♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 28, 2015

" လူလိမ် သတိထားပါ (ကျမဒီလောက်မအပါ) "

 
လူရယ်လို့ဖြစ်လာရင် တစ်နေ့နေ့ တချိန်ချိန်မှာတော့ လူလိမ်လူညာလူယုတ်မာတွေနဲ့ ဆုံတွေ့ရမှာမလွဲပါဘူး
လောဘနောက်လိုက်သွားရင်တော့ သေခြာပေါက်ဒုက္ခရောက်မှာပါဘဲ စဉ်ချင်တုံ တရားလေးမမေ့ကျပါနဲ့
ကျမ မနေ့ညကပူပူနွေးနွေး ကြုံလိုက်ရတဲ့ လူလိမ်တစ်ယောက်ရဲ့ လိမ်နည်းလေးကို အများသူငါသိရလေအောင်
ပြောပါရစေ အားလုံးလဲ သတိထားနိုင်အောင်လို့ပါ

ဖြစ်ပုံကဒီလို
တိုက်ကြီးက ကျမခြံကို ရောင်းဖို့ သတင်းစာမှာ ကြောငြာထည့်ဘူးပါတယ် ဆက်သွယ်ရမဲ့ ဖုံးအပါအ၀င်ပေါ့
မနေ့ည ၈နာရီ ၁၅လောက်မှာ လူတစ်ယောက်ဖုံးဆက်လာပါတယ် ခြံဝယ်ချင်လို့ပါတဲ့ ပိုင်ရှင်လား အကျိုးဆောင်လားတဲ့ ကျမကပိုင်ရှင်ပါလို့ပြောတော့ သူကတိုက်ကြီးကရဲမှူးသိန်းအောင်ပါတဲ့ ၃ဧကလောက်ခွဲရောင်းပါတဲ့ ဒီည ၉နာရီခွဲငွေလာချေပါ့မယ်တဲ့ ကျမအိမ်လိပ်စာတောင်ပြောလိုက်မိတယ်
ကျမဒီအထိလိမ်နေမှန်းမသိသေးဘူး
ဒီအတိုင်းငွေချေလို့မရဘူး သက်ဆိုင်ရာလူကြီးတွေရှေ့မှာ လုပ်မှရမယ်လို့ပြောလိုက်တယ်
အဲ့ဒီအချိန်မှာ ဖုံးလိုင်းက သိပ်မကြားရတော့ဘူး ဒါနဲ့ ကျမပြန်ခေါ်လိုက်ပါ့မယ်ဆိုပြီး ဖုံးချလိုက်တယ်
အပြင်သွားနေတဲ့ ကျမအမျိုးသားကို ဖုံးဆက်ပြီးပြန်လာခိုင်းလိုက်တယ်
ပြီးတော့ သူဆီကိုပြန်ဆက်လိုက်တယ် တခြားဖုံးတစ်လုံးနဲပါ့ ပထမတစ်ခေါက် ဖုံးချလိုက်တယ်
ဒုတိယတစ်ခေါက်ခေါ်တော့ ကိုင်တယ် ရန်ကုန်မှာသူအစည်းအဝေးလာတက်တာပါတဲ့ သူ့မှာ ပိုက်ဆံပါပါတယ်တဲ့ တစ်ခါထဲ့ချေပါ့မယ်တဲ့ ခြံကိုေ၇ာက်ဘူးလို့လားဆိုတော့ သူရောက်ဘူးပါတယ်တဲ့ ထက်ကြည့်ရာမလိုပါဘူးတဲ့
ကျမခြံအပိုင်က အုပ်ချုပ်ရေးမှူးကိုသိလားဆိုတော့ သိပါတယ်တဲ့ ကျမမသင်္ကာမကင်းစဖြစ်လာတယ် ကျမအကိုကြီးဖြစ်တဲ့ တိုက်ကြီး အထက ကကျောင်းအုပ်ကိုသိလားဆိုတော့ အဲလောက်တော့ မသိဘူးတဲ့ အသံကလည်း လူငယ်သံဖြစ်နေတယ် ရဲမှူးတစ်ယောက်ရဲ့ အသက်က အနည်းဆုံးတော့ ၅၀ပတ်ဝန်းကျင်လောက်ဖြစ်ရမယ်လေ ပြီးတော့ ရဲမှူးတစ်ယောက်က ကျမဆီကို ညကြီးမိုးချုပ် ခြံဝယ်ဖို့
ဖုံးဆက်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ပါဘူး
နောက်ထက်သေခြာတာတစ်ခုကတော့ ကျွန်တော့်ကို အကူအညီတစ်ခုလောက်ပေးပါတယ့် သူအမျိုးသမီးဆီကို ဖုံးခေါ်နေတာမရလို့တဲ့ သူ့ဖုံးကငွေကုန်ကာနီးနေလို့ ငွေလေးဖြည့်ပေးပါတဲ့ ကျမကြောင်သွားတယ် ပြီတော့ သဘောပေါက်လိုက်တယ် ဒီလူလူလိမ်ဘဲဆိုတာ ကျမခြံလည်းမရောင်းဘူး ငွေလည်းမလိုဘူး လာစရာလည်းမလိုဘူးလို့ ပြောပြီးဖုံးချလိုက်တယ်
ပြီးတော့ချက်ချင်းပဲ ကျမခြံအပိုင်က အုပ်ချုပ်ရေးမှူးဆီကိုဖုံးခေါ်လိုက်တယ် အကျိုးအကြောင်းပြောပြီး တိုက်ကြီးကရဲမှူးနံမည်ကို စုံစမ်းလိုက်တယ် အဲဒီမှာတက်တက်စင်အောင်လွဲနေပါတော့တယ်
အုပ်ချုပ်ရေးမှူးကကျမကို အကြံပေးပါတယ် ရန်ကုန်ကကျမတို့ ရပ်ကွက် အပိုင်က အုပ်ချုပ်ရေးမှူးဆီကို သတင်းပို့ထားလိုက်ပါတယ် သော့တွေလုံခြုံအောင်လုပ်ဖို့ တံခါးမဖွင့်ပေးဖို့ သတိပေးလိုက်ပါတယ်
ကျမလည်းရပ်ကွက် အပိုင်က အုပ်ချုပ်ရေးမှူးဆီကိုဖုံးဆက်ပြီးအကူအညီတောင်းရပါတယ်
သော့တွေလုံခြုံအောင်လုပ်ဖို့ တံခါးမဖွင့်ပေးဖို့ထက်ပြီးသတိပေးပါတယ် လူလိမ်အိမ်ကိုရောက်လာပါက
သူတို့ဆီကိုဖုံးထက်ခေါ်ဖို့ပြောပါတယ်
ကျမလည်း သော့တွေလုံခြုံအောင်လုပ်ပြီး စောင့်နေလိုက်ပါတယ် မောင်မင်းကြီးသားကတော့ ရောက်မလာပါဘူး လူလိမ်ရဲ့ ဖုံးလေးကို မှတ်ထားလိုက်ကျပါအုံး
၀၉၂၆၂၅၉၇၉၀၇
အရင်ကဆိုရင်တော့ ဆက်သွယ်ရေးမှာဖုံးနံပါတ်ကိုစစ်လိုက်ရင် ဒီလူကိုဖမ်းမိမှာပါ အခုတော့နေရာမရွေး ဈေးပေါ်ပေါ်နဲ့ ကဒ်တွေဝယ်လို့ ရနေတော့ ဘယ်လိုမှလိုက်လို့မရတော့ပါဘူး
ဒါပေမဲ့သင်းခန်းစာတော့ရသွားပါတယ် ဒီလိုတွေလိမ်တက်ပါလားဆိုတာ
ကျမသာလောဘနောက်လိုက်သွားမိရင် ဘာတွေဆက်ဖြစ်မလဲမသိပါဘူး
လောဘနောက်မလိုက်ဘဲ စဉ်ချင်တုံ တရားလေးမမေ့ကျပါနဲ့လို့သတိပေးလိုက်ပါရစေ
ဒီနေရာကနေ တိုက်ကြီးကချင်းကုန်းအုပ်ချုပ်ရေးမှူး နဲ့ ကျမလည်းရပ်ကွက် အပိုင်က အုပ်ချုပ်ရေးမှူးကို ကျေးဇူးအထူးတင်ပါတယ်လို့


Credit : http://mandalaygazette.com/219107

No comments:

Subscribe

လာလည်သူများ

free counters