♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 6, 2016

" ခပ်ညံ့ညံ့မဟုတ်သော မိန်းမတစ်ယောက် "


ခုခေတ်မှာ ယူပြီးမှ အလုပ်လုပ်ကြမယ်ဆိုရင် အရမ်းခက်ခဲပါတယ် မကြီးပွားခင်မှာ ကလေးတွေရလာမယ်ဆိုရင် ယောက်ျားလေးတစ်ယောက်ထဲ အားလုံးကို ရုန်းကန်ရတော့မယ်
မယူခင်တုန်းက ဘာမှစုဆောင်းမှုမရှိခဲ့တဲ့အတွက်
ကလေးနဲ့ မိန်းမအတွက် ပိုခက်ခဲစေမယ်
အိမ်ထောင်ရေး အဆင်မပြေမှုတွေဖြစ်လာစေပါမယ်
ရေရှည်လက်တွဲဖို့ အခက်အခဲတွေတိုးပြီးရင်း တိုးလာနိင်ပါတယ်
မိဘအိမ်မှာ နေခဲ့တုန်းက ဘာမှမသိပေမဲ့
ဘဝမှာ ရုန်းကန်ရတယ်ဆိုတာ ထင်ထားသလောက်မလွယ်ကူပါဘူး
ဘဝဆိုတာ တိုက်ပွဲတခုပါ

မယူခင်မှာ ၂ယောက်စလုံးကြိုးစားမယ်ဆိုတာက ကျွန်မရဲ့ အတွေးပါ
ကျွန်မက မိန်းကလေးတစ်ယောက်ပါ
ဒါပေမယ့် အခုခေတ်မှာ မိန်းကလေးလည်း ယောက်ျားလေးနဲ့တန်းတူ ငွေရှာနိုင်တာဘဲ
အိမ်ထောင်တစ်ခုမှာ ချမ်းသာတဲ့ယောက်ျားကိုယူရင် ချမ်းသာမယ်ဆိုတာ ကျွန်မ သိပါတယ်
ခုခေတ်မှာ ချမ်းသာပြီးသားယောက်ျားတွေလဲဒုနဲ့ဒေးပါဘဲ
ဒါပေမဲ့ ကျွန်မ ချမ်းသာတဲ့ယောက်ျားကို ယူပြီး ချမ်းသာတဲ့ ခပ်ညံ့ညံ့ ငပျင်းအလုပ်တွေကို စိတ်မဝင်စားပါဘူး

ကျွန်မမှာ ချစ်သူရှိပါတယ်
လက်ထပ်တယ်ဆိုတာကလွယ်ပါတယ် မိဘတွေစီစဉ်ပေးမှာပါ
ဒါပေမယ့် ခုခေတ်မှာ
သူရောကျွန်မရောမပြည့်စုံသေးတဲ့အတွက်
လက်ထပ်ပြီးရင် ဘာလုပ်ကြမလဲစဉ်းစားပါ ???
ကျွန်မချစ်တဲ့သူနဲ့ဘဲ လက်ထပ်မှာပါ
ဒါကြောင့် ကျွန်မချစ်တဲ့ သူကို လူတော်ဖြစ်အောင်ကျွန်မ တွန်းပို့ပေးမှာပါ
မယူခင်မှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ အပြန်အလှန်အားပေးရင်း ကြိုးစားမယ်ဆိုရင်
ကျွန်မတို့ လက်ထပ်တဲ့အခါ
သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို
တည်ဆောက်နိုင်မှာပါ နောက်ပြီး
ကျွန်မ အဖေ အမေကို ပြောစရာမလိုပါဘူး
ကျွန်မ ကြည့်ပြီးသားပါ
မယူခင်မှာ အမေကပြည့်စုံပြီးသားကို
အဖေနဲ့ယူပြီးအားလုံးကိုဆုံးရှုံးရတာပါ

ဒါကြောင့်..
မယူခင်မှာ ၂ ယောက်စလုံးသာ
အတူတူကြိုးစားခဲ့မယ်ဆိုရင်
ယူပြီးတော့လည်း ၂ယောက်စလုံး
ငွေရှာရတဲ့တန်ဖိုး ငွေရဲ့တန်ဖိုးကို နားလည်တဲ့အတွက်
တစ်ယောက်ငွေ တစ်ယောက်
ဖြုန်းမိတာမျိုးမဖြစ်တော့ဘဲ
အကောင်းဆုံးဘဝကိုပိုင်ဆိုင်နိင်မှာပါ

ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အမြင်ပါ

Credit ~ T ငယ်လေး

လေးစားစွာဖြင့် ♥ ♥ ♥ (copy)
ဇင်းနစ် မကွေး

ဓာတ်ပုံပိုင်ရှင်ကို ခွင့်တောင်းပါတယ်

Credit : ဇင်းနစ် ဇင်းနစ်ဘ၀ကို မြင့်မားစေမ့ည့် အတွေးအခေါ်များ

No comments:

Subscribe

လာလည်သူများ

free counters