♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 25, 2016

"အမျိုးသားတွေကို ဆွဲဆောင်ရာမှာ မှားယွင်းနေတဲ့အချက်များ "

ဒီစာစုကို ဖတ်လိုက်ရလို့ အ နည်းငယ် အံ့အားသင့်ကောင်း သင့်နိုင်ပါတယ်။ ဒါပေမဲ့ မိန်းမပျို လေးတွေအနေနဲ့ ဆန့်ကျင်ဘက် ယောကျာ်းတွေကို ဆွဲဆောင်ရာမှာ မှားယွင်းနေတဲ့ အချက်တွေတော့ရှိနေပါတယ်။ မိန်းကလေး တစ်ဦးအနေနဲ့ ရေစီးလာအောင် ကိုယ်တိုင်လုပ် လို့မရဘဲ မြောင်းပေးသဘောမျိုးအဆင့်လေ
ာက်ပဲ တတ်စွမ်းနိုင်ပေမယ့် အဲဒီလိုရေလာဖို့ မြောင်းပေးရာမှာ မှားယွင်းနေတဲ့ အချက်တွေကြောင့် ရေမစီးတော့ဘဲ အဲဒီအမျိုးသားဆီက စိတ်ဝင်စားမှုမရရှိတော့တာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒီတော့ အမျိုးသားတွေကို ဆွဲဆောင်ရာမှာ အမျိုးသမီးတွေဘက်က မှားယွင်းနေတဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

လိုအပ်တာထက် မိတ်ကပ်ပိုမိုလိမ်းခြယ်ခြင်
မိန်းကလေးအများစု မှားယွင်းတဲ့ အချက်ကတော့ ယောကျာ်းလေးတွေကို ဆွဲဆောင်ရာမှာ အလှ ဆုံးဖြစ်စေချင်လို့ ကိုယ့်ကိုယ် ကိုယ် လိုအပ်တာထက် မိတ်ကပ်ပိုမိုလိမ်းခြယ်တာပဲဖြစ်ပါတယ်။ နောက်ဆုံး အရမ်းကြီးပြင်ဆင်ဖို့ မလိုအပ်တဲ့ နေရာမျိုးမှာတောင် ယောကျာ်းလေးတွေရဲ့ စိတ်ဝင်စားမှုခံရဖို့အတွက် မိတ်ကပ်အထူကြီးတွေ လိမ်းတာမျိုးတွေရှိပါတယ်။ မိတ်ကပ်ဆိုတာ အမျိုးသမီးတိုင်းအတွက် အလှအပရေးရာမှာ အရေးပါတဲ့ ပစ္စည်းတစ်ခုဖြစ်ပေမယ့် တစ်ခါတလေမှာတော့ ကိုယ့်ရဲ့ သဘာဝ အလှ က ပြုပြင်ဖန်တီး ထားတဲ့အလှထက် ယောကျာ်းလေးတွေကို ပိုမိုဆွဲဆောင်နိုင်တယ်ဆိုတာ လက်ခံရပါမယ်။

ချိန်းထားတဲ့အချိန်ထက် နောက်ကျခြင်း
မိန်းကလေးတွေဟာ အဆင့်တက်ဖို့ ကြိုးစားနေတဲ့ယောကျာ်းလေးတွေနဲ့ တစ်နေရာရာမှာ ချိန်းထားပြီဆိုရင် တမင်တကာ ရည်ရွယ်ချက်ရှိရှိ နောက်ကျတာမျိုး ပြုလုပ်တတ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာတော့ အဲဒီယောကျာ်းလေးရဲ့သူ့အပေါ် စိတ်ရှည်သည်းခံမှုကို စမ်းသပ်ချင်တဲ့သဘောမျိုးဖြစ်ပြီး ကိုယ့်အပေါ် တကယ်ချစ်မချစ်ကို အဲဒီအချက်နဲ့တောင် စံနှုန်းသတ်မှတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီအချက်က အမျိုးသမီးတွေအတွက် အကောင်းဆုံးအချက်မဟုတ်ဘူးဆိုတာကိုတော့ လက်ခံရပါလိမ့်မယ်။ ကိုယ့်ဘက်ကလည်း သူနဲ့သူ့အချိန်တွေကို တန်ဖိုးထားတယ်ဆိုတာ သက်သေပြသဖို့အတွက် ချိန်းထားတဲ့အချိန် အတိအကျရောက်အောင် သွားဖို့လိုအပ်ပါတယ်။ ဒီလိုမျိုးဆိုရင် အဲဒီ ယောကျာ်းလေးကလည်း ကိုယ့်ကို ပိုမိုတန်ဖိုးထားလေးစားလာပါလိမ့်မယ်။

အလွန်ဆာလောင်စိတ်ကို မထိန်းနိုင်ခြင်း
ဒီဘက်ခေတ်ကြီးထဲမှာ မိန်းကလေးအများစု မထိန်းနိုင်တဲ့အချက်က စားသောက်ဆိုင်မှာ ယောကျာ်းလေးနဲ့အတူတူ စာ သောက်နေပြီဆိုရင် ဆာလောင်စိတ်ပြင်းပြမှုကို မထိန်းနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ယောကျာ်းလေးနဲ့အတူတူ စားသောက်ရာမှာ ဣနြေ္ဒကြီးတစ်ခွဲသားနဲ့ လှတပတစားသောက်ရ မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အိမ်မှာ ကိုယ်ပုံမှန်စားနေကျအတိုင်း မနှေးလွန်းမမြန်လွန်း စား သောက်ရမှာဖြစ်ပြီး ဗိုက်ထဲမှာ ဘယ်လောက်ပဲဆန္ဒပြနေပါစေ အပြင်ဘက်မှာ အရမ်းဆာလောင်နေတဲ့ပုံစံမျိုး မဖြစ်အောင် ထိန်းသိမ်းရမှာဖြစ်ပါတယ်။

အကျပ်တွေ၊ အတိုတွေဝတ်ခြင်း
မိန်းကလေးအများစု မှားမှန်း မသိမှားနေတဲ့ နောက်ထပ် အဓိကအချက်တစ်ခုကတော့ ယောကျာ်း လေးတွေကို ဆွဲဆောင်ရာမှာ အတိုတွေ၊ အကျပ်တွေ ဝတ်ဆင်တာပဲဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထဲမှာတော့ ဒီလိုသဘာဝအလှပေါ်စေတဲ့ အဝတ်အစားတွေဝတ်ဆင်ခြင်းအားဖြင့် သူစိမ်းယောကျာ်းလေးကို ပိုမိုဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုတကယ်ချစ်တဲ့ ယောကျာ်းလေးတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အလှတွေထက် နှောင်ဖွဲ့သံယောဇဉ်တွေ အခြေတည်တဲ့ စိတ်ပိုင်းဆိုင်ရာရင်းနှီးမှုတွေကိုပဲ ပိုမိုအလေးထားသူတွေဖြစ်ပါတယ်။ တကယ်လို့ ရုပ်ပိုင်းဆိုင်ရာအလှတွေကို မက်မောသူဆိုရင်တော့ အဲဒီ လူဟာ ကိုယ့်ဘဝလက်တွဲဖော်မဖြစ်နိုင်ဘူးဆိုတာကို ကြိုတင်လက်ခံရပါလိမ့်မယ်။

အချိန်အခက်အခဲကြောင့် ကိုယ်သတ်မှတ်ထားတဲ့စံနှုန်း လျှော့ချခြင်း
မိန်းကလေးအများစုဟာ ကိုယ့်ဘဝတစ်ခုလုံးအတွက် သင့်တော်မှန်ကန်တဲ့ လက်တွဲဖော်ရှာဖွေရာမှာ သည်းမခံနိုင်မှုတွေကြောင့် ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းတွေ ကို လျှော့ချလေ့ရှိပါတယ်။ ဒါ့အပြင် အချိန်ကန့်သတ်ချက်ကြောင့်လည်း စိတ်ကူးထဲက မျှော်လင့်ထားတဲ့ ဘဝလက်တွဲဖော်မျိုးတွေ ရှာဖွေဖို့ အခက်တွေ့လေ့ရှိပါတယ်။ အထူးသဖြင့် မိန်းကလေးအများစုဟာ အသက်(၃ဝ)ဝန်းကျင်မှာ အိမ်ထောင်ပြုပြီး (၃၅)နှစ် မတိုင်ခင် ကလေး (၂)ယောက်ယူ ဖို့ ရည် မှန်းလေ့ရှိပါတယ်။ အဲဒီအတွက် ကြောင့်ပဲ ဘဝလက်တွဲဖော်ရွေးချယ်ရာမှာ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေထက် ပိုမိုလျော့နည်းသွားတာဖြစ်ပြီး ကိုယ်တကယ်ချစ်မြတ်နိုးတဲ့သူမဟုတ်ရင် ကိုယ့်ရဲ့ ကျန်တဲဘဝတစ်လျှောက်လုံးကိုလည်း သာယာပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ဒီကြားထဲ အဲဒီကာလမှာ ကိုယ်တကယ်ချစ်မြတ်နိုးသူနဲ့တွေ့မယ်ဆိုရင် ကိုယ့်အတွက် ပို မိုခက်ခဲနိုင်ပြီး မိန်းကလေးတွေအနေနဲ့ ဆန္ဒမစောဖို့သာ အရေးကြီးပါတယ်။

စာရေးသူ - နှင်းကေသရာ
Shape Entertainment Journal

No comments:

Subscribe

လာလည်သူများ

free counters