ကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ သားဖြစ်သူကိုစေလွှတ်ပြီး အရက်မူးနေတဲ့ ဖခင်ကို ပြန်ခေါ်ခိုင်းခြင်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့အမည်က ဂျန်ယီဖြစ်ပြီး၊ အန္တရာယ်များတဲ့ အလုပ်ကို ပြုလုပ်ခဲ့လို့ မိဘတွေဟာ ဝေဖန်ခြင်းခံနေရပါတယ်။ ကလေးငယ်ဟာ သုံးဘီးတပ်မော်တော်ယာဉ်ကို မောင်းနှင်ခဲ့တာ ဖြစ် ပါတယ်။ ကလေးငယ်ရဲ့ ဖခင်ဟာ နေ့စဉ် အရက်သောက်ပြီး အချိန်မီ ပြန်မရောက်လို့ သားဖြစ်သူက သွားခေါ်ရခြင်းဖြစ်ပါတယ်။ ဒီအကြောင်း လူမှုကွန်ရက်မှာ လူပြောများ လာပြီးတဲ့နောက် ရဲတပ်ဖွဲ့က စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီနောက် ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး အရေး ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အသက်(၁၈)နှစ်ပြည့်မှ ယာဉ်မောင်း ခွင့်ရမှာဖြစ်ပြီး၊ အသက်မပြည့်ဘဲ မောင်းနှင်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ကလေးငယ်ရဲ့မိဘတွေကိုအရေးယူ
မှုတွေပြုလုပ်သွား မယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ ကား မောင်းစွမ်းရည်က ချီးကျူးစရာဖြစ်ပေမယ့် အရက်မူးနေတဲ့ ဖခင်ဖြစ်သူရဲ့ လုပ်ရပ်ကိုတော့ အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=29614
No comments:
Post a Comment