♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 4, 2016

" ယခုလအတွင်း ရိုက်ကူးမယ့် အိန္ဒြာကျော်ဇင်မိသားစု စီစဉ်တဲ့ဇာတ်ကား "

 အိန္ဒြာကျော်ဇင် , ရုပ်​ရှင်​ထုတ်​လုပ်​​ရေး
ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်ခဲ့သည့် အိန္ဒြာကျော်ဇင်က ၎င်းတို့ထုတ်လုပ်ရေး မုဒြာ၏ ပထမဆုံး ရုပ်ရှင်ကို ယခု သြဂုတ်လအတွင်း စတင်ရိုက်ကူးမည်ဟု ပြောသည်။
‘‘သြဂုတ် ၁၀ ရက်နေ့လောက် စရိုက်မှာပါ။ အစ်မတို့ ရိုက်ချင်တဲ့ ဇာတ်လမ်းကိုပဲ ရေး ခိုင်းထားပြီး ရိုက်ကူးမှာပါ’’ဟု အိန္ဒြာကျော်ဇင်ကပြောသည်။
ဇာတ်ကား၏ အမည်ကို Reflection ဟု အမည်ပေး ထားပြီး ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ၀တ်မှုံရွှေရည်နှင့် ပက်ထရစ်ရှာတို့ အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်ကာ ဒါရိုက်တာ လူမင်းက ရိုက်ကူးပုံဖော်မည်ဖြစ်သည်။
အနုပညာအလုပ်ကို စိတ်ဝင်စားသောကြောင့် စီးပွားရေးလုပ်ကိုင်ရာတွင် ရုပ်ရှင်ထုတ်လုပ်ရေးကိုသာ လုပ်ကိုင် ခဲ့ခြင်းဖြစ်ပြီး
ထုတ်လုပ်ရေး၏ အမည်ကို မုဒြာဟု အမည်ပေး ထားကြောင်း ၎င်း ကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း အိန္ဒြာကျော်ဇင် မိသားစု သည် စင်ကာပူနိုင်ငံတွင် ၎င်းတို့၏ ပရိသတ်များနှင့် တွေ့ ဆုံခဲ့သည်။

ဇွဲဉာဏ် – 7day
Credit : http://www.lwinpyin.com

No comments:

Subscribe

လာလည်သူများ

free counters