ကျွန်မကကြောက်သာကြောက်တတ်တာ..အသုဘတို့ သရဲကြောင်းတို့ လာထား ရှေ့ဆုံးကပဲ..
ဟဲဟဲ...
ကျွန်မကျောင်းကပြန်လာပြီး အလုပ်ထဲပြန်မ၀င်ခင်ကပေါ့..ကျွန်မတို့အိမ်
မျက်စောင်းထိုးက အမျိုးသမီးတစ်ယောက်.ကလေးငယ်ငယ်လေးနဲ့မီးယပ်ဝမ်းလိုက်ပြီး သေသွားခဲ့ပါတယ်
ကျွန်မလည်းအလုပ်တွေ ထားခဲ့ပြီးအဲ့သေတဲ့အိမ်ကိုသွားကြည့်တာပေါ့
အမျိုးသမီးအမည်က ''မခင်စန်း''တဲ့သူတို့အိမ်လှေကားထစ်အပေါ်ဆုံးလည်းရောက်ရော
ခြေလှမ်းတွေတန့်သွားတယ်..မတန့်ပဲနေမလား...မြင်ရတဲ့မြင်ကွင်းက ချောက်ချားစရာပါ
ည သာဆို သွေးပျက်လောက်တယ်..သူ့ယောက်ျားက ခေါင်းရင်းကနေ..
အီး..အိ..အိ နဲ့ငိုနေတယ်...မခင်စန်းက နဂိုတည်းက သွားက မသိမသာခေါ နေပါတယ်..ဆုံးလည်းဆုံး
တော့ အရိုးပေါ်အရေတင်..နေမကောင်းလို့ခေါင်တုံး တုံးထားတော့.
ခေါင်းတုံးဆံပင်ပေါက်နဲ့..မျက်ကွင်းတွေ ပါးတွေက အထဲကို
တော်တော်ချိုင့်ဝင်နေတာပေါ့..အဲ့ဒါနဲ့ကျွန်မ ရှေ့ဆက်မတက်ရဲပဲခဏရပ်ကြည့်ပြီး ပြန်ဆင်းလာတာပေါ့...
ဆင်းရဲလိုက်တာလည်း ပြောမနေပါနဲ့.....အိမ်မှာ ကြမ်းကအပြည့်မရှိဘူး..
တစ်နေ့လုပ်မှ တစ်နေ့စားပေါ့...သဂြိုဟ်ဖို့တောင်မရှိလို့ ရပ်ကွက်ထဲလိုက်အလှူခံရပါတယ်...
အဲ့မခင်စန်းမှာ သားသမီး ၄ ယောက်ရှိပါတယ်..အငယ်ဆုံးကလေးက
သုံးလ အရွယ်ပဲရှိသေးပါတယ်...နေ့ ၁ နာရီ လောက်သဂြိုဟ်ဖို့လုပ်တော့
အဲ့ကလေးကို လိပ်ပြာခွဲတာပေါ့ကျွန်မကရှေ့ဆုံးကလေ...ဘယ်သူ့မှမပေးဘူးဆရာ
.ခေါင်းမာချက်..ကြာတော့လိပ်ပြာခွဲပေးတဲ့ဦးလေးကြီးက စိတ်တိုလာတာပေါ့..
ဘေးက တဖက်ကတုတ်ကြီး ကိုင်ပြီး မာန်ပြီး.နင် ခုမပေးဘူးလား ပေးမှာလား..
ငါ မရိုက်ချင်ဘူးနော်..တဲ့....ဆိုပြီး သုံးလေးခါလောက်မာန်တော့မှသူ့လင်ညီအစ်မ
(သူ့ယောက်ျားအစ်ကိုမိန်းမ)က ကလေးမရှိဘူးလေ..သူ့ကိုပေးလိုက်တယ်..ဟဲဟဲ...

အဲ့အစ်မက သူ့သားသမီးတွေကို အရမ်းချစ်တာလေ....အဲ့လိုနဲ့ သဂြိုဟ်ပြီးသွားရော...
ညကျတော့ ခွေးကအူလိုက်တာ ကမ္ဘာပျက်မတတ်ပဲ..ကလေးခေါ်တဲ့အစ်မ
က ကျွန်မတို့နောက်ဖေးလမ်းထဲကပါမနက်ကျ အဲ့အစ်မကပြောပြပါလေရော..
ညကမခင်စန်း သူ့တို့အိမ်ကိုလာတယ်တဲ့ သူ့ကလေးကိုစိတ်မချတာတဲ့..
ငါတို့ ကပြောပါတယ်..နင်သားကိုစိတ်ချပါ သားအရင်းလေးလို စောင့်ရှောက် မှာပါလို့..ပြောလည်းမရဘူးတဲ့....ခြင်ထောင်ထဲကိုဝင်လာတာလဲ သိတယ်တဲ့
ကလေးကိုမြူလို့ ကလေးကရယ်နေတယ်တဲ့..အမလေး..ကျွန်မသာဆို အသက်ထွက်ပြီပဲ..ကလေးကလည်း ခေါ်လာတည်းကနေမကောင်း..ဟိုပြ ဒီပြ
ဆေးတွေလည်းစုံလို့ပဲ..အဲ့အစ်မက ငိုသံပါကြီးနဲ့ မခင်စန်းရယ်နင့်သားလေးကို မခေါ်သွားပါနဲ့ဟယ်
လို့..ပြောလည်း ကလေးက မိခင် ဆုံးပြီး သုံးရက်ပဲခံပါတယ်...ကလေးလည်းသေသွားတယ်...
သူများတွေပြောတာတော့ သူ့သားကိုစိတ်မချလို့ ခေါ်တာတဲ့...
ဘာပဲဖြစ်ဖြစ် မိခင်စိတ်ပေါ့နော်...
Credit: ဖိုးသူတော် (http://www.phothutaw.com/2015/10/blog-post_477.html)
Credit: မင်းသွေးစံ
No comments:
Post a Comment