တိုးဖူး
အမျိုးမျိုး ရှိတဲ့အနက် ဒီတခါတော့ ဆန်နဲ့လုပ်တဲ့ ဆန်တိုဖူး
လုပ်စားဖြစ်တယ်။ လုပ်စားထားတာ တော်တော်ကြာပါပြီ။ ကိုယ်တို့
မြစ်ကြီးနားမှာဆို ဆန်တိုဖူး၊ မြေပဲတိုဖူး၊ ၀မ်းတိုဖူး(တိုဖူးဝါ)၊
ပဲတိုဖူး(ပဲဝါလေး တိုဖူး)၊ ပဲပြား(ပဲပုပ်စေ့တိုဖူး)၊ ကြက်ဥတိုဖူး
အမျိုးမျိုးပေါ့။ ဆန်တိုဖူးကတော့ လွယ်ပါတယ်။
ဆန်တိုဖူကျိုနည်း
ဆန်မှုန့်နို့ဆီဗူးတဗူးကို ရေနို့ဆီဗူးတဗူးနဲ့ ဖျော်ထား။
ထုံး(ကွမ်းယာမှာထည့်တဲ့ထုံး) လ္ဖက်ရည်တဇွန်းကို ရေနဲ့ဖျော်ထား။
အိုးတလုံးမှာ
ရေနို့ဆီဗူး၃ဗူးထည့်၊ ပွက်ပွက်ဆူလာရင်၊ ထုံးကို အပေါ်ယံအရည်ကြည်လေးထည့်၊
ရေဖျော် ထားတဲ့ ဆန်မှုန့်ကိုပြီး အစက်မပြတ်မွှေပေး။ တိုဖူးသားတွေ
ပျစ်ခဲလာပြီဆိုရင် ဗန်းလေးထဲ ထည့်ပြီး အအေး ခံထား။
အဆာပလာအတွက်
စီတိုဖူးကို ရေကျက်အေးနဲ့ ခပ်ကျဲကျဲလေးဖျော်ပြီး ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးတို့ကို ဆီသတ်ပြီး စီတိုဖူး ချက်ထား။
ကြက်သွန်ဖြူ၊ နှမ်း၊ မြေပဲတို့ကို ရောပြီး ဆီကျက်ချက်ထား။
ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်း၊ နံနံပင်ကို ရိပ်ရိပ်လှီးပြီး ရေကျက်အေးနဲ့ ရောထား။
ဆားရည်ဖျော်ထား။
အချိုမှုန့်
ငရုပ်သီးကို ကြော်ပြီးထောင်း၊ ဆီပြန်စိမ်ထား။
ရှလကာချဉ်(သို့) ဗီနီကာ( ကိုယ်တို့ မြစ်ကြီးနားမှာတော့ အရက်ချဉ်(ခေါ်) အရက်ချက်ပြီး ကျန်တဲ့ ကဇော်က ရတဲ့အချဉ်)နဲ့ စားကြပါတယ်။
အအေးခံထားတဲ့ ဆန်တိုဖူးကို ပါးပါးလှီး၊ အဆာပလာတွေထည့်ပြီး စားပေတော့ပဲ။
ဆန်တိုဖူး
ပါးပါးလှီးထားတဲ့ ဆန်တိုဖူး
စားဖို့ အဆင်သင့်
စားပါအုံးလား
း)
ခင်မင်စွာဖြင့်
ဘေဘီ
Credit : babytaster.blog
No comments:
Post a Comment