
ဘယ်လ်ဂျီယံ နိုင်ငံသူ/သားများအနေဖြင့် တစ်ကိုယ်ရေလွတ်လပ်ခွင့်ကို ကာကွယ်ရန်အတွက် Facebook Reactions feature ကို အသုံးမပြုရန် ရဲအဖွဲ့က သတိပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက Facebook သည် post တစ်ခုအပေါ်တုံ့ပြန်နိုင်မည့် Like ခလုတ်အပါအဝင် နည်းလမ်းခြောက်ခုကို မိတ်ဆက်ခဲ့သည်။ ၎င်း feature သည် လူအများစု တောင်းဆိုနေသည့် “Dislike” ခလုတ်နှင့်မတူဘဲ post များနှင့်ပတ်သက်၍ လူများ၏ စိတ်ခံစားချက်ကို ဝေမျှနိုင်သည်။
Facebook သည် လူများနှင့်ပတ်သက်သည့် အချက်အလက်များကိုရယူရန် ၎င်းတို့ကိုအသုံးချနေပြီး လူများအပေါ်တွင် မည်သို့သော နည်းလမ်းဖြင့် အကောင်းဆုံး ကြော်ငြာသွားရန် ဆုံးဖြတ်လျက်ရှိကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထို့ကြောင့် လူများအနေဖြင့် တစ်ကိုယ်ရေလုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ခလုတ်များကိုနှိပ်ခြင်းမှ ရှောင်ကြဉ်ကြရန် သတိပေးထားသည်။
“ဒီ icon တွေက ခံစားချက်တွေကို ဖော်ပြရုံတင်မဟုတ်ဘဲ ခင်ဗျားရဲ့ profile မှာ Faceboook က ကြော်ငြာတွေထိရောက်အောင် ဖော်ပြနိုင်ဖို့လည်း ကူညီပေးနေပါတယ်” ဟု ဘယ်လ်ဂျီယံ၏ တရားဝင်ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Facebook သည် လူများ စိတ်ကောင်းဝင်နေသည့်အချိန်ကို သိရှိနိုင်ရန် အဆိုပါ tool ကိုအသုံးပြုကာ မည်သည့်အချိန်တွင် ကြော်ငြာများ ပြသင့်ကြောင်းကို ဆုံးဖြတ်ကြောင်း ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖော်ပြထားသည်။
“icon အရေအတွက်ကို ခြောက်ခုကန့်သတ်ထားပါတယ်။ Facebook ဟာ ခင်ဗျားကိုယ်တိုင်က အလွယ်တကူဖော်ပြတဲ့
အတွေးတွေကို သေချာသိနိုင်ပါတယ်။ ဒါကြောင့် နောက်ကွယ်က algorithms က ထိရောက်အောင် ဆောင်ရွက်နိုင်တာပါ။ ခင်ဗျားက mouse ကို click ပြုလုပ်လိုက်ရုံနဲ့ သူတို့က ခင်ဗျားဘာကြောင့် ပျော်တယ်ဆိုတာ သိပါတယ်။ ဒီလိုနည်းနဲ့ Facebook က ခင်ဗျားရဲ့ profile ပေါ်မှာ ပြီးပြည့်စုံတဲ့ တည်နေရာကို ရှာဖွေနေပါတယ်။ ခင်ဗျားရှိနေတဲ့အချိန်မှာ စိတ်ဝင်စားမှုကို နှိုးဆွပေးမယ့် content တွေကိုလည်း ပြသမှာပါ။ တကယ်လို့ ခင်ဗျားက စိတ်ထားကောင်းနေတဲ့အချိန်မှာဆိုရင် Facebook က ခင်ဗျားရဲ့ react လုပ်တာကို ပိုမြင်တွေ့ရဖို့ အခွင့်အလမ်းများတဲ့ အကြောင်းကို ကြော်ငြာရှင်တွေကို ရှင်းပြပြီး ကြော်ငြာတွေကို ရောင်းနိုင်မှာပါ” ဟု ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
Facebook ၏ Reactions tool သည် ကြော်ငြာရှင်များအတွက် အထောက်အပံ့ ဖြစ်ကြောင်း လူများက ထောက်ပြပြောဆိုခဲ့ကြသည်။ လူများကို ခက်ခဲရှုပ်ထွေးစေသည့် နည်းလမ်းများဖြင့် react ပြုလုပ်ခွင့်ပေးသည့် နည်းလမ်းတစ်ခုသာဖြစ်ကြောင်း tool ကိုမိတ်ဆက်ခဲ့စဉ် Facebook က ပြောကြားခဲ့သည်။ သို့ရာတွင် လူများမည်ကဲ့သို့ ခံစားရကြောင်းနှင့်ပတ်သက်သည့် အဖိုးတန် အချက်အလက်များကို Facebook သို့ ထောက်ပံ့ပြီးသား ဖြစ်နေသည်။ ထို့အပြင် လူများအနေဖြင့် Facebook တွင် အရေးပါမှု နည်းပါးလာခြင်းကို စိုးရိမ်ကာ post များကို တုံ့ပြန်လာမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ feature ထွက်ရှိပြီး မကြာမီတွင် သုံးစွဲသူက post တစ်ခုကိုစိတ်ဆိုးသည့် ပုံစံတုံ့ပြန်ပါက အလားတူ post များ ထပ်မံမြင်တွေ့ရမည် ဖြစ်ကြောင်း Facebook က အတည်ပြုခဲ့သည်။
Ref: Independent
စိုးထက် - Internet Journal
Credit : http://www.lwinpyin.com/2016/06/facebook-reactions.html
No comments:
Post a Comment