♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 5, 2016

" ချစ်သူ အသစ်မရှာခင် ကိုယ့်ကိုယ်ကို ပြန်မေးရမယ့်မေးခွန်းတွေ "

ချစ်သူတစ်ယောက်နဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ရတဲ့အခါ အသက်အရွယ်အရ အချစ်ကို ဆာလောင်နေသေးတဲ့ သူတွေ
ဟာ အချစ်သစ် ရှာတတ်ကြပါတယ်။ အချစ်သစ်ကို အရမ်းကာရော ရှာဖွေလိုက်တာထက်စာရင် ကိုယ့်ကိုယ်ကို ကြိုတင်
ပြင်ဆင်တဲ့အနေနဲ့ အောက်ပါမေးခွန်းလေးတွေ မေးထားသင့်ကြောင်းကို Shwemom က အကြံပြုချင်ပါတယ်။

(၁) အဆင်သင့်ဖြစ်ပြီလား

ဒုတိယအချစ်ကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလား။ အဆက်ဟောင်းက ပေးခဲ့တဲ့ ဒဏ်ရာတွေ တကယ်ကျက်နေပြီလား။
သို့တည်းမဟုတ် ဒုတိယအချစ်က ဒဏ်ရာတွေကို ကုစားပေးနိုင်မယ်လို့ ယုံလား။ ဒဏ်ရာတွေ ထပ်ပေးမယ့် သူလား။ ဒုတိ
ယအချစ်အတွက် ကိုယ်ရဲ့ လှုပ်ရှားမှုက အရမ်းစောနေသလား … စတာတွေကို ဝေဖန်သုံးသပ်ပါ။

(၂) လွတ်ကွင်းရဲ့လား

ဒုတိယအချစ်ကို လက်မခံခင် ကိုယ်ဟာ အဆက်ဟောင်းနဲ့ တကယ်လွတ်ကင်းရဲ့လား … အဆက်ဟောင်း မရှိလည်း ဒီကမ္ဘာမှာ ရပ်တည်နိုင်ပြီလို့ ခံယူချက် ရဲသလား … ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကိုယ်လှုပ်ရှားမယ့် ဒုတိယအ
ချစ်ကရော အခြား လူမှုရေးအရှုပ်အရှင်း ကင်းရဲ့လား … ကိုယ်သတ်မှတ်ထားတဲ့ စံညွှန်းတွေနဲ့ ကိုက်ညီလား ဆိုတာ
ဆန်းစစ်ရပါမယ်။

(၃) ဘာတွေမှားခဲ့သလဲ

အဆက်ဟောင်းနဲ့တုန်းက သင် ဘာလက်မခံနိုင်စရာတွေ လုပ်ခဲ့လဲ။ ဒုတိယလူအတွက် အဲဒီ မကောင်းတဲ့အချက်တွေကို
ပြင်ဖို့ သေချာရဲ့လား … သင် ဘာတွေ မှားခဲ့လဲ … ထပ်ပြီးမမှားတော့ဘူးဆိုတာ ဖြစ်နိုင်သလား … ဒါကိုလည်း ထည့်
တွက်ရပါမယ်။

(၄) ဘာတွေကောင်းခဲ့သလဲ

တစ်ဖန် ပထမချစ်သူနဲ့တုန်းက ဘယ်လိုပုံစံနဲ့ အချစ်ရေး သာယာခဲ့သလဲ … ဘယ်လို ပျော်ရွှင်ဖွယ်တွေ ဖန်တီးခဲ့သလဲ ..
ဘယ်လို စွမ်းဆောင်မှုမျိုးနဲ့ အဆက်ဟောင်းရဲ့ဘေးမှာ ရပ်တည်ခဲ့သလဲ … ဘယ်လို ပေးဆပ်ခဲ့သလဲ … အခုလည်း အဲဒီ
စံချိန်ကို ထိန်းထားနိုင်မှာ သေချာလား … ဒါကိုလည်း ဂရုစိုက်ရမယ်။

(၅) ငါလိုချင်နေတဲ့ပုံစံဟုတ်ရဲ့လား

ချစ်သူနဲ့ပြတ်သွားလို့ အရွဲ့တိုက်ချင်လို့၊ မကျေနပ်လို့ဆိုတဲ့ စိတ်ထားညံ့ညံ့လေးလောက်နဲ့ ချစ်သူအသစ် မရှာချင်ပါနဲ့။
ကိုယ့်ဘ၀တစ်ခုမှာ အစွန်းအထင်းအဖြစ် မှတ်တမ်းတင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။ ဒီတော့ ချစ်သူအသစ်ဟာ သင့်ရဲ့ ကာ
ရိုက်တာနဲ့ ကိုက်ညီမှုရှိသလား … လိုအပ်ချက်ရှိလား … လက်တွဲလိုက်ရင် ပြီးပြည့်စုံမယ်လို့ ထင်လား … ။

(၆) ကိုယ်ကျင့်တရားကို အပြည့်အ၀ယုံရဲ့လား

လူတွေဟာ ချစ်သူတစ်ယောက်ထက် ပိုသွားတယ်ဆိုရင် ရည်စားများသူရယ်လို့ တံဆိပ်ဝိုင်းကပ်ခံချင်ကြပါတယ်။ ဒါကို
ငြင်းပယ်လို့မရပါဘူး။ အင်္ဂလိပ်စာမှာဆိုရင် တစ်ခုထက်ပိုတဲ့ နာမ်တွေကို (s,es)ထည့်ပြီး Plural လုပ်ရပါတယ်။ ဒီတော့ ကိုယ်က ဘာအပြစ်အနာအဆာမှ မရှိခဲ့ဘူးလို့ ငြင်းခုန်တာထက်စာရင် ကိုယ့်ရဲ့ ကိုယ်ကျင့်တရားဟာ ဘယ်လောက်အထိ
သန့်စင်တယ်ဆိုတာ ကိုယ်ကိုယ်တိုင် အပြည့်အ၀ ယုံမှ၊ ချစ်သူအသစ်ကလည်း ယုံနိုင်မှာပါ။

(၇) တကယ်ချစ်ရဲ့လား

ဒါကတော့ အရေးကြီးဆုံးအချက်ပါ။ ဒုတိယချစ်သူကို ပထမချစ်သူနဲ့ ယှဉ်ပြီး မျက်နှာမလိုက်ဘဲ တကယ်ချစ်နိုင်ရဲ့လား
ကိုယ့်ကိုယ်ကို ပြန်မေးပါ။ ၀ရမ်းပြေး မင်္ဂလာဆောင်လို ဖြစ်မှာစိုးလို့ပါ။
နတ်စည်တော် (Shwemom)
Credit : http://www.shwemom.com/own-questions-before-you-find-new-love/

No comments:

Subscribe

လာလည်သူများ

free counters