အမေရိကန်မြေတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသော ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက တောင်အာဖရိကသည် အမေရိကန် ကြက်ပို့ကုန်များကို ပိတ်ထားခြင်း ဖြစ်သည်။ ရက် (၆၀)အတွင်း ဖွင့်မပေးပါက တောင်အာဖရိကက အမေရိကန်သို့ တင်ပို့နေသော လိမ္မော်သီး၊ သစ်စေ့နှင့် ၀ိုင်များကို တန်ပြန်ပိတ်ဖို့ဖွယ် ရှိနေသည်။ တောင်အာဖရိကသည် တစ်နှစ်လျှင် ခြံထွက်ပစ္စည်း ဒေါ်လာ သန်း(၂၅၀)ဖိုးခန့် အမေရိကန်သို့ တင်ပို့လျက်ရှိသည်။
အိုဘားမားက အမေရိကန် လွှတ်တော်သို့ ပေးပို့သော အကြောင်းကြားစာတွင် တောင်အာဖရိကသည် အမေရိကန်
ပို့ကုန်များကို တစ်ဖက်က ပိတ်ဆို့ထားချိန်တွင်၊ ၎င်းတို့ဘက်ကမူ အမေရိကန်သို့ အကောက်ခွန် ကင်းလွတ်ခွင့် အထူးခံစားခွင့်ဖြင့် ပို့ကုန်များပါ လွတ်လွတ်ကျွတ်ကျွတ် တင်သွင်းနေကြောင်း ဖော်ပြထားသည်။
Source: BBC
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=48463
No comments:
Post a Comment