♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 11, 2015

" ဆီး (ဇီး) သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ"

ဆီးသီးမှာ ကာဗိုဟိုက် ဒရိတ်၊ ဆိုဒီယမ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ သကြားဓာတ်၊ ဗီတာမင်၊ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ဖက်တီးအက်စစ်နဲ့ တခြား အာဟာရ ဓာတ်တွေ ပါဝင်တာကြောင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိ နိုင်ပါတယ်။

(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ် ပေးတဲ့ဓာတ်တွေ ပါဝင် တာကြောင့် အောက်ဆီဂျင် အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။

(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း

ဆီးသီးရဲ့ အကျိုး ကျေးဇူးတစ်မျိုးက ခန္ဓာကိုယ်မှ သံဓာတ် စုပ်ယူမှုကို ကောင်းစေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင်စီ များစွာ ပါဝင်လို့ပါ။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကျန်းမာ စေပါတယ်။ နားတွင်း ပိုးဝင်မှု မကြာခဏ မဖြစ်အောင် ကာကွယ်ပေးကာ ဖရီး ရယ်ဒီကယ်တွေ ကိုလည်း တွန်းလှန် ပေးပါတယ်။ ဒါကြောင့် ပန်းနာ ရင်ကျပ်ရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာ၊ အူမကြီး ကင်ဆာနဲ့ ရူမတွိုက် အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေ စားတာကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုဖြစ်နှုန်းကို လျှော့ချ ပေးနိုင်ပါတယ်။

(၃) မက်ကူလာယိုယွင်းမှုကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း

တစ်နေ့ ဆီးသီး သုံးခွက် စားတာကြောင့် အသက်ကြီး လို့ဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှု (AMRD) ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) ကယ်လိုရီနည်းသော အစာအဖြစ် သတ်မှတ်ခြင်း

ဆီးသီးတွေက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း မပါဝင် တာကြောင့် ဘေးထွက် ဆိုးကျိုးကင်းတဲ့ အစာအဖြစ် ရွေးချယ်စားနိုင် ပါတယ်။ ကြေးနီ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်ပါဝင်မှု များတာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေ ပါတယ်။

(၅) အစာခြေစနစ်ကို ကျန်းမာစေခြင်း

ဆီးသီးမှာပါတဲ့ အမျှင်ဓာတ် တွေက မကောင်းတဲ့ ကိုလက် စထရောကို လျော့နည်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ အမျှင်ဓာတ် တွေက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ မှန်ကန် ကောင်းမွန်နေအောင်လည်း ထိန်းထား ပေးနိုင်ပါတယ်။ အူတွေကို သန့်စင်စေကာ အစာခြေစနစ်ကို ကျန်းမာ စေပါတယ်။

(၆) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း

ဆီးသီးမှာ ပါတဲ့ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတို ဇန်သင်းတို့ဟာ ဖလေဗွိုးနွိုက် အင်တီ အောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။ ဒီအင်တီ အောက်ဆီးဒင့်တွေက ဖရီးရယ် ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးကြောင်း ဖြစ်တာနဲ့ ပါးရေတွန့် တာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၇) ဦးနှောက်ကျန်းမာပြီး အားပြည့်စေခြင်း

လေ့လာမှု များစွာအရ ဆီးသီးမှာပါတဲ့ Asphenols ဆိုတဲ့ အင်တီ အောက်ဆီးဒင့် အာနိသင် တွေကြောင့် ဦးနှောက်ဆဲလ်နဲ့ တခြားဆဲလ် အမြှေးပါး နေရာတွေမှာ တွေ့ရတဲ့ အဆီတွေကို ထိခိုက်မှု မဖြစ်အောင် ကာကွယ် တွန်းလှန် ပေးနိုင်တယ်လို့ သိရပါတယ်။ ဆီးသီးကို နေ့စဉ် စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို မှန်ကန် ကျန်းမာစေပြီး မှတ်ဉာဏ်ကို ကောင်းမွန် စေပါတယ်။ ဆီးသီးဟာ စိတ်ဓာတ်ကျတာကို ပြန်ကောင်းလာအောင် ကူညီ နိုင်စွမ်းလည်း ရှိပါတယ်။

(၈) စိတ်ဖိစီးမှုနှင့် နုံးချည့်ညောင်းညာမှုကို တွန်းလှန်နိုင်ခြင်း

ဆီးသီး ငါးလုံး-ခြောက်လုံးကို ပုံမှန်နီးပါး စားပေးရင် မောပန်းမှုနဲ့ နွမ်းနယ်မှုတို့ကို တွန်းလှန် ပေးနိုင် ပါတယ်။ ဆီးသီးဟာ အာရုံကြော တွေကို ငြိမ်းအေးစေပြီး သဘာဝ အတိုင်း နှစ်နှစ် ခြိုက်ခြိုက် အိပ်မော ကျတဲ့ အဆင့်ကို ရောက်ရှိ စေနိုင်ပါတယ်။

(၉) အမြင်အာရုံကို ကောင်းမွန်စေခြင်း

ဆီးသီးမှာ ပါတဲ့ ဗီတာမင်အေဟာ အမြင်အာရုံကို ကောင်းမွန် စေတဲ့အပြင် သွားပိုး စားတာနဲ့ အဆုတ် ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင် ပါတယ်။ ဆီးသီးရဲ့ တခြား ကောင်းကျိုး တစ်ခုက အသားအရေကို ကြည်လင် တောက်ပ စေတာပဲ ဖြစ်ပါတယ်။ ဆီးသီးမှာပါတဲ့ ပိုတက်စီယမ် ဓာတ်ဟာ နှလုံးခုန်နှုန်း ကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အတိုင်း ထိန်းထားပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ သံဓာတ်ဟာ သွေးနီဥတွေကို ဖြစ်ပေါ်စေပြီး ဗီတာမင် ကေဟာ သွေး ခဲအောင်ကူညီပေးကာ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ် ပေးပါတယ်။

Credit : ကြယ်စင်

https://www.facebook.com/photo.php?fbid=534295066668329&set=a.351047714993066
+++++        ++++       ++++++
Ziziphus mauritiana  =   ဆီးသီး။   ( ရောရောသမမွှေ)

No comments:

Subscribe

လာလည်သူများ

free counters