. ချစ်တယ် ..
မွန်ပြည်နယ်မှာ " ချမ်းတယ်" ဆိုတဲ့ စကားကို “ချစ်တယ်” လို့ အဓိပ္ပါယ်ရပါတယ်တဲ့.. ထူးဆန်းမှုတစ်ခုလား၊ တိုက်ဆိုင်မှု တစ်ခုလား တကယ်ကို မသိခဲ့တာပါ။
ကျော်တို့ ရန်ကုန်မြို့တော်သူ/သားအပေါင်း မတော်တဆ ဆောင်းမှာ
မွန်ပြည်နယ် ရောက်ခဲ့ရင် ချမ်းတဲအခါ အေးတယ်လို့ပဲ ပြောကြပါ။
တစ်ခွန်းတည်းနဲ့ Heart ထိသွားရင် တာဝန်ကြီးပါတယ်တဲ့..
ဒါမှမဟုတ် အခွင့်အရေးရတုန်းလေး ချစ်နေတဲ့အကြောင်း
အလွယ်တကူ ရင်ဖွင့်မယ်ဆိုရင်
“ ကိုယ်…အရမ်း…ချမ်းနေတယ်…” လို့သာ ပြောလိုက်ပါ။
အဆင်ပြေမှာပါ။ အဆင်မပြေရင်လည်း အသံဗြဲနဲ့ ပွင့်ပွင့်လင်းလင်း အတင်းပြောခံရရုံ၊ မွန်လေးတွေဆို စကားမေးမရတော့ပဲ ပြုံးပဲပြုံးကြည့်ခံရရုံကလွဲ သူတို့ ဘာမှမလုပ်ပါဘူး။ အင်မတန် သဘောဖြူတဲ့ တိုင်းရင်းသူ/သားတွေပါ။
မွန်ပြည်နယ်ကို သိသလောက် မိတ်ဆက်ပေးရမယ်ဆိုရင်တော့ တန်ခိုးကြီးဘုရားများစွာ တည်ရှိတယ်. အစားအသောက်ကောင်းတယ်. မိန်းမလှများစွာ နေထိုင်ကြတယ်. အဲဒါ မွန်ပြည်နယ်..အော်.ပြီးတော့ အရမ်း အရမ်းလည်း ချမ်းတယ်..
ဒီနေ့အတွက်ကတော့ စန္ဒီမြင့်လွင်ရဲ့ “ချစ်နေတုန်းပဲ” သီချင်းလေးက “ချမ်းနေတုန်းပဲ” ဖြစ်သွားတယ်။ မြင်မြင်ချင်း ချစ်မိတာကို
လူတိုင်း မကြုံဖူးပေမဲ့ တချို့သောသူတွေအ
တွက်တော့ တစ်စုံတစ်ယောက်နဲ့ အနေဝေးခဲ့ရပေမယ့် ..
ချမ်းလျှက်. ချမ်းမြဲ.ချမ်းနေဆဲ.ပါပဲ..
ချစ်လျှက်.. ချစ်မြဲ. ချစ်နေဆဲပါပဲ.
ချမ်းတယ်..အဲကွယ်..ချစ်တယ်...
Credit : https://m.facebook.com/story.php?story_fbid=945074655585553&id=654951841264504&ref=m_notif¬if_t=close_friend_activity
No comments:
Post a Comment