♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 5, 2016

" ကမ္ဘာ့နာမည်အကြီးဆုံး ရုပ်တုကြီးများ "

(၁) Christ the Redeemer

ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေဒိုးမြို့တော်မှာ တည်ရှိတဲ့ Christ the Redeemer ရုပ်တုကြီးဟာ ဘရားဇီးနိုင်ငံအတွက် ဂုဏ်ယူ
စရာရုပ်တုကြီး ဖြစ်ပါတယ်။ အမြင့် (600) မီတာ သို့မဟုတ်  2200 ပေ မြင့်ပါတယ်။ အောက်ခံအမြင့်ကတော့ 39 မီ
တာ (120) ပေမြင့်ပါတယ်။

(၂) Statue of Liberty

ပြင်သစ်တွေပေးတဲ့ အကောင်းဆုံးလက်ဆောင်လို့ တင်စားခြင်းခံထားရတဲ့ လေဘာတီရုပ်တုကြီးဟာ အမေရိကန်ရဲ့
Image ဖြစ်ပါတယ်။ အမြင့် 93 မီတာ (သို့မဟုတ်) 305 ပေမြင့်ပါတယ်။ အမေရိကန်မှာ ကမ္ဘာလှည့်ခရီးသွားတွေ အများ
ဆုံးလာရောက်ရာနေရာဖြစ်ပါတယ်။

(၃) Mother Russia Statue

ရုရှနိုင်ငံရဲ့ အထွတ်အမြတ်ရုပ်တုကြီးဖြစ်တဲ့ Mother Russia Statue ကတော့ Volgograd မှာတည်ရှိတာ ဖြစ်ပြီးပါတယ်။ အမြင့် 82 မီတာ (270 ပေ) မြင့်ပြီး ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

(၄) Lions of Delos

ဂရိနိုင်ငံမှာ တည်ရှိတဲ့ Lions of Delos ရုပ်တုတွေကလည်း သမိုင်းဝင်လက်ရာတွေ ဖြစ်ပြီး 600 ဘီစီ ခေတ်က တည်
ဆောက်ခဲ့တာ ဖြစ်ပါတယ်။ 1999 ခုနှစ်မှာ ဒီရုပ်တုတွေကို Archaeological Museum of Delos ရဲ့လက်အောက်မှာ
ထိန်းသိမ်းမှုတွေလုပ်ဖို့ အစိုးရက တာဝန်ပေးအပ်ခဲ့ပါတယ်။

(၅) Great Sphinx

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီးမှာတည်ရှိတဲ့ Great Sphinx ရုပ်တုကြီးကလည်း ကမ္ဘာကျော်ပါဘဲ။ ဘီစီ 2500 ခုနှစ်မှာ ဖာရို
ဘုရင် Khafre က ဦးဆောင်တည်ဆောက်ခဲ့ပြီး ယခုအချိန်မှာတော့ အီဂျစ်နိုင်ငံကို ရောက်ရင် မသွားမဖြစ် သွားရမယ့်နေ
ရာ စာရင်းမှာ ပါဝင်နေပါတယ်။
နတ်စည်တော် (Shwemom)

source : top10for.com
Credit : http://www.shwemom.com/most-famous-statues-in-the-world/

No comments:

Subscribe

လာလည်သူများ

free counters