♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 13, 2015

"ဘိလပ်ရည် "

 
ငယ်ကတည်း က အချိုကြိုက် တဲ့ ကျနော် ဒေါ်နန်းဗွေ ဆိုင်ရှေ့ ရောက်ရင် အမေ့ လက်ဆွဲပြီး ဘိလပ်ရည် ၀ယ် ခိုင်း တတ်တာမို့  ကျနော် ပါရင် အမေ အဲဒီဆိုင်ရှေ့  ကို ရှောင်ပြီးသွားပါသတဲ့။

ဟိုတုန်းကတော့ ဘိလပ် က လာတဲ့ လူတွေ ယူလာပြီး သောက်ကြလို့ ဘိလပ်ရေ ..ဆိုပြီးခေါ် တာထင်ပါ တယ်၊ကျနော်တို့ ရဲ့ နာမည်တွေ ကို မိဘတွေက ကင်ပွန်းတပ် မှည့်ခေါ်ထားကြတာသလိုမျိုး..တယောက်ယောက်က စခေါ်ခဲ့ မှာဘဲ ..
နာမည်အခေါ်အဝေါ်  တွေ ဘယ်လိုစဉ်းစားပြီး ပေးခဲ့ကြလည်း စိတ်ဝင်စားစရာပါ ... ဒါကတော့ ၀က်၊  ဒါကို သေတ္တာ ဟိုဥစ္စာတံမြက်စည်း .. စသည်ဖြင့် စသည်ဖြင့် ..( အများညီ “ ဤ” ကို “ကျွဲ ” ဖတ်လို့ ရ တယ် ဆိုသလိုမျိုး)

Pig meat ကို  pork, Cow(ox) meat ကို  beef ခေါ်ကြသလို Australia နိုင်ငံ ရဲ့  National Icon သားပိုက်ကောင်ရဲ့ အသား Kangaroo meat ကိုတော့ australus ဆိုပြီး ကင်ပွန်းတပ်ထားကြောင်း ဖတ်လိုက်ရပါတယ်၊
ကျနော် ကတော့ ခုမှသိတာပါ .. သူများ နောက်ကချည့်ပါဘဲ။

အဲ ဘိလပ်ရည် ဆိုတော့လည်း ဘိလပ်ရည် ပေါ့နော ..
ဘိလပ်ရည် နဲ့ ပါတ်သက်လို့  စင်္ကာပူက ဖရီး ဝေတဲ့ Today သတင်းစာမှာ ရေးထားတဲ့ ...     

လေ့လာတွေ့ ရှိချက် တွေအရ အစီရင်ခံစာတစောင်မှာ ...တပါတ်ကို ဘိလပ်ရည် ( Sugared soft drinks) သံဘူး ၂ဘူး ထက် ပိုမသောက်သင့် ပါဘူးတဲ့၊  .. ပိုသောက်ရင်  ပန်ခရိယကင်ဆာ ဖြစ်နိုင်ခြေ အခွင့်လမ်း ၈၇% ပိုပါတယ်တဲ့၊ ဒါပေမဲ့  Fruit Juice တွေ သောက်သုံး ခြင်းနဲ့  ပန်ခရိယကင်ဆာ တို့ အကြား ဆက်နွယ်နေမူ့ တော့ မတွေ့ ရဘူးဆိုပါတယ်၊
ကင်ဆာရောဂါ ဆိုင်ရာ ပါရဂူ တဦးကတော့ ဘိလပ်ရည် နဲ့  အဲဒီလို ဆက်နွယ်နေတယ် လို့ ပြောဘို့ စောသေးတယ်တဲ့ဗျ။
ကြိုက်လို့ သောက်နေပေမဲ့ ဆီးချို ဖြစ်မယ်လောက် ကြားခဲ့ဘူး တာကိုး ... ပန်ခရိယကင်ဆာ ဆိုတော့ နဲနဲတော့ ပို ဖြုံ သွားတယ်ဗျ။ ... သို့ ပေသော်လည်း ...
စင်္ကာပူ ကင်ဆာဌာန တခုက .. ဆေးပညာညွန်ကြားရေးမှူး ဆရာဝန်ကြီးတဦးပြောလိုက်တဲ့ စကား ကိုဘဲ ငှားသုံး ပြီးပြောပါရစေ ...

“ ကျနော် တပါတ် ကို ဘိလပ်ရည် သံဘူး ၂ဘူးထက် ပို သောက်ပါတယ် .... ဒါပေမဲ့ ဒီအစီရင်ခံစာကြောင့် တော့ ကျနော့်ရဲ့ ဘိလပ်ရည် သောက်တဲ့ အကျင့်ကို ပြောင်းလိုက်ဘို့ တော့ မရှိပါဘူး”
 
 

No comments:

Subscribe

လာလည်သူများ

free counters