♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 5, 2016

" အုန်းဆီနဲ့ကုလို့ရတဲ့ ရောဂါများ "

သဘာဝအုန်းဆီကို ဆံပင်လိမ်းယုံတင်မဟုတ်ပါဘူး။ အခြားရောဂါတွေကိုလည်း ကုလို့ရပါတယ်။ အုန်းဆီနဲ့ ကုသလို့ရတဲ့
ရောဂါ(၅)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှင်းခူ

နှင်းခူဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူးဆိုရင် လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဖြစ်
ရင်လည်း အုန်းဆီကို အသားထဲစိမ့်ဝင်အောင် လိမ်းပေးရုံနဲ့တင် သက်သာစေပါတယ်။ တစ်ပတ်လောက် ကြာရင် အရှင်း
ပျောက်သွားမှာပါ။

(၂) ညိုမဲခြင်း

အသာရေဟာ သွေးသားပြောင်းလဲမှုကြောင့် ဖြူရာကနေ ညိုသွားတာမျိုး၊ ရာသီဥတုကြောင့် ညိုသွားတာမျိုးတွေ ဖြစ်
တတ်ပါတယ်။ ဒီအတွက်လည်း အုန်းဆီကို ရေခဲသေတ္တာထဲမှာ အနည်းငယ် အအေးခံပြီး ခပ်ပြစ်ပြစ်ကလေး လိမ်းပေး
ရင် သက်သာပျောက်ကင်းလိမ့်မယ်။

(၃) ခြောက်သွေ့ခြင်း

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် အသားရည် ခြောက်သွေ့တယ်ဆိုရင် အုန်းဆီကိုသာ လိမ်းပေးပါ။ အသားရေအက်ကွဲ

ခြင်း၊ ပက်ခြင်းတို့အတွက်လည်း အဆင်ပြေပါတယ်။

(၄) နေလောင်ခံလိမ်းဆေး

အုန်းဆီကို စောစောကလို ရေခဲ့သေတ္တာထဲမှာ ခပ်ပြစ်ပြစ်ကလေးဖြစ်အောင် အအေးခံလိုက်ပါ။ ကမ်းခြေမှာ နေဆာလှုံ
မယ်ဆိုရင် အဲဒီ အုန်းဆီကို ခပ်ပြစ်ပြစ်ကလေး လိမ်းပေးရင် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့ခြင်းကနေ ကင်းဝေးစေပါ
တယ်။

(၅) အကြောတင်၊ အကြောတက်ဖြစ်လျှင်

အထူးသဖြင့် အားကစားသမားတွေမှာ ဖြစ်လေ့ရှိတဲ့ အကြောတင်၊ အကြောတက်၊ ကြွက်တက်-စတဲ့ ဒဏ်ရာတွေအတွက် အုန်းဆီနဲ့ လိမ်းပြီး အကြောပြန်ဖြေရင် ခဏချင်းသက်သာစေနိုင်ပါတယ်။
နတ်စည်တော် (Shwemom)
Credit: http://www.shwemom.com/coconut-oil-for-disease/

No comments:

Subscribe

လာလည်သူများ

free counters