♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 24, 2015

" အူတဲ့ မိန်းမနှင့် လိမ္မာတဲ့ မိန်းမ..အူတဲ့ ယောက်ျားနှင့် လိမ္မာတဲ့ ယောက်ျား "

 

အူတဲ့မိန်းမဟာကိုယ့်ယောက်ျားရဲ့အားနည်းချက်ကိုအမြဲမျက်စိတောက်ထောက်ကြည့်နေတတ်ကြတယ်။
 ယော့က်ျားဆိုတာ ကြည့်နိုင်ပါမှ တော်ကာကျတယ်ဆိုတဲ့ သဘောမျိုးပါးနပ်တဲ့မိန်းမကျတော့ 
ကိုယ့်ယောက်ျား ရဲ့ အားသာချက်ကိုပဲ အမြဲသတိထားမိတယ် ၊ ကြည်ညိုအားကိုးတဲ့ပုံစံမျိုး

အူတဲ့ယောက်ျားဟာ ကိုယ့်မိန်းမရဲ့ အားနည်းချက်ကို အမြဲမျက်စိတောက်ထောက်ကြည့်နေတတ်ကြတယ်။ မိန်းမဆိုတာ ကြည့်နိုင်ပါမှ တော်ကာကျတယ်ဆိုတဲ့ သဘောမျိုး
ပါးနပ်တဲ့ယေက်ျားကျတာ့ ကိုယ့်မိန်းမရဲ့ အားသာချက်ကိုပဲ အမြဲသတိထားမိတယ် ၊ မြတ်နိုးဂုဏ်ယူတဲ့ပုံစံမျိုး။


အူတဲ့မိန်းမဟာ နေရာမရွေး ယောက်ျားကို ပြသနာရှာတတ်ကြတယ်။ ယောက်ျား ဖြစ်တဲ့သူက ဘယ်မှာမျက်နာထားရမှန်း တောင်မသိတော့ဘူး၊
ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျား ကိုလူရှေ့သူရှေ့မှာ မျက်နာပေးလေ့ရှိတယ်။
ကွယ်ရာမှာကျတော့ ယောက်ျား ကိုနိုင်အောင် ထိန်းတယ်။


အူတဲ့ ယောက်ျားဟာ နေရာမရွေးမိန်းမ ကို ပြသနာရှာတတ်ကြတယ်။ မိန်းမ ဖြစ်တဲ့သူက ဘယ်မှာမျက်နှာ
ထားရမှန်း တောင်မသိတော့ဘူး၊
ပါးနပ်တဲ့ ယောက်ျားကျကျတော့ မိန်းမကိုလူရှေ့သူရှေ့မှာ မျက်နှာပေးလေ့ရှိတယ်။ ကွယ်ရာမှာကျတော့

မိန်းမကို ကိုယ့်လက်တွင်းနေအောင် ချော့တယ်၊ ချောက်တယ်၊ ယုယတယ်၊ ကြင်နာတယ်၊ ထိန်းတယ်။

အူတဲ့မိန်းမဟာ ယောင်္ကျာံး ကိုအမြဲ နှိမ်တယ်။ ယောက်ျားကို နှိမ်လိုက်ရင် ကိုယ်လည်းအဆင့်ကျသွားမှန်း သူတို့သိပုံမရပါဘူး၊
ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျားကိုအမြဲ ပင့် ထားလေ့ရှိတယ်။
ေ ယောက်ျား ကောင်းစားရင် ကိုယ်လည်းလိုက်ပြီးကောင်းစားတယ် မဟုတ်လား၊



အူတဲ့ ယေက်ျားဟာ မိန်းမကိုအမြဲ နှိမ်တယ်။ မိန်းမကို နှိမ်လိုက်ရင် ကိုယ်လည်းအဆင့်ကျသွားမှန်း သူတို့သိပုံမရပါဘူး၊
ပါးနပ်တဲ့ ယောကျားကျတာ့ မိန်းမကို အမြဲလေးစား တန်ဘိုးထားလေ့ရှိတယ်။
မေိန်းမ ကောင်းရင် ကိုယ်ရှာထားတဲ့ ဥစ္စာပစ္စည်းတွေလည်း လုံခြုံစိတ်ချရတယ်၊ တိုးပွားတယ် မဟုတ်လား၊


အူတဲ့မိန်းမဟာ အဖြစ်ဟောင်းတွေကို တဖျစ်တောက်တောက် ငြီးနေတတ်တယ်၊
ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျားနဲ့အတူ ကောင်းတဲ့အနာဂတ်ကိုပဲ စိတ်ကူးယဉ်မျော်မှန်းနေကြတယ်လေ၊


အူတဲ့ ယောက်ျားဟာ အဖြစ်ဟောင်းတွေကို တဖျစ်တောက်တောက် ငြီးနေတတ်တယ်၊
ပါးနပ်တဲ့ ယောကျား ကျတော့ မိန်းမနဲ့အတူ ကောင်းတဲ့အနာဂါတ်ကိုပဲစိတ်ကူးယဉ်မျော်မှန်းနေကြတယ်လေ၊

 
အူတဲ့မိန်းမဟာ ယောက်ျားရဲ့အပြစ်တစ်ခုခုကိုတွေ့ခဲ့ရင် ပြောလို့မဆုံးနိုင်တော့ပါဘူး၊
ရှင်တို့ ယောက်ျားတွေ ဆိုတာ ဒီလိုကြီးပဲလား၊ ဒီတသက်ရှင့်ကိုဘယ်တော့မှ မယုံဘူးမှတ်ပါ။

ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျားကိုခွင့်လွတ်လွယ်တယ်၊
ယောက်ျားကိုအမြဲတမ်း ကြီးပြင်းရင့်ကျက်ဖို့ နှေးကွေးနေတဲ့ ကလေးကြီးလိုပဲ့ သဘောထားလေ့ရှိတယ်။


အူတဲ့ ယေက်ျားဟာ မိန်းမရဲ့အပြစ်တစ်ခုခုကိုတွေ့ခဲ့ရင် ပြောလို့မဆုံးနိုင်တော့ပါဘူး၊
မင်းတို့မိန်းမတွေ ဆိုတာ ဒီလိုကြီးပဲလား၊ ဒီတသက် မင်းကို ယုံဖို့ ခက်နေပြီ။ 

ပါးနပ်တဲ့ ယေက်ျားကျတော့ မိန်းမ ကိုခွင့်လွှတ်လွယ်တယ်၊
မိန်းမကိုအမြဲတမ်း နွဲ့ဆိုးဆိုးတတ်တဲ့ ကလေးလို သဘောထားပြီး ချော့မော့လို့ ပြုပြင်ပေးတတ်တယ်။


အူတဲ့မိန်းမ မသိလိုက်တာက ယောက်ျားဆိုတာ လောက်လေးဂွရဲ့လောက်စာလုံးလိုပဲ၊
သားရေကိုဆွဲလေလေ လောက်စာလုံး အဝေးကိုလွင့်လေလေပဲ၊
ပါးနပ်တဲ့မိန်းမကျတော့ ယောက်ျားကို လေတံခွန် စော့သလို ကိုင်တွယ်နိုင်စွမ်းရှိတယ်။
ဘယ်လောက်မြင့်မြင့်၊ဘယ်လောက်ဝေးဝေး၊ ကြိုးစက ကိုယ့်လက်ထဲမှာမဟုတ်လား။


အူတဲ့ယောက်ျား မသိလိုက်တာက မိန်းမဆိုတာ ဘိလပ်မြေလိုပဲ။ သေချာ မသိမ်းစည်း ဂရုမစိုက်ပဲထားရင်
နူးညံ့မနေတော့ဘဲ လေစိမ်းနှင့်တွေ့ရင် ကျောက်ခဲလို မာကျောသွားလေလေပါပဲ။
ပါးနပ်တဲ့ ယောက်ျားကျတော့ မိန်းမကို ပြိုင်ကားလို ကိုင်တွယ် ထိန်းသိမ်းနိုင်င်စွမ်းရှိတယ်။
ဘယ်လောက်မြန်မြန်၊ ဘယ်လောက်နှေးနှေး၊ စတီယာတိုင်ကကိုယ့်လက်ထဲမှာမဟုတ်လား

 
အူတဲ့မိန်းမက ဒီလိုအော်ပြောတတ်တယ်၊ ရှင်ဒီအိမ်ပေါ်ကနေဆင်းသွားစမ်း၊
လိမ္မာတဲ့မိန်းမကျတော့ ဒီလိုချွဲတတ်ပြန်တယ်၊ ကျမကိုပစ်ပြီး ခွဲမသွားနဲ့နော်တဲ့၊


အူတဲ့ ယောက်ျားက ဒီလိုအော်ပြော ငေါက်ပြောတတ်တယ်၊ မင်းဒီအိမ်ပေါ်ကနေဆင်းသွားစမ်း၊
လိမ္မာတဲ့ ယောက်ျားကျတော့ ဒီလိုချွဲတတ်ပြန်တယ်၊ ကိုယ့်ကိုပစ်ပြီး ခွဲမသွားပါနှင့် မေရယ်တဲ့။


အချုပ်ပြောရရင်တော့……
အူတဲ့မိန်းမဟာ သူရဲ့မျက်ရည်ကြားထဲကပဲ ယောက်ျားကိုအရှုံးနဲ့ ရင်ဆိုင်စေနိုင်သလို
ပါးနပ်တဲ့မိန်းမကျတော့လည်း သူ့ရဲ့အပြုံးကြားမှာယာက်ျား ကိုအောင်မြင်အောင်ကူညီနိုင်ခဲ့တယ်။


အူတဲ့ ယောက်ျားဟာ သူရဲ့ဒေါသမာန်မာနထဲကပဲ မိန်းမကိုအရှုံးနဲ့ ရင်ဆိုင်စေနိုင်သလို
ပါးနပ်တဲ့ ယောက်ျားကျတော့လည်း သူ့ရဲ့အကြင်နာတွေ၊ အပြုံးတွေ၊ နားလည်ခွင့်လွှတ်မှု ကြားမှာ မိန်းမကို 

ဘဝခရီးစဉ်တလျှောက် အဖော်မွန် အဖော်ကောင်း အဖြစ် ဖေးမ ခေါ်ယူနိုင်ခဲ့တယ်။ 
 
Credit: Sayar Aung Ko latt

 မှတ်ချက်။ ။
 အူတဲ့ မိန်းမနှင့် ပါးနှပ်တဲ့ မိန်းမ ဆိုပြီး မူရင်း ပိုစ်ရှင်က ရေးသားထားပါတယ်။ အမျိုးသမီးတွေကို တဖက်သတ်နှိမ်စရာ ဖြစ်နေသလို ခံစားမိတဲ့အတွက် ရောရောသမမွှေမှ အူတဲ့ ယောက်ျား လိမ္မာတဲ့ ယောက်ျားဆိုပြီး ထပ်မံဖြည့်ဆွက်လိုက်ရခြင်း ဖြစ်ပါတယ်။ 
လူဆိုတာ အမျိုးသား အမျိုးသမီးဆိုပြီး ရှိပါတယ်။  ကောင်းတဲ့ အမျိုးသမီးတွေရှိသလို ဆိုးတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်၊ ထိုနည်းတူစွာ ကောင်းတဲ့အမျိုးသားတွေရှိသလို ဆိုးတဲ့ အမျိုးသားတွေလည်းရှိကြပါတယ်။ အမျိုးသမီးချည်း သီးသန့်ရည်ညွှန်းလို့မရစကောင်းပါ။ 


Credit : http://www.myanmarlatestnews.com/archives/107297

No comments:

Subscribe

လာလည်သူများ

free counters