♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 24, 2015

"ဘယ်လိုတားစီးရမလည်းကွယ်"

  
 
ချစ် သူ ရေ
"နင့်"ကိုယ်လေ "ငါ" အရမ်းချစ်ခဲ့မိတာ
"ငါ" ကိုယ် "ငါ" တောင်အရမ်းအံ့သြတယ်
"နင့်" အကြောင်းတွေ "က"မှ"အ"အဆုံး
"ငါ"အရာအားလုံး အသိဆုံးလေ
အစဉ်ခြင်မဲ့စွာရယ် အချစ်ကြီးချစ်ခဲ့တဲ့
"ငါ့"မျက်မမြင် နှလုံးသားလေးကို
"ငါ"ဘယ်လို တားစီးရပါမလည်း
ချစ် သူ ရယ် .........

ချစ် သူ ရေ
"နင်"မကြင်နာတာတွေ သိတာပေါ့
ရှောင်ဖယ်မရအောင် ဇွတ်တရွတ်နဲ့
ချစ်နေမိသူက "ငါ" ရယ်ပါလေ
ယုတ္တိမရှိတဲ့ "နင့်"စကားတွေကို
ခေါင်းကလေးသာ အခါခါညိတ်ရင်း
"နင့်" အချစ်ဥာဉ်ဆိုး တွေကိုမှ
ဒီရင်မှာ လာလာ စွဲငြိနေတော့
စိတ်နာကာ မုန်းလိုက်ချင်ပေမယ့်
"ငါ့"နှလုံးသားရဲ့ အချစ်စစ်တွေက
ခွင့်ပြုခြင်း အလျင်းမရှိလေတော့
"ငါ"ဘယ်လို တားစီးရပါမလည်း
ချစ် သူ ရယ် ......
ချစ် သူ ရေ
ဆုံးရူံးမှု့တိုင်းသာ အသနားခံလို့ရရင်
"ငါ" အယူခံတော့ ဝင်ချင်မိတယ်
"ငါ" လေ "နင့်"ကိုယ် ပေးဆပ်ခဲ့တဲ့
အရာအားလုံးက အဖြူထည်တွေပါ
မေတ္တာဟာ အသွားအပြန်ရှိပေမယ့်
"ငါ" ကြမှမရှိတာတော့ ရင်နာမိတယ်
မေ့လိုက်ပါဆိုတဲ့ စကားကိုတော့
ဘယ်တောမှ မပြောလိုက်ပါနဲ့ 
"နင့်"ကိုယ်လေ လက်တွဲဖော်ပါလို့
တိုင်တည်ကာ ထားမိသူမို့
ဥပေက္ခာ အဆိပ်တွေသုံးနေလည်း
ကျောက်စိုင်ကျောက်သားတွေလို
ခိုင်မာစွာတွယ်ငြိနေတဲ့ "ငါ" အချစ်တွေကို
"ငါ"ဘယ်လို တားစီးရပါမလည်း
ချစ် သူ ရယ် .....
 
 
 

No comments:

Subscribe

လာလည်သူများ

free counters