♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 28, 2015

" မလေးရှားစတိုင် အုန်းထမင်း " (Wut Yee Food House)

 

မလေးရှားစတိုင် အုန်းထမင်းနှင့် ကြက်သားဟင်းလေးပါ။ မြန်မာ အုန်းထမင်းနဲ့ ချက်နည်း ခပ်ဆင်ဆင်ပေမယ့် အနံ့ရော၊ အရသာပါ ကွဲပါတယ်။ မလေးရှားစတိုင် အုန်းထမင်းမှာ ငရုတ်သီးပါတာမို့ စပ်စပ်လေးနဲ့ တမျိုး စားလို့ကောင်းပါတယ်။ ချက်နည်းလေးကို တူတူကြည့်ရအောင်…
အုန်းထမင်းအတွက် ပါဝင်ပစ္စည်းများ
  • အုန်းနို့နှစ် – ၁၀၀ ဂရမ်
  • ဆန် (basmati) – နို့ဆီဘူုး ၂လုံး ( ၂ရေ၊ ၃ရေ ဆေးထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရေ – နို့ဆီဘူး ၃လုံး
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပျဉ်တော်သိမ်းရွက် – ၄-၅ရွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ငရုတ်သီးနီ – ၂တောင့် (ပါးပါးလှီးပါ)
  • နံနံပင် – အလှဆင်ရန်
အုန်းထမင်း ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီပူထိုးပေးပါ။
၂။ ပြီမှ ဆနွင်းမှုန့်၊ အုန်းနို့နှစ်၊ ပျဉ်တော်သိမ်းရွက်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ
၁မိနစ်ခန့် တည်ထားပါ။



၃။ ထို့နောက် ဆန်ထည့်ထားသော ထမင်းအိုးထဲသို့ အုန်းနို့နှစ်၊ ရေ(၃ခွက်) တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။



၎။ ရိုးရိုးထမင်းချက်သလိုပဲ Rice Cooker ဖြင့် ချက်ပေးပါ။
၅။ အုန်းထမင်း ရရချင်း မခူးပဲ warm ထားပြီ ခဏနုပ်ထားပေးပါ။
၆။ အရသာအနေတော်လျှင် အုန်းထမင်းပေါ်မှ ငရုတ်သီး၊ နံနံပင်တို့ကို ဖြူးပြီ အရသာရှိစွာ ကြက်သားဟင်းဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…



ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ
၁။ ကြက်သား – ၄၀ကျပ်သား (အတုံးကြီးများ တုံးပါ)
၂။ ကြက်သွန်နီ – ၆လုံး (နှုတ်နှုတ်စဉ်းပါ)
၃။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
၎။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်း အရည်ညှစ်ပါ)
၅။ အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရ။ ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၈။ နံနံပင် – ၁စည်း

ကြက်သားဟင်း ချက်ပြုတ်နည်း
၁။ ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ကြက်သွန်နီ(တ၀က်)၊ ကြက်သွန်ဖြူ(တ၀က်)၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်)တို့ကို ရောနုယ်ထားပြီ ရေခဲသတ္တာထဲတွင် နာရီဝက်မျှ နုပ်ထားပေးပါ။
၂။ ပြီမှ မချက်ခင် ၅မိနစ်လောက် အပြင်ကို ကြိုထုတ်ထားပေးပါ။
၃။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကျန် ကြက်သွန်ဖြူ၊ နီ(တ၀က်)ကို ဆီသပ်ပေးပါ။
၎။ ပြီနောက် အရောင်တင်မှုန့်ထည့်လိုက်ပါ။
၅။ ထို့မှ နုပ်ထားသော ကြက်သားများကို ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် လုံးချက်ပေးပါ။


Credit : http://www.wutyeefoodhouse.com/?p=4846

No comments:

Subscribe

လာလည်သူများ

free counters