♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 18, 2015

" BB Cream: ကိုရီးယား မင်းသမီးများရဲ့ အသားအရေ အလှ လျှို့ဝှက်ချက် "

 
 
ကိုရီးယားမလေးတွေ အသားအရေလှကြတာကို ကိုရီးယား ဒရာမားကားတွေကြည့်ဖူးသူတိုင်း သတိထားမိကြမှာပါ။ ကျွန်မ ဒီရောက်တော့လည်း အကုန်လုံးက အသားအရေလှမှလှ၊ မျိုးရိုးကြောင့်လားပေါ့။ မဟုတ်ပါဘူး။ သူတို့ မျက်နှာအသားအရေ အဲလို လှပနေတာ BB cream ကြောင့်ပါ။

ကိုရီးယားအလှကုန် ကုမ္ပဏီတွေကနေ BB cream လို့ ခေါ်တဲ့ Blemish cream ကို 2005 မှ စပြီး အာရှမှာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ခဲ့ပါတယ်။ BB cream ကို အရင်တုန်းက laser surgery လုပ်ထားတဲ့သူတွေ၊ အသားပြန်တက်အောင်၊ အရောင်ကျပြီး  မြန်မြန်သက်သာအောင်၊ laser ကြောင့်ဖြစ်တဲ့ အမာရွတ်မထင်အောင် အသုံးပြုခဲ့ကြပါတယ်။


 ဆောင်းဟေဂျို (အွန်စော) 
Laser surgery လုပ်ထားတဲ့ Korean Celebrities တွေက ဒီ BBcream ကို  မိတ်ကပ်အနေနဲ့ စတင်အသုံးပြုခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကိုရီးယားအလှကုန်ကုမ္ပဏီများက အများသူငှါဝယ်သုံးလို့ရနိုင်တဲ့  BB cream ကို အပြိုင်အဆိုင် ဈေးကွက်ထဲကို ဖြန့်ချိလာ ကြပါတယ်။ ကိုရီးယားမင်းသမီး ဆောင်းဟေဂျို (အွန်စော) က BBcream အသုံးပြုကြောင်း စပြီး ထုတ်ဖော်ဖွင့်ဟ ခဲ့သူပါ။

 ဈေးကွက်ထဲမှာတွေ့ရတဲ့ BBcream တွေက လူတိုင်းအသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ ပစ်မှတ်ကတော့ ဝက်ခြံထွက်တတ်တဲ့ပျိုမေတွေရယ်၊ sensitve ဖြစ်တဲ့ အသားအရေ (ဥပမာ နေရောင်ထဲရောက်တာနဲ့ မျက်နှာရဲတက်လာတဲ့သူတွေ) အတွက်ပါ။ သူ့ကို skin-care အတွက်ရော၊ မိတ်ကပ်အတွက် ပါအသုံးပြုနိုင်ပါတယ်။ အသားအရေကို ထိန်းသိမ်းပေးသလို မျက်နှာမှာရှိတဲ့ အမဲစက်၊ အမာရွတ်တွေကိုလည်း မှိန်စေပါတယ်။

BBcream ရဲ့ကောင်းကွက်များ


  • မိတ်ကပ်မလိမ်းထားပဲ နဂိုလှနေတဲ့ အသွင်ရရှိစေပါတယ်။
  • သူ့လိမ်းထားရင် foundation ထည့်စရာမလိုတော့ပါဘူး။ ချွေးပေါက်လည်း မပိတ်ပါ။
  • Moisturizer လည်းပါတယ်။
  • မျက်နှာပေါ်မှာရှိတဲ့ အစက်အပျောက်၊ ဝက်ခြံ အမာရွတ်စတာတွေကို မသိသာအောင် ဖုံးပေးပါတယ်။ 
  • အသားအရေကို regenerate ဖြစ်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ နုပျိုအောင်ထိန်းပေးနိုင်ပါတယ်။ 
  • နေရောင်ဒဏ်မှလည်းကာကွယ်ပေးပါတယ်။


ဘာလိုသေးလဲနော်?


ကကြီးမတိုင်းလှနေတာကို မြင်ရတာ အသည်းယားလွန်းလို့မေးကြည့်တာ။ ကိုယ်လည်းသူတို့လိုလှချင်တာကိုးလို့။
 "ဘာကြောင့်ကွယ် ဒီလောက်တောင်များလှနေရလဲဟာ။
 ရွှေမုန့်စားလို့လား၊ ငွေမုန့်စားလို့လား။"
"မဟုတ်ရပါ အစ်မကြီးရာ၊
BB cream, BBcream, Blemish Balm ကို အမြဲသုံးစွဲလို့ပါ၊ အစ်မကြီးရာ" တဲ့။ ဟီဟိ (ပေါပါပေ့)

ကျွန်မဆီမှာရှိတာက Bobbi Brown တံဆိပ်ပါ။ သုံးရတာ တော်တော်လေးအဆင်ပြေပါတယ်။ ဒါလေး လိမ်းထားလိုက်ရင် Foundation မလို၊ Moisturizer မလို၊ Sunscreen မလို။






ရိုးရိုးပုံနဲ့၊ လိမ်းထားတဲ့ပုံ (ကွာတာတော့ကွာတယ်နော်)

ဒီမှာ BBcream ဆို Nature Republic က နာမည်ကြီးပါတယ်။ အခု ကိုရီးယား အလှကုန်များတင်မဟုတ်ပါဘူး။အနောက်နိုင်ငံ အလှကုန် ကုမ္ပဏီတွေ (E.g. Garnier, Lancome, Mac) လည်း နောက်ကောက်မကျအောင် အမှီလိုက်ပြီး ထုတ်လုပ်နေကြပါပြီ။ တကယ်ကောင်းတာမို့ စာဖတ်သူပျိုမေတွေ အဆင်ပြေမယ်ဆို စမ်းဝယ် ပြီး သုံးကြည့်ဖို့ လမ်းညွှန်လိုက်ပါရစေ။

အလှတွေပိုနိုင်ကြပါစေရှင်။
 
Credit : thanakharmay.blog

No comments:

Subscribe

လာလည်သူများ

free counters