♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 27, 2015

" စေတန်ဂြိုဟ်ကို နောက်ပြန်ပတ်နေသော လတစ်စင်းကို ကာစီနီ အာကာသယာဉ် က စူးစမ်းလေ့လာ"

 
ဝါရှင်တန် ၊ ၂၀-၈-၂၀၁၅

ဧရာမ ဓာတ်ငွေ့လုံးကြီး ဖြစ်သော စေတန်ဂြိုဟ် ကို ပြောင်းပြန် လှည့်ပတ်နေသည့် Norse လ အစုအဝေးတွင် လအငယ်စား အလုံးရေ ၆ဝ ခန့်ပါရှိရာ နာဆာပိုင် ကာစီနီ အာကာသယာဉ် က၄င်း Norse လအစုအဝေး မှ Hyrrokkin လကို စူးစမ်းလေ့လာ နေကြောင်း သိရသည်။

စေတန်ဂြိုဟ်ကို လှည့်ပတ်နေသောလများတွင် Titan ကဲ့သို့ တိမ်ဖုံး နေသောလ၊ Enceladus ကဲ့သို့ ရေမှုတ်ထုတ် သောလ၊ Mimas ကဲ့သို့ ကြယ်အသေ နှင့် တူသောလ တို့ကို နာဆာက စူးစမ်း လေ့လာခဲ့ပြီး ဖြစ်ရာ ၄င်းတို့သည် စေတန်ဂြိုဟ်နှင့် အကွာအဝေး အားဖြင့် နီးစပ်ကြောင်း၊ စေတန်နှင့် တဖြည်းဖြည်း အလှမ်းကွာဝေး သွားသောလများ နောက်ထပ် အစင်း ၆ဝ ခန့်ရှိရာ စေတန်ကို အဝေးမှ လှည့်ပတ် နေသောလ များအနက် Hyrrokkin ကို ကာစီနီ က ပထမဆုံး စတင်လေ့လာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

'' Hyrrokkin ပါဝင်တဲ့ Norse အုပ်စုမှာ လပေါင်း ၂၉ စင်း ရှိပါတယ်။ အဲဒီထဲက အရွယ်ကြီးတဲ့ Phoebe ဆိုတဲ့လကိုပဲ အသေးစိတ် လေ့လာဖူး ပါတယ်။ ဒီတစ်ပတ် မှာတော့ Hyrrokkin ကိုလေ့လာဖို့ ရွေးချယ်လိုက် တာပါ။ Hyrrokkin ဟာ အရွယ်အစား အားဖြင့် အတော်ကြီး သေးငယ်
ပါတယ်။ အချင်း ၈ ကီလိုမီတာ လောက်ပဲရှိ ပါတယ်။ ဒါကြောင့်လဲ ကာစီနီ အာကာသ ယာဉ်ရဲ့အားကောင်းလှ တဲ့ ကင်မရာနဲ့ တောင် Hyrrokkin ကို မီးပွားသာသာ လောက်ပဲ မြင်ရပါတယ် " ဟု နာဆာ သိပ္ပံပညာရှင် တစ်ဦးက ပြောပြသည်။

Hyrrokkin သည် အမြင်အားဖြင့် မီးပွားသာသာ ရှိသော်လည်း ၄င်း၏ ပတ်လမ်း ဒီဂရီကို ဖော်ထုတ် နိုင်မည် ဖြစ်ကြောင်း၊ Hyrrokkin ၏ ပတ်လမ်းသည် ထူးဆန်းကြောင်း၊ စေတန်ဂြိုဟ်ကို လှည့်ပတ် နေရင်း တစ်ချက် တစ်ချက် အလွန်နီးကပ် သွားသကဲ့သို့ ဝေးကွာ သွားသည့် အချိန်လည်း ရှိကြောင်း၊ ထို့ပြင် စေတန်ကို နောက်ပြန် ပတ်နေသော Norse အုပ်စုထဲတွင် ပါဝင်သည် ကလည်း ထူးခြားချက် တစ်ခု ဖြစ်နေကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ဘီလီယံပေါင်း များစွာက Norse အုပ်စု သည်လည်း စေတန်နှင့် အလွန်နီးကပ် ခဲ့ဖွယ် ရှိကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

သုတေသီများသည် Hyrrokkin ၏ ပတ်လမ်း ပြောင်းလဲပုံကို စနစ်တကျ စောင့်ကြည့် သွားကာ စေတန်ဂြိုဟ်ကို ပတ်နေသော ၄င်း၏ ပတ်လမ်း ပြောင်းလဲ ပုံကို မြေပုံညွှန်း ရေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar


Credit : http://www.themeltingpot4u.com/2015/08/blog-post_852.html?m=0

No comments:

Subscribe

လာလည်သူများ

free counters