
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ အခုရက်ပိုင်းတွေအတွင်း လူ အယောက် ၂၀ ခွေးရူးကိုက်ခံခဲ့ရတယ်လို့ မုံရွာ ရဲစခန်းက ပြောပါတယ်။
ဇွန် ၁ ရက်နေ့က ၃ ဦး၊ ဇွန် ၂ ရက်နေ့မှာ ၁၇ ဦး အကိုက်ခံခဲ့ရတယ်လို့ နယ်မြေစခန်းမှူး ရဲအုပ်ရဲအောင်က ဒီဗွီဘီကိုြောပါတယ်။
အကိုက်ခံရတဲ့အထဲမှာ ဘုန်းကြီး ၁ ပါးနဲ့ သီလရှင် ၁ ပါးအပါဝင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၈ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
ခွေးရူးအကိုက်ခံရသူတွေကို မုံရွာဆေးရုံကြီး အရေးပေါ်လူနာဌာနမှာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးနေပါတယ်။
ခွေးရူးက လူအယောက် ၂၀ အပြင် တခြားခွေတွေကိုလည်း ကိုက်ခဲ့သေးတယ်လို့ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အကိုက်ခံရတဲ့ခွေးတွေကိုတော့ ဖမ်းဆီးပြီး ကျန်းမာရေးဌာနက ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေ လိုက်လံထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ကလည်း မြဝတီရပ်ကွက်က ၄ နှစ်အရွယ် မိန်းကလေးတဦး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သေးတယ်လို့ ပြောပါတယ်။ ခွေးရူးကိုတော့ သလ္လာရပ်ကွက်
မန်ကျည်းပင်ဈေးအနီးမှာ သုတ်သင်နိုင်ခဲ့ပါတယ်။

သတင်းနှင့်ဓာတ်ပုံ – Lay Maha / DVB
Credit : http://www.lwinpyin.com/2016/06/blog-post_56.html
No comments:
Post a Comment