♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 13, 2015

"ယော့က္ခမ နဲ့ ချွေးမ ရဲ့ ပြသနာ စကားကြီး ( ၈ ) ခွန်း"

 
အောက်ပါ အမေဖြစ်သူနဲ့ ဇနီးဖြစ်သူ တို့ ပြောကြတဲ့ စကားတွေကြောင့် သားဖြစ်သူ ( သို့ ) ခင်ပွန်းဖြစ်သူ က ပုန်းစရာ မြေမရှိအောင် ဖြစ်နေရပါတယ်။ အဲဒီစကားကြီး ( ၈ ) ခွန်းကတော့ ……

၁။ မိန်းမဆိုတာ ထပ်ယူလို့ ရတယ်။ အမေဆိုတာ တစ်ယောက်ထဲပဲရှိတယ်။
ယော့က္ခမ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းပါ။ ဒီစကား အရမ်းထိပါတယ်။ ဆိုလိုတာက လောကကြီးမှာ အမေကသာ အရေးအကြီးဆုံး၊ မိန်းမဆိုတာ ကြိုက်သလောက်ယူလို့ရတဲ့ သဘောပါ။ အမေတစ်ခု သားတစ်ခုမိသားစု မှာတွေ့ရလေ့ရှိပါတယ်။ ချွေးမက ကိုယ့်အချစ်ကို လာလုယူသွားတယ်လို့ အမေဖြစ်သူက ခံစားရတတ်ပါတယ်။ ဖြေရှင်းတဲ့နည်းလမ်းက ယော့က္ခမနဲ့ စကားပြောရင် ကိုယ့်ယော့က်ျားကို “ အမေ့သား” “ အမေ့သား” ဆိုတာကို ထည့်ထည့်ပြောပေးပါ။ ကိုယ့်ယော့က်ျား ဖြစ်လာပေမဲ့ အမေ့သားဟာ အမေ့သား ပါပဲဆိုတာ ခံစားမိပါစေ။

၂။ ရှင်နဲ့ တစ်သက်လုံး နေရမှာက ဒီမိန်းမပါ။ ရှင့်အမေ မဟုတ်ဘူး။
ဇနီးဖြစ်သူက ပြောတဲ့စကားပါ။ မိန်းမယူပြီးရင် အမေကို မလိုတော့သလိုလို ဆိုလိုတဲ့သဘောရှိတယ်။ ဒီစကားဟာလည်း ခင်ပွန်းဖြစ်သူကို တော်တော်ဒုက္ခ ပေးပါတယ်။

၃။ မိဘပိုင်တယ်ဆိုတာ ကိုယ်ပိုင်တာမဟုတ်ဘူး။ ကိုယ့်လက်ထဲရောက်မှ ကိုယ်ပိုင်တာ
မိသားစု ကြီးမှာ တွေ့ရတတ်ပါတယ်။ မိဘက ပိုက်ဆံကို ထိန်းထားတော့ ရသမျ ဖြောင်ခိုင်းတဲ့ သဘောပါ။ ယော့င်္ကျားဖြစ်သူ
ကို တော်တော် ခေါင်းချောက်စေပါတယ်။ မိသားစုကို သွေးကွဲစေတတ်ပါတယ်။ လုပ်နေတဲ့ စီးပွားရေးကိုလည်း ထိခိုက်ဆုံးရူံးစေတတ်ပါတယ်။

၎။ ရှင်တို့က ကျမကို အိမ်သား လို့မှ သဘောမထားပဲ
ဇနီးဘက်က ပြောလေ့ရှိတဲ့ စကားပါ။ စဉ်းစားရမှာက ကိုယ်ကော ကိုယ့်ယော့က္ခမကို အမေလို့ သဘောထားဖူးသလားဆိုတာကိုပါ။ ကလေးတွေ ရပြီးနောက်ပိုင်း အဆင်ပြေသွားတတ်ပါတယ်။

၅။ မင်းရွှေးချယ်လိုက်။ သူလားငါလားဆိုတာ
မိန်းမရော မိခင်ပါ ရန်ဖြစ်တဲ့အခါ ချိန်းချောက်တတ်တဲ့ စကားတစ်ခွန်းပါ။ ဘယ်သူ့ကိုပဲရွေးရွေး ဒုက္ခရောက်မှာပါပဲ။

၆။ သူကမင်းကို လုပ်ပြနေတာ။ မင်းအိမ်မရှိတုန်းက ဒီအချိုးမျိုး မဟုတ်ဘူး။
မိန်းမရော မိခင်ပါ ဒီစကားပြောတတ်ပါတယ်။ ယော့င်္ကျားဖြစ်သူ ခရီးသွားအပြန်မှာ ပြောလေ့ရှိပါတယ်။ နှစ်ဘက်စလုံးက သားဖြစ်သူ ပြန်လာမှ ဆက်ဆံရေး အချိုးပြောင်းတာကို တိုင်တဲ့သဘောပါ။ ဘယ်သူ့ကိုပဲ ယုံယုံ စိတ်ညစ်ရမှာက စိတ်ညစ်ရမှာပါ။

၇။ မင်းအမေကို အကုန်လုံးထိန်းထားတယ်။ နည်းနည်းလေးမှ လွတ်လပ်မူ မရှိဘူး။
မိန်းမက ယော့က္ခမ ကို တိုင်တန်းတဲ့စကားပါ။ တစ်ခါတစ်လေ မှန်နေတတ်ပါတယ်။

၈။ မင်းမိန်းမ မင်းကြည့်ထိန်း၊ အမေက ကလေးထိန်းကြီးတောင်ဖြစ်နေပြီ။
တွေ့လေ့ရှိပါတယ်။ အခုခေတ်လူငယ်တွေက မိဘနဲ့ အတူမနေချင်တာက များပါတယ်။ အတူနေပြန်တော့လည်း မိဘကို ကလေးပစ်ထားပေးလေ့ရှိတယ်။ ဆင်ခြင်စရာပါ။

Credit : Sayar Aung Ko latt

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : http://www.shwechitthu.com/2015/10/blog-post_44.html

No comments:

Subscribe

လာလည်သူများ

free counters