♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 15, 2015

"မျက်စဉ်းဆေး နဲ့ စူပါဂလူး မှားထည့်မိလို့ မျက်လုံးတစ်ဖက် ပိတ်သွားခဲ့ရတဲ့ အမျိုးသမီး "

 
အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ မျက်စဉ်းဆေး တွေကိုထဲကို စူပါဂလူးကော်တွေ မှားထည့်ခဲ့မိပြီးတဲ့နောက်မှာ သူမရဲ့ မျက်လုံးတွေကို ပိတ်သွားခဲ့ရပါတယ်။

ဖလောရီဒါ ပြည်နယ် မှာနေထိုင်သူ ကလေး၂ ယောက်ရဲ့ မိခင် ဖြစ်တဲ့ Katherine Gaydos ဟာ အမျိုးသားတစ်ယောက်က သူမရဲ့ မျက်လုံးတွေထဲကို မျက်စဉ်းခတ် တဲ့ ကိရိယာ နဲ့ စူပါဂလူးတွေ ထည့်ခဲ့တာဖြစ်ပါတယ်။

သူမက ထို အမျိုးသားကို အိမ်ထဲသွားပြီး သူမရဲ့ လက်ကိုင်အိတ်ထဲက မျက်စဉ်းခတ်တဲ့ ဆေးဘူးယူခိုင်းလိုက်ရာမှာ ထိုအမျိုးသားက မှားယွင်းပြီးသူမ လက်သည်းအတုတပ်ရင် အသုံးပြုတဲ့ စူပါဂလူးဘူးကို ယူဆောင်လာခဲ့မိတာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ထိုအမျိုးသားကပဲ သူမရဲ့ မျက်လုံးတွေထဲကို စေးကပ်တဲ့ အရာတွေထည့်ပေးလိုက်တာဖြစ်ပါတယ်။

"ကျွန်မ မျက်လုံးကို ထဲကို တစ်ခုခုဝင်သွားလို့ ကျွန်မ ပိုက်ဆံအိတ်ထဲက မျက်စဉ်းဘူး ယူခိုင်းလိုက်တာ စူပါဂလူးနဲ့မှားပြီးယူလာတာပါ။ ခဏနေတော့ ကျွန်မ မျက်လုံးထဲမှာ ပူလောင်မှု ဒဏ်ကို ခံစားလိုက်ရပြီး မျက်လုံးကို ပိတ်ပြီး "911 ကိုဖုန်းဆက်ပေးပါ" လို့ အော်ဟစ်ခဲ့ရပါတယ်။" လို့ Gaydos က WPBF ဆိုတဲ့ ပြည်တွင်းသတင်းဌာနကို ပြောပြခဲ့ပါတယ်။

ပထမကတော့ Gaydos ဟာ သူမမှာ အာမခံ ထားရှိထားခြင်း မရှိတာကြောင့် ဆရာဝန် ကုန်ကျစရိတ်တွေကို မပေးနိုင်ခဲ့ပါဘူး။ သူမဟာ ၉ ရက်ခန့် မျက်လုံး တစ်ဖက်ပိတ်ပြီးနေခဲ့ရပါတယ်။ ဒါပေမယ့် သူမရဲ့ ဇာတ်လမ်း ကို တီဗွီမှာ ထုတ်လွှင့်ပြသပြီးနောက်မှာတော့ သူမကို ဆရာဝန်တစ်ယောက်က သူမရဲ့ မျက်လုံးတွေ ပြန်ဖွင့်နိုင်အောင်လုပ်ပေးခဲ့ပါတယ်။
အခုထိတော့ သူမရဲ့ မျက်ကြည်လွှာမှာ စူပါဂလူးတွေ ကပ်နေသေးတဲ့အတွက် သူမဟာ အမြင် အာရုံပြန်မရသေးပါဘူး။

"ဆရာဝန်ပြောတာတော့ ကျွန်မ အမြင်အာရုံ ပြန်ရမှာပါ။ သေရာပါ ဒဏ်ရာတော့ မဖြစ်ခဲ့ပါဘူး" လို့ သူမက ဆိုပါတယ်။ ထို အမြင်အာရုံ ပြန်ရစေမယ့် ကုသမှုအတွက်တော့ သူမအနေနဲ့ ငွေကြေး တစ်ပြားမှ ကုန်ကျစရာမလိုပဲ ထိုဆရာဝန်က အကုန်ကျခံပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mario - သစ်ထူးလွင်
Ref : Metro

Credit : http://www.lwinpyin.com/2015/10/blog-post_665.html

No comments:

Subscribe

လာလည်သူများ

free counters