♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 12, 2015

"တချို့ခင်မင်မှုတွေဟာ ချစ်ခြင်းထက်မလျော့ဘူး... အီစီကလီ မဟုတ်ဘူး... အဖြူရောင်သံယောဇဉ်လို့ခေါ်တယ်..."


 
၂ဖက်လုံးက တစ်ယောက်ကိုတစ်ယောက်ချစ်နေတာလဲဖြစ်နိုင်တယ်…


ဒါပေမဲ့ ဒါဟာ သူငယ်ချင်းအချစ်လဲမဟုတ်ဘူး… ၁၅၀၀ အချစ်လဲမဟုတ်ဘူး…. ၅၂၈ အချစ်လဲမဟုတ်ဘူး
ချစ်သူရည်းစားလု
ပ်လို့မရရင်တောင် အထူးသူငယ်ချင်းတော့လုပ်နိုင်ပါတယ်…
သူငယ်ချင်းကြားက
ဘော်ဘော်စိတ်ဓာတ် မကုန်သေးတာဖြစ်ရင်ဖြစ်မယ်…
မိသားစုဝင်တွေရဲ
့သဘောတူညီချက် တိန်းစောင်းနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ့်ရဲ့ရှေ့ရေ
းအတွက် ကတိမပေးနိုင်တာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန် စောလွန်းသေးလို့
တဖက်သားကို တန်ဖိုးထားရမှန်းမသိသေးတာဖြစ်ရင်ဖြစ်မယ်…
တွေ့ဆုံချိန်နော
က်ကျလွန်းလို့ ကိုယ့်ရဲ့နံဘေးမှာ အခြားတစ်ယောက်ရှိနေတာဖြစ်ရင်ဖြစ်မယ်…
ကိုယ်ခေါင်းပြန်
လှည့်တဲ့အချိန်နောက်ကျသွားလို့ တဖက်သားက ကိုယ့်ကို မစောင့်နိုင်တော့တာဖြစ်ရင်ဖြစ်မယ်…
တစ်ယောက်ရဲ့စိတ်
ကိုတစ်ယောက်က ခန့်မှန်းနေတာနဲ့ စည်းမကျော်ရဲသေးတာဖြစ်ရင်ဖြစ်မယ်…
ဒါပေမဲ့ အတူတူမနေရရင်တော
င် အချင်းချင်းက လက်တွေ့ပိုကျတယ်လို့ခံစားရတယ်… ဘယ်လိုနှလုံးသားရေးရာမှ မပတ်သက်တဲ့ ဆက်ဆံမှုမျိုးကို ဆက်လက်ထိန်းထားနိုင်တယ်…
သူတို့ရဲ့စိတ်ထဲ
မှာတော့ ရှင်းနေတယ်… ဒီလူ့ကို ဂရုစိုက်မှုဟာ သူငယ်ချင်းထက်ပိုတယ်…
အချင်းချင်းဆိုတ
ာရှိနေလို့လဲ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးခြင်းဆိုတာအပြည့်ပါဘဲ…
၂ယောက်သားဟာ ပေါ်ပေါ်တင်တင် လက်တွဲပြီးလျှော
က်သွားလို့မရပေမဲ့ သူတို့ဟာ ပြောလို့မရတဲ့စကားမရှိတဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့တယ်…
အချင်းချင်းမှာ ကြိုက်နေတဲ့သူရှ
ိတယ်… သ၀န်တိုတယ်လို့ ပါးစပ်ကနေ ပြောမထွက်ပေမဲ့ စိတ်ထဲမှာတော့နာနေတယ်…
တဖက်သား အရေးကြုံလာတဲ့အခ
ျိန်မှာ ကိုယ့်ဖက်ကတတ်နိုင်သလောက်ကူညီပေးတယ်… ဘယ်သူကဘယ်လောက်ပေးဆပ်လိုက်ရတယ်ဆိုတာမျိုး အငြင်းပွားနေတာမရှိဘူး…
တဖက်သားနေမကောင်
းဖြစ်တဲ့အချိန်မှာ ကုသဖို့နည်းလမ်းကို ဦးနှောက်ညစ်ပြီးရှာတယ်… သူ့ဘေးမှာအဖော်ပြုပြီးပြုစုပေး
ျင်တယ်…
လူတိုင်းရဲ့ဘ၀မှ
ာ ဒီလိုသူငယ်ချင်းမျိုးတော့ရှိကြမှာပါဘဲ… ရှေ့နောက်ဆန့်ကျင်တဲ့အပြုအမူမျိုးတွေနဲ့…
အစပိုင်းမှာတော့
သူငယ်ချင်းအဖြစ်ဘဲနေခွင့်ရတာကို မကျေနပ်တာရှိနိုင်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒီတိုင်းဟာ ပိုပြီး သင့်တော်ပါတယ်လို့ ခံစားလာရလိမ့်မယ်…
တဖက်သားရဲ့ စိတ်ခံစားချက်ကိ
ု ဂရုစိုက်ပေးတာက အချင်းချင်း ဒဏ်ရာရစေတာထက်ပို ပြီးအဆင်ပြေပါလိမ့်မယ်…
ချစ်သူဖြစ်ခွင့်
မရရင်လဲ အထူးသူငယ်ချင်းလေးဖြစ်ခွင့်ရရင် ပိုမကောင်းဘူးလားဗျာ…
ခင်ဗျားတို့ရဲ့စ
ိတ်ထဲမှာကော် ဒီလို အထူးသူငယ်ချင်းကဘယ်သူပါလဲ?
နှလုံးသားရေးရာေ
တ်ာတော်များများဟာ ဒီလိုအမှန်တရားတွေရှေ့မှာ ကျရှုံးတတ်ကြတယ်…
ခင်မင်မှုကနေ ချစ်ခြင်းကိုပြေ
ာင်းလဲနိုင်တယ်…
ချစ်ခြင်းကနေ မိသားစုသံယောဇဉ်
ကို အဆင့်တိုးနိုင်တယ်…
၂ဖက်သားကတော့ ခင်မင်မှုကနေ မိသားစုသံယောဇဉ်
ကို တိုက်ရိုက်အဆင့်တိုးနိုင်တယ်…
လူ့ဘ၀ဆိုတာ နှစ်တစ်ရာထက်မပိ
ုပါဘူး…
စိတ်သိကိုယ်သိ အတွင်းသိဖြစ်လာခ
ဲ့ရင်လဲ လွယ်လွယ်ကူကူ မစွန့်ခွာလိုက်ပါနဲ့…
တခါတလေမှာ ဒီလို အထူးသူငယ်ချင်း တွေဟာထာဝရတည်မြဲ
သွားတတ်တယ်…
ချစ်ခွင့်ပန်တာသ
ို့မဟုတ် ချစ်ခွင့်ပန်ခံရတာဟာ ကြောက်ဖို့မကောင်းဘူး…
ကြောက်ဖို့ကောင်
းတာက နောက်ဆုံးရလဒ်က ရည်စားတစ်ယောက်ရလိုက်တာမဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်ဆုံးရှုံးသွားခြင်းပါ…
ချစ်သူတွေသာဖြစ်
လာခဲ့ရင်တောင် သူကကိုယ့်ပေါ်ဘယ်လိုမြင်တာလဲကို အလေးထားလာတတ်တယ်
အခုလို ထိန်းကွတ်စရာမလိ
ုဘဲ ပြောချင်ရာပြောလို့မရတော့ဘူး…
ချစ်သူတွေဖြစ်လာ
ခဲ့ရင် တောင်းဆိုမှုတွေပိုများလာမယ်… ပိုင်ဆိုင်လိုစိတ်တွေဖြစ်လာမယ်… သ၀န်တိုလာမယ်… ရန်ဖြစ်မယ်…
နောက်ဆုံးတော့လမ
်းခွဲတဲ့ အဆင့်ထိရောက်မယ်
ဒါကြောင့်ဒီတိုင
်းဟာ အကောင်းဆုံးပါဘဲ
လက်တွေ့ကျကျခံစာ
းချက်လေးကို တန်ဖိုးထားနိုင်ပါစေဗျာ…
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ
 

No comments:

Subscribe

လာလည်သူများ

free counters