♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2015

"နှင်းဆီရဲ့ဆူးစူး ကိုယ်မှာတော့ရူး( အချစ်ထိတာပေါ့ ဘယ်တတ်နိုင်မလဲ)"





နှင်းဆီရဲရဲ အသည်းဆွဲ
နှင်းဆီနီနီ လှပသည်
နှင်းဆီပန်းပေါင်း ချစ်ဖို့ကောင်း
နှင်းဆီမည်သည် ရှုမဝပြီ
နှင်းဆီပန်းသွေး ကြည့်မဝသေး 
နှင်းဆီ ကြိုင်ကြိုင် ချစ်သူကပိုင် 
နှင်းဆီကနီနီ ချစ်သူကရီ(ရယ်)
နှင်းဆီက ဖူးဖူး ချစ်သူကမြူး
နှင်းဆီက နီဆွေး ချစ်သူကိုငေး
နှင်းဆီက ရွှမ်းပြ ချစ်သူကိုလွမ်းရ 
နှင်းဆီက လှတယ် ချစ်သူလေးနှယ်
နှင်းဆီက ချစ်စရာ ချစ်သူရဲ့ မျက်နှာ
နှင်းဆီက တောက်ပ ချစ်သူအတွက် ကြောင့်ကြ
နှင်းဆီကို နမ်းမယ် ချစ်သူရေ ကြမ်းမယ်(ဟိဟိ)
နှင်းဆီလိုမွှေးတယ် ချစ်သူကိုထွေးမယ် (ဖက်တာကိုပြောတာကွ)
နှင်းဆီလို ဖူးကြော့ ချစ်သူရေ ခေါင်းမော့ (ဟော့သလိုလေး)
နှင်းဆီလို ဖူးကြွ ချစ်သူရဲ့ နှုတ်ခမ်းအလှ
နှင်းဆီလို လန်းတယ် ချစ်သူကိုနမ်းမယ် (မကြည့်နှင့်နော်)
နှင်းဆီလို နူးညံ့ ချစ်သူရေ ရူးအံ့ (ကိုယ်ပေါ့ ဘယ်သူရှိသေးလဲ)
နှင်းဆီလို ရစ်ဖူး  ချစ်သူရေ မဖြစ်ဖူး (လစ်ကြစို့)
နှင်းဆီနံ့သင်းသင်း ချစ်သူက အင်းအင်း (ဟုတ်ကဲ့ပါ ကိုယ်တဲ့)
နှင်းဆီနံ့ သင်းကြွယ် ချစ်သူရဲ့ ရနံ့သဖွယ်
နှင်းဆီကတင့်တယ် ချစ်သူကမြင့်တယ် (အဆင့်)
နှင်းဆီကို ဆွတ်ခူး ချစ်သူကညွတ်ဖူး (တခါတလေ မူတာပေါ့)
နှင်းဆီရဲ့ဆူးစူး ကိုယ်မှာတော့ရူး( အချစ်ထိတာပေါ့ ဘယ်တတ်နိုင်မလဲ)

((ရောသမပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters