♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 24, 2015

"ကြက်သွန်နီ၏ ထူးခြားသော ဆေးဖက်ဝင်အာနိသင်များ Medicinal benefits of onions"

စာရေးသူငယ်စဉ်က ပြေးလွှားဆော့ကစားရင်း မိမိ အိမ်နီးချင်းအိမ်မှ မွေးထားသော ခွေးတစ်ကောင်က မျက်စိနောက်ပြီးလိုက်ကိုက်ရာ ခြေသလုံး တွင် သွေးများယိုစီးကျပြီး အပေါက် ငယ်နှစ်ပေါက်ဖြစ် သွားပါသည်။ အိမ်ရှင် အဒေါ်ကြီးက အငို တိတ်အောင်ချော့မော့ပြီး ခွေးကိုက်နာ ကိုရေဖြင့် လောင်း ပြီး သေချာဆေးကြောပေးပါသည်။ ထို့နောက် သူ့အိမ်မီးဖိုချောင်မှ ကြက်သွန်နီဥကြီး တစ်ဥကိုယူ၍ ဓားဖြင့်ပြားအောင် ရိုက်ပြီး ခွေးကိုက် သည့်အပေါက် အစွယ်ရာပေါ်တွင်ဖိအုပ်ပြီး ပုဆိုးဟောင်းတစ်ထည်ကို ဆုတ်ဖြဲပြီး ပတ်တီး စည်းပေးပါသည်။ စည်းထားသောနေရာမှ တစစ်စစ် ကိုက်နေပြီး တစ်နာရီခန့် ကြာသောအခါ သက်သာ သွား ပါသည်။ နောက် တစ်နာရီခန့်ကြာသောအခါ ပတ်တီးကို ဖြည်ပေးသည်။ ကြက်သွန်နီဥမှာ သွေး များနှင့်အဆိပ်များကို စုပ်ယူသွားပြီး မဲနက်သွားသည် ကို ကိုယ်တွေ့ တွေ့ရဖူးပါသည်။ ပြီးမှ အနာ ကို ဆေးဝါရည် အနာကျက်ဆေးကို ပေးပါသည်။ ခွေးမှာလည်း အိမ်မွေးခွေး ဖြစ် သဖြင့် စိတ်ချရပါသည်။ အနာလည်းမရင်းဘဲ နောက်နှစ်ရက်တွင် ပျောက်ကင်းသွားပါသည်။ ကြက်သွန်နီ၏ အစွမ်းကို ငယ်စဉ်က ကြုံရခြင်းဖြစ်ပါသည်။ ကြက်သွန်နီသည် အိမ်ရှင်မများ ဟင်းချက်ရာတွင် နေ့စဉ်မပါမပြီး၊ မရှိမဖြစ်သော မီးဖိုချောင်သုံး အမယ်တစ်မျိုးဖြစ်သည်။ အာဟာရအနေ နှင့်လည်း ရေငွေ့ဓာတ်နှင့်ကစီဓာတ်များစွာပါဝင်သည်။ ဆီးရွှင် စေသော ဓာတ်လည်း ပါဝင်သည်။ အသားဟင်းများချက်လျှင်လည်း ကြက်သွန်နီဥ ထည့်ချက်လျှင်လည်း လျင်မြန်စွာနူးစေနိုင်သည်။ မကောင်းသောအနံ့ အသက်များကိုလည်း စုပ်ယူနိုင်စွမ်းရှိသည်။
ကြက်သွန်နီနှင့်ချက်သောဟင်း များသည် အစာကြေနိုင်စွမ်းရှိသည်။ ရှေးဟောင်းမြန်မာဆေးကျမ်းတစ်စောင်ဖြစ်သော {{ရှူတော် မူဆေး အဘိဓာန်ကျမ်း}} ကြီးတွင် . . .ကြက်သွန်နီသည် လေ၊ သလိပ်၊ သည်းခြေ၊ ရတ္တပိတ်နာ (သွေးကြောပိတ်ရောဂါ)၊ အဖျား ချောင်းဆိုး၊ ကုတ်ဟီးနာတို့ကို နိုင်၏။ ဆီးကိုရွင်စေတတ်၏။ သုတ်ကိုပွားစေတတ်၏ဟု ဆိုထားသည်ကို တွေ့ရသည်။ စာရေးသူ၏ဖခင် အသက်ရှစ်ဆယ်ကျော်အဖိုးသည် ကြက်သွန်နီကို ပါးပါးလှီး၊ သံပုရာရည်၊ ရှောက်ရည်ဆမ်းပြီး ထမင်းစားတိုင်းတွဲဖက်စားလေ့ ရှိသည်။ သူသည် နယ်သတင်းထောက်တစ်ဦးဖြစ်ပြီး ယခုအခါ သက်ကြီးကန် တော့ ခံသတင်းစာ ပညာရှင်ဖြစ်သည်။ သူ့တွင် လူကြီးများဖြစ်လေ့ရှိသည့် ဆီးကျိတ်ရောင် ရောဂါမဖြစ်ခြင်းမှာ ကြက်သွန်နီကိုနေ့စဉ် မှန်မှန်စား သုံးခဲ့ ခြင်းကြောင့် ဖြစ်ကြောင်းပြောပါသည်။ ကြက်သွန်နီမှာ ဆီးကောင်းသည်မှာ အမှန်ပင်ဖြစ်ပါသည်။ လွန်ခဲ့သော ရက်အနည်း ငယ်က မိုးများစွာရွာပြီး လမ်းများရေမြုပ်သဖြင့် ဖိနပ်ရေစိုဖြင့် ကျောင်းသွားရသော သမီးငယ်တစ်ဦးမှာ ဆီးအောင့်ပြီး အပေါ့သွားေ သာအခါ များများမသွား၊ တစ်စက်ချင်းသွားနေသဖြင့် ဒုက္ခရောက်သည်။ ထိုသို့ဖြစ်နေ သူကို ကြက်သွန်နီဥကြီး ကို ထောင်းပြီး ပိတ်စဖြင့်ထုပ်၍ အရည်ညှစ်ယူပြီး သကြားတစ်ဇွန်းနှင့် စပ်တိုက်သည်။ မကြာမီပင် ဆီးများသွားပြီး ဆီးအောင့်ဝေဒနာမှာ သက်သာသွားကြောင်းတွေ့ရသည်။ နားကို ဆံပင်ညှပ်သည့် ကလစ်ဖြင့် နားချေးကလော်မိရာမှ ရောင်ပြီး နားကိုက်နေသူ တစ်ဦးမျာ ဆေးရုံဆေးခန်းနှင့် ဝေးသည့် နေရာတွင်ဖြစ်သဖြင့် ဒုက္ခရောက်နေရာ တိုင်းရင်းဆေးမြီးတို သိနားလည် သူ တစ်ဦးက ကြက်သွန်နီဥကို မီးကင်၍ အရည်ညှစ်ပြီး နားအတွင်းသို့ထည့်ပေးရာ နားကိုက်သက်သာသွား သည်ဟု ကိုယ်တွေ့ကြုံသူ တစ်ဦးက ပြောပြပါသည်။ ဆရာဝန်နှင့်ဝေးသည့်အရပ်တွင် အသုံးဝင်သော ဆေးမြီးတို၊ ဆေးနည်းတိုဖြစ်ပါသည်။ ဦးခေါင်း အရေပြား ဗောက်ထခြင်း၊ ယားယံခြင်းဖြစ်ပါက တန်ဖိုးကြီး ခေါင်းလျှော်ရည် များ မသုံးစွဲနိုင်လျှင် မီးဖိုချောင်သုံး ကြက်သွန် နီဖြင့် ပျောက် ကင်းနိုင်ပါသည်။ ကြက်သွန်နီဥကို ထက်ခြမ်းခြမ်း ပြီး ဦးခေါင်းအရေပြားအတွင်း စိမ့်ဝင်အောင် ပွတ်ပြီး ခေါင်းလျှော်ပေးပါ၊ နေ့စဉ်မှန်မှန်ပြုလုပ်လျှင် ဗောက်များ ပျောက်သွားပါလိမ့်မည်။ အချို့က ကြက်သွန်နီဥအရည်၊ ရှောက်ရည်၊ ပျားရည် ၃ မျိုးရောစပ်ပြီး လိမ်းလျှင်လည်း ဦးခေါင်းမှ ဗောက်များအချပ်လိုက်ကွာကျ ပျောက်ကင်းသည်ဟုဆိုပါသည်။ ကြက်သွန်နီ ၏ဆေးဘက်ဝင်အသုံး များမှာ-
ကြက်သွန်နီ၏ဆေးဘက်ဝင်အသုံးများမှာ
၁။ ကြက်သွန်နီကို အစိမ်းစားခြင်းဖြင့် ဆီးကောင်းစေသည်။
၂။ ကြက်သွန်နီဥကို မီးဖုတ်၍စားခြင်းဖြင့် လေသက်စေနိုင်သည်။
၃။ ထိပ်ပြောင်သောနေရာတွင် ကြက်သွန်နီဥကိုထက်ပိုင်းဖြတ်၍ ပွတ်ပေးလျှင်ဆံပင်ပြန်ပေါက်စေ နိုင်သည်။
၎။ ဆံပင်ဖြူလျှင် ကြက်သွန်နီဥမှညှစ်၍ရသောအရည်ကို နေ့စဉ် ဦးခေါင်းတွင်ပွတ်ပေးလျှင် ဆံပင်ပြန်နက်စေနိုင်သည်။
၅။ ကင်းကိုက်၊ ပျားတုပ်၊ ပုရွက်ဆိတ်ကိုက်သည့် အနာများတွင် ကြက်သွန်နီဥကိုထက်ပိုင်း ဖြတ်၍ပွတ်ပေးခြင်းဖြင့် သက်သာစေ နိုင်သည်။
၆။ အကျိတ်နှင့် သက်တန့်ရောင်နာများတွင် ကြက်သွန်နီကို မီးအုံး ၍ခပ်နွေးနွေးအုံပေးလျှင် ပျောက်ကင်းသည်။
၇။ ညအိပ်မပျော်လျှင် ကြက်သွန်နီဥကြီးကို ပြုတ်၍လည်းကောင်း၊ ရေနွေးငွေ့ဖြင့်ပေါင်း၍လည်းကောင်း
စားလျှင်အိပ်ပျော်စေနိုင် သည်။
၈။ ငရုတ်ကောင်းနှင့်ရောစပ်၍ တစ်နေ့သုံးကြိမ်စားလျှင် ငှက်ဖျား တက်ရောဂါသက်သာပျောက်ကင်း စေနိုင်သည်။
၉။ ကြက်သွန်နီအစေ့ကို ထောင်းစားက အားတိုးဆေးဖြစ်စေ၏။
၁၀။ ကလေးဗိုက်နာလျှင် ကြက်သွန်နီအရည်တိုက်ပေးက သက်သာ၏။
၁၁။ မီးဖုတ်ထားသောကြက်သွန်နီကို ထက်ခြမ်းခွဲ၍ ဆီးခုံပေါ်တွင် ခပ်နွေးနွေးကပ်ပေးလျှင် ကလေးဆီးချုပ်ရောဂါ ပျောက်၏။
၁၂။ ကြက်သွန်နီအရည်ညှစ်ယူ၍ သကြားနှင့်ရှာလကာရည်လုပ်၍ သောက်သော် ဆီးပူရောဂါ၊ ၀မ်းပျက်ရောဂါပျောက်၏။
၁၃။ ကြက်သွန်နီတစ်ဥ လတ်လတ်ဆတ်ဆတ်ညှစ်၍ အရည်ကို သကြားတစ်ဇွန်းနှင့် နေ့စဉ်သောက်လျှင် လိပ်ခေါင်းသွေး ကျ ရောဂါ ပျောက်ကင်း၏။
၁၄။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်ရောဂါအတွက် ကြက်သွန်နီအရည်ညှစ်၍ ဆားအနည်းငယ်ရောစပ်၍ မျက်စဉ်း ခပ်ပေးခြင်းဖြင့် ရောဂါပျောက်ကင်းစေနိုင်သည်။
၁၅။ ကြက်သွန်နီမီးဖုတ်၍ အရည်နွေးနွေး နားထဲထည့်ပေးသော် နားကိုက်ရောဂါပျောက်၏။
၁၆။ ကြက်သွန်နီအစိမ်းအရည်ညှစ်၍ တစ်နေ့ ၃ ကြိမ် နားအတွင်း ထည့်ပေးသော်နားပြည်ယို ရောဂါပျောက်၏။
၁၇။ သွားကိုက်လျှင် ကြက်သွန်နီတစ်စိတ်ကို ကိုက်သောသွားပေါ် တင်ပြီး ဖိထားပေးပါက သက်သာစေသည်။
၁၈။ ကြက်သွန်နီဥ၏ သတ္တုရည်ကို ပျားရည်၊ ချင်းစိမ်းရည်၊ ထောပတ် တို့ဖြင့်ရော၍ဆေးချက်စားလျှင် ဓမ္မတာထိန်သူ၊ ငုပ်သူများ ပြန်ပေါ်စေနိုင်သည်။
၁၉။ ကြက်သွန်နီကို ဒူလာပါဒရက်၊ မီးယပ်ပိန်မီးယပ်ခြောက်၊ အားယုတ်ရောဂါ၊ ရင်ဘတ်နာ၊ လေနာရောဂါများအတွက် ချက်သော ဆေးများတွင် ထည့်သွင်းဖော်စပ်လေ့ရှိသည်။


Writer  : ကြည်လွင်မြင့် (မုဒြာ)
Source : ကြေးမုံသတင်းစာ
Credit  :  http://www.free4reader.com/articles_reader_m.php?file=33869

No comments:

Subscribe

လာလည်သူများ

free counters