♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 17, 2016

" တုတ်ကောက်တစ်ချောင်းနဲ့ ဆယ်တန်းကျောင်းသား "

 
သားသမီး ၆ ယောက်ရဲ့ဖခင်၊ မြေး ၈ ယောက်ရဲ့ အဘိုးဖြစ်သူ အသက် ၆၈ နှစ်အရွယ် ဒါဂါကမီဟာ နီပေါနိုင်ငံရဲ့ အသက်အကြီးဆုံး ကျောင်းသားဖြစ်လာခဲ့ပါတယ်။

ဒါဂါကမီက ငယ်စဉ်က ပြီးဆုံးအောင် သင်ကြားနိုင်ခဲ့ခြင်း မရှိတဲ့ အတန်းပညာကို ပြန်လည်သင်ကြားရန် ဆုံးဖြတ်ပြီးနောက် အထက်တန်းကျောင်း ပြန်တက်ခဲ့ပါတယ်။

ဒါဂါကမီဟာ ငယ်စဉ်က ဆင်းရဲမှုကြောင့် ပညာကိုဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ယခုအခါမှာတော့ အထက်တန်းကျောင်းပြန်တက်ပြီး သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာအောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

တုတ်ကောက်တစ်ချောင်းနဲ့ ဒါဂါကမီက နေအိမ်ကနေ တစ်နာရီကြာ လမ်းလျှောက်ပြီး ကျောင်းတက်နေပါတယ်။ ဒါဂါကမီက အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်အရွယ် သူ့ရဲ့ အတန်းဖော်တွေနဲ့အတူ ဆယ်တန်းစာ သင်ယူနေတာ ဖြစ်ပါတယ်။

သူ့ရဲ့အတန်းဖော်တွေက ဒါဂါကမီကို အဖေလို့က ခေါ်လေ့ရှိကြပါတယ်။ ဒါဂါကမီဟာ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် အထီးကျန်ဆန် ဝမ်းနည်းမှုကို မေ့ပျောက်ရန်အတွက် ကျောင်းပြန်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်ပေမဲ့ ဒါဂါကမီက တက်တက်ကြွကြွနဲ့ ပညာသင်ယူနေသလို အားကစားလေ့ကျင့်ခန်း
အပါအဝင် ကျောင်းတွင်းလှုပ်ရှားမှုတွေမှာလည်း ပါဝင်လေ့ရှိသူပါ။

ဒါဂါကမီက ကွယ်လွန်ချိန်အထိ ပညာသင်ယူသွားလိုပြီး အခြားသူတွေကိုလည်း အသက်အရွယ်ကြောင့် ပညာသင်ကြားမှုကို အဟန့်အတားမဖြစ်နိုင်ကြောင်း သိစေလိုတယ်လို့ ပြောပါတယ်။
Source & Photo: BBC
Credit: duwun

Credit : http://www.searchmyanmar.com/link/comment/cid/58591/domain/duwun.com.mm

No comments:

Subscribe

လာလည်သူများ

free counters