♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 16, 2015

" အာရေဗျသဲကန္တာရ ဒေသက မုတ်သုံတောအုပ်ကြီး"

 
အာရေဗျဒေသတွင် တောအုပ်ကြီး တစ်ခုရှိနေခြင်း အတွက် အံ့အားသင့်စရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။

အာရေဗျ ကျွန်းဆွယ်ဒေသတွင် ဘာရိန်း၊ ယီမင်၊ ဆော်ဒီ၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ယူအေအီး စသည့်နိုင်ငံများ ပါဝင်ကြပြီး အလွန်ပူပြင်းသောကြောင့် တောအုပ်တစ်ခု ရှိနေခြင်းသည် အံ့အားသင့်စရာ ဖြစ်နေလိမ့်မည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။

အလွန်ပူပြင်းသည့် နေရာတွင်ရှိသည့် တောအုပ်ကလည်း အမြဲတမ်းရှိနေခြင်း မဟုတ်ဘဲ တစ်နှစ်တွင် သုံးလခန့်သာ ရှိနေတတ်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းနေရာသည် အာရေဗျဒေသတွင် နေထိုင်သူများအတွက် အိုအေစစ်တစ်ခု ဖြစ်သည်။

      ယင်းနေရာသည် အိုမန်နိုင်ငံတွင် တည်ရှိသည်။ ပတ်ဝန်းကျင်ကြောင့် ရာသီဥတု အပြောင်းအလဲ ဖြစ်သွားခြင်း ဖြစ်သည်။ နှစ်တစ်နှစ်တွင် ဇူလိုင်ကနေ စက်တင်ဘာအထိသာ ရာသီဥတု အပြောင်းအလဲကြောင့်  ယင်းနေရာသည် အေးမြနေခြင်း ဖြစ်သည်။

 ထိုအချိန်တွင် အပူချိန်သည်  ရုတ်တရက် ကျဆင်းသွားပြီး  ( ၅၀) ဒီဂရီ ကနေ (၂၀) ဒီဂရီအထိ ကျဆင်းသွားခဲ့သည်။

အလွန်ပူပြင်းသည့် ဒေသတွင် ယင်းဖြစ်ရပ်သည် အထူးအဆန်း ဖြစ်ခဲ့သည်။

အဆိုပါ နေရာကို ဆာလာခါရက်ဖ်ဟု ခေါ်ဆိုပြီး အချို့က ဆာလာ မုတ်သုံရာသီဟုလည်း ခေါ်ဆိုကြသည်။ ယင်းနေရာသည် မိုင်ပေါင်း (၁၅၅) မိုင်တွင် ရှိသည်။

 ပင်လယ်ကမ်းခြေနှင့် နီးစပ်သော နေရာဖြစ်သောကြောင့် ရာသီဥတု အပြောင်းအလဲများ ဖြစ်ပေါ်စေသည်ဟု ဆိုထားသည်။

      အဆိုပါ ဒေသသည် တစ်နှစ်တွင် လအနည်းငယ်သာ အေးချမ်းပြီး အခြားလများတွင် ပုံမှန်အတိုင်း ဖြစ်နေသည်။


 ထို့ကြောင့် အေးချမ်းသော အချိန်ကို ရောက်သည့်အခါ လာရောက် အပန်းဖြေသူ အများအပြား ရှိခဲ့သည်။

အာရပ်ဒေသတွင် နေထိုင် ကျက်စားသည့် သစ်ကုလားအုတ်များလည်း လာရောက်ကြလေ့ရှိသည်။

ပူပြင်းသည့် ဒေသတွင် သစ်ပင်များ၊ ရေများရှိနေခြင်းကြောင့် လှပသည့် အရသာကို ခံစားရမည် ဖြစ်သည်။ တောင်တန်းပေါ်မှ
ကျဆင်းသည့် ရေများကြောင့် အေးချမ်းမူကို ပိုဖြစ်စေသည်။

ယင်းနေရာတွင် နေထိုင်သည့် လူမျိုးများရှိပြီး သူတို့သည် သာယာသည့် နေရာတွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက နေထိုင်ကြခြင်းဖြစ်သည်။

 ပတ်ဝန်းကျင်ရှိ သစ်ပင်များကြောင့် ရာသီဥတု အပြောင်းအလဲ ဖြစ်စေကြောင်း အိုမန်နိုင်ငံက ပညာရှင် တစ်ဦးဖြစ်သည့်  အန်ဒါဆန်က ပြောကြားခဲ့သည်။



ဖိုးသူတော် (www.phothutaw.com)
CreditThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters