♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 17, 2016

" ယောကျာ်းလေးတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ဒီလိုနည်းလမ်းတွေနဲ့ ယူလို့ရ "

 
၁ - ယုံကြည်မှု

 သင့်ဆံပင်ပုံစံက မမိုက်ဘူးထင်ရင် ပြောင်းပါ။ သင်ဒီဇိုင်းကို မကြိုက်ဘူးဆိုရင် ပြောင်းပါ။ ဘယ်သူမှ သင့်ကို သဘောမကျခင် ကိုယ်ကိုယ်တိုင် သဘောကျနေဖို့ အရေးကြီးပါတယ်။

၂ - အဝတ်အစား

ရင်သားတွေ၊ ခြေတံတွေကို ပြတဲ့ အဝတ်အစားထက် လည်ပင်းနဲ့ ပခုံးသားအလှကို ပြတဲ့ အဝတ်အစားတွေက ယောကျာ်းတစ်ယောက်ကို ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ အရေးကြီးဆုံးက သင့်လမ်းလျှောက်ပုံကို ပြမယ့် ဖိနပ်ဖြစ်ပါတယ်။ သက်သောင့်သက်သာ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ ဖိနပ်ကိုပဲ ဝတ်ပါ။

၃ - ဆံပင်

ဆံပင်က အရေးကြီးပါတယ်။ သင့်ဆံပင်ပုံစံဟာ သင်နဲ့ လိုက်ဖက်ရဲ့လား စဉ်းစားပါ။ သင်ကိုယ်တိုင် ကျေနပ်မှု မရှိဘူးဆိုရင်တော့ ပြောင်းသင့်နေပါပြီ။ ပြောင်းမယ့်ဆံပင်ပုံစံကိုလည်း သေချာရွေးချယ်ပါ။

၎ - ရေမွှေး

ရေမွှေးသုံးပါ။ သင့်ဆီက ကိုယ်သင်းနံ့ မွှေးမွှေး ထွက်နေရင် တစ်ဖက်လူက အလွယ်တကူ မှတ်မိပါတယ်။ ယောကျာ်းတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့ အနံ့တွေက နှင်းဆီ၊ စံပယ်နဲ့ စန္ဒကူးနံ့ တို့ ဖြစ်ပါတယ်။

၅ - လည်ဆွဲ

လူတော်တော်များများ မသိတာက ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ဆွဲဆောင်နိုင်တာက လည်ပင်းဖြစ်ပါတယ်။ လှပတဲ့ လည်ဆွဲတစ်ခု ဆွဲသင့်ပါတယ်။

၆ - မျက်လုံးချင်း

မျက်လုံးချင်းဆုံဖို့ အရေးကြီးပါတယ်။ စက္ကန့်ပိုင်းပါပဲ၊ ကြည့်ပြီးတာနဲ့ ချက်ချင်း လွှဲပါ။

၇ - ပြုံး

မျက်လုံးချင်း ဆုံတာကြာလာရင်တော့ ပြုံးလို့ရပါပြီ။ သူနဲ့ ဆုံရင် ရဲရဲပြုံးပါ။ အကောင်းဆုံးကတော့ ကိုယ့်ဘေးနား
သူငယ်ချင်းတစ်ယောက်ရှိနေချိန်မှာ ပြုံးပြတာ အကောင်းဆုံးပါပဲ။ သူ့ဘက်က ပြန်ပြုံးပြဖို့လည်း သက်သောင့်သက်သာ ရှိပါတယ်။

၈ - စကားပြော

သူနဲ့ စကားပြောရတဲ့အခါ ကိုယ်က ဘယ်လိုပုံစံမျိုးပါလို့ သူထင်အောင် ပုံဖော်ပြောဆိုတာမျိုး မလုပ်ပါနဲ့။ အရှိတိုင်းပဲ ပွင့်ပွင့်လင်းလင်း သက်သောင့် သက်သာ ပြောပါ။ ရိုးသားမှုက အကောင်းဆုံးလက်နက်ပါ။

၉ - စိတ်ဝင်စားစရာ

သင်စိတ်ဝင်စားတာကို ဆွေးနွေးပါ။ သင်ဘာတွေသိထားပြီး ဘာတွေစိတ်ဝင်စားတယ်ဆိုတာကို ရဲရဲပြောပါ။

၁၀ - ရယ်ပါ

သူက ရယ်စရာပြောရင် ရယ်ပေးဖို့လည်း မမေ့ပါနဲ့။

၁၁ - အာရုံစိုက်ပါ

သူပြောရင် မျက်လုံးတွေကို ကြည့်ပြီး နားထောင်ပါ။ ထင်မြင်ချက်မပေးနဲ့။ မေးခွန်းလည်း နည်းနည်းမေး။


Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters