♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 15, 2016

" မြန်မာပြည်နှင့် ငြင်းဆန်ခွင့်မရှိသော တစ်ရှူး၊ သကြားလုံးများ "


အမေရိကန်ပြည်ထောင်စု၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့လို တိုင်းပြည်ကို ရောက်ခဲ့စဉ်က ဈေးဝယ်ထွက်ဖြစ်ပါတယ်။ျေဈးဝယ်တဲ့အခါ Cash (ငွေဖြင့် ပေးချေ) မှာလား သို့မဟုတ် Card (ငွေကြေးကဒ်) ဖြင့် ပေးချေမှာလားဆိုပြီးတော့ မေးပါတယ်။ ကျွန်တော်ကတော့ Cash သုံးတဲ့ တိုင်းပြည်ကနေ လာတော့ Cash ကို များသော အားဖြင့် သုံးဖြစ်ပါတယ်။ သူတို့ဆီမှာ အကြွေစေ့ စုံလင်စွာ ရှိပြီး အကြွေစေ့များကို အတိအကျ ပြန်ရေတွက် အန်းပေး ပါတယ်။

U.S ရောက်တော့ Bank of America ကဒ်ကို သုံးဖြစ်ခဲ့ ပါတယ်။ Visa ကဒ် ဖြစ်ပြီး credit card ဖြစ်ပါတယ်။ Debit Card လည်း ရှိပါသေးတယ်။ ဒီတော့ ဆိုလိုရင်းကတော့ ကဒ်ဖြင့် ပေးတဲ့အခါ ကဒ်ကို သူတို့ လက်ထဲကို အပ်လိုက်ပြီး သူတို့ပါသူတို့ ကဒ်ကို စက်ထဲ ထည့်ပြီး ငွေနုတ်ယူ ပါတယ်။ ဝယ်ယူသူ ကျွန်တော်ကတော့ ငွေသားပမာဏကို အတည်ပြုပြီးတော့ Eletronic board ပေါ်မှာ sign ထိုးပေးရ ပါတယ်။ အချို့ကျ paper ပေါ်မှာပဲ ထိုးပါတယ်။ စားသောက်ဆိုင်မှာ စားတဲ့အခါ Tip ပေးရတဲ့ ဓလေ့အရ စားသုံးမှု ကုန်ကျစရိတ် အပြင် ကိုယ်ပေးချင်တဲ့ tip ပမာဏဟာ ဘယ်လောက်ဖြစ်ကြောင်း ဘောပင်နဲ့ ရေး sign ထိုးပြီး ပေးလိုက်တဲ့အခါ ယင်း ကဒ်ကို ယူသွားလို့ သူ့ဘာသူ စက်နဲ့ ကိုယ်ပေးတဲ့ ပမာဏကိုပဲ ဖြတ်ယူသွား ပါတယ်။

ကဒ်ကို အသုံးပြုမှုကို လူ ၁၀၀ မှာ ၉၉ ယောက်လောက် ဖြစ်ပြီး Cash ဖြင့် ပေးချသူများ အင်မတန် နည်းပါတယ်။ Cash ပေးချေတဲ့အခါမှာလည်း အကြွေတွေလို မပျက်ရလေအောင် အတိအကျ ပြန်အန်းပေးနိုင်ကြ ပါတယ်။ သူတို့တိုင်းပြည်တွေရဲ့ Financial system ကောင်းမွန် အဆင့်မြင့်မှုကို အထင်ကြီး အားကျ မိပါတယ်။

ကဲ.. ကျွန်တော်တို့ မြန်မာပြည် အနေအထား ကြည့်ရအောင်။

စူပါမားကတ် ဈေးဝယ်စင်တာကြီးကနေ စလို့ အသေးစား ဆိုင်တွေအထိပေါ့။ တစ်ခုခု ဝယ်ယူတဲ့အခါမှာ အကြွေ ငါးဆယ် မရှိရင် တစ်ရှူး ယူလိုက်ရတဲ့ အဖြစ်မျိုး ကြုံဖူးပါသလား။ ဒါဟာလည်း အဖြစ်သဘောမျိုး မေးတာပါ။ ယခု စာဖတ်နေသူ အားလုံး ကြုံရမယ်လို့ ယုံကြည် ပါတယ်။ တက္ကဆီစီးရင် ငါးရာအကြွေမရှိတဲ့အဖြစ်မျိုးလည်း ရှိပါမယ်။ အဓိကကတော့ စားသုံးကုန်ဝယ်တဲ့အခါ အကြွေ ငါးဆယ်၊ တစ်ရာကို ခက်ခဲတဲ့ အခြေအနေပါ။ စူပါမားကတ်၊ ရှော့ပင်းမော တွေမှာ ရောင်းအား ကောင်းဆုံး ကုန်စည် စာရင်းထဲမှာ တစ်ခါသုံး တစ်ရှူးတွေ၊ ချိုချဉ် သကြားလုံးတွေ ပါနေတယ် ဆိုတာ သင်သိပါသလား။ 
စစ်တမ်းအတိအကျ မရှိပေမယ့် အကြမ်းဖျဉ်း တွက်ကြည့်ရအောင်။ ရန်ကုန်မြို့မှာ စူပါမားကတ်ကြီး အခု ၅၀၊ အသေးစား စတိုးဆိုင် Chain ပေါင်း ၁၀၀ နဲ့ပဲ တွက်ကြည့်ပါမယ်။ ဆိုင်တစ်ဆိုတမှာ တစ်နေ့ကို ဝယ်ယူသူ တစ်ရာနဲ့သာ တွက်ပြီး ယင်းထဲကနေ ဦးရေ ငါးဆယ်ကိုသာ အကြွေ ငါးဆယ်အစား တစ်ရှူး သို့မဟုတ် သကြားလုံး ပေးဖြစ်တယ် ဆိုပါစို့။ ဒါဆိုရင် ဆိုင်ပေါင်း ၁၅၀ မှာ နေ့စဉ် တစ်ဆိုင်ကို အယောက် ၅၀ စီက အကြွေ ငါးဆယ် ဆုံးရှုံးတယ်ဆိုရင် သင်္ချာနည်းကျကျ တွက်ကြည့်တဲ့အခါ ၃၇၅၀၀၀ ကျပန် (သုံးသိန်းခုနှစ်သောင်းခွဲကျပ်) တိတိ ရှိပါတယ်။ ဒါကို တစ်ရက် ဆုံးရှုံးငွေ ဖြစ်ပြီး တစ်လဆိုရင် ၃၇ သိန်းကျော် ဆုံးရှုံး ပါတယ်။

ဒါဆို ခန့်မှန်းချက်က ဆယ်စလောက် လျော့ပြီးတော့ မှန်းထားတာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တွက်မယ်ဆိုရင် တစ်လကို သိန်း ၅၀၀ မကသော ငွေကြေး တန်ဖိုးက မဝယ်ချင်ပဲ ဝယ်လိုက်ရတဲ့ တစ်ရှုး၊ ချိုချဉ် သကြားလုံး တွေမှာ ဆုံးရှုံး နေပါတယ်။ ဒါတောင် လမ်းဘေး ဈေးသည်၊ နံနက်၊ ညဈေးတို့ မပါသေးပါ။ ကန်စွန်းရင် တစ်စည်း ၃၀၀ ဆိုရင် အကြွေမရှိလို့ပါအမ ၂၀၀ ဖိုး ငရုတ်သီး ယူသွားပါလားလို့ ဆိုတဲ့ ဈေးကွက်မပါသေးပါ။ ဒီတော့ အကြွေမရှိခြင်းက မြန်မာပြည်မှာ နိုင်ငံသားတွေကို လစဉ် စုစုပေါင်း သိန်း ထောင်နဲ့ချီ ဆုံးရှုံးနေစေ ပါတယ်။

ဒီဆုံးရှုံးသွားတဲ့ ငွေပမာဏကို မဆုံးရှုံးစေပဲ တစ်ဦးတစ်ယောက်ချင်းက အကြွေတွေကို စုစည်းထားနိုင်ရင် ငါးဆယ်ဆိုတာ ဘာမှ မဟုတ်ပေမယ့် ဈေးသုံးတဲ့ အကြိမ်တစ်ရာ ပြည်တဲ့အခါ ငါးထောင်ကျပ် ဖြစ်သွားပါတယ်။ အစိုးရသစ် အပြောင်းလဲမှာ မြန်မာ့ ငွေကြေးတန်ဖိုး တက်လာဖို့ မျော်လင့်ထားကြပြီး ယင်း တက်လာတဲ့ တန်ဖိုးတိုင်းမှာ ဆုံးရှုံးမှုတွေ နည်းနေစေဖို့ Financial system ကို အဆင့်မြင့်ရန် လိုအပ် ပါတယ်။ ကဒ်ဖြင့် ဈေးဝယ်သုံးနိုင်တဲ့ နည်းပညာ ထောက်ပံ့ ငွေကြေး စနစ်၊ အကြွေလုံလောက်စွာ ထောက်ပံ့ပေးနိုင်မှု အစရှိသဖြင့် ပြီးပြည့်စုံနေဖို့ လိုအပ် ပါတယ်။

ငွေကြေးတန်ဖိုးမြင့်မားပြီး ငွေကြေး ဆုံးရှုံးမှု မရှိသော တိုင်းပြည်တစ်ပြည် ဖြစ်လာလို့ မေတ္တာဖြင့် ဆန္ဒပြု ရေးသားလိုက်ရ ပါတယ်။

ရိုးရာလေး

No comments:

Subscribe

လာလည်သူများ

free counters