲလ်အသစ်တွေ ကြီးထွားလာစေဖို့ တိုးမြှင့်ဆောင်ရွက်ပေးတာကြောင့် ရင်သားရဲ့ အရွယ်အစားတင်ရင်းလှပ စေပါတယ်။

ပဲနံ့သာရွက်ကို အမျိုးသမီးတွေအတွက် အလှအပရေးရာမှာ အသုံးပြုနိုင်သလို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအားကောင်းစေခြင်း၊ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်းနဲ့ တွေးတောဆင်ခြင်ခြင်းဆိုင်ရာအတွက် အထောက်အကူဖြစ်စေတဲ့ Choline ဓါတ်တွေပါဝင်တာကြောင့် အမျိုးသားတွေအတွက်လည်း သင့်လျော်တဲ့
သဘာဝဆေးနည်းတစ်လက်ဖြစ်ပါတယ်။

အသက် ၄၀ နဲ့အထက် အမျိုးအသားတွေမှာ ကြုံရလေ့ရှိတဲ့ ပန်းသေပန်းညိုးရောဂါတွေ အတွက်လည်း ဖြည်းဖြည်းချင်းကုသနိုင်တဲ့ သဘာဝကုထုံးနည်းပဲဖြစ်ပါတယ်။ ပဲနံ့သာရွက်မှာပါတဲ့ saponins နဲ့ sapogenins ဓါတ်တွေဟာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး တင်းရင်းရှည်ကြာမှုကို ပိုမိုထိန်းပေးထားနိုင်ဖို့ အကူအညီဖြစ်စေတာကြောင့် အမျိုးသားများအတွက်လည်း သင့်လျော်အသုံးတဲ့မှာဖြစ်ပါတယ်။



( Michelle )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : HealtyRecipesHome
Credit : http://health.thithtoolwin.com/2016/06/blog-post_15.html

No comments:

Subscribe

လာလည်သူများ

free counters