♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 30, 2016

" အစ်မ ဆေးဖိုးရဖို့အတွက် မြားနဲ့အပစ်ခံတဲ့ ညီမ "

Uluvj85gbbmnqi5jswvt
တရုတ်နိုင်ငံ Hangzhou ဒေသ လမ်းပေါ်မှာ JiJianli ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ အစ်မဖြစ်သူရဲ့ ကင်ဆာဝေဒနာကို ကုသဖို့အတွက် လမ်းမအလယ်မှာ သူ့ကို မြားနဲ့အပစ်ခံကာ ငွေကြေးအလှူခံမှုများ ပြုလုပ်လျက်ရှိနေတယ်လို့ တွေ့မြင်ရသူများက ပြောဆိုပါတယ်။
-
သူမကို မြားနဲ့ပစ်မယ်ဆိုရင် တစ်ခါပစ် ယွမ် ၁၀ ပေးရပြီး သူ့ရဲ့လုပ်ရပ်ဟာ အန္တရာယ်အလွန်ကြီးတယ်လို့ ဆိုကြပါတယ်။ အစ်မဖြစ်သူ JiJiayan ဟာ သွေးကင်ဆာဖြစ်နေပြီး ကုသဖို့အတွက် ငွေကြေးများစွာ ကုန်ကျလျက်ရှိနေပါတယ်။
-
သူဟာ ခပ်လှမ်းလှမ်းမှာ ရပ်ပြီး သူ့ကို မြားနဲ့အပစ်ခံတာ ဖြစ်ပါတယ်။ သူ့ကို မြားနဲ့ပစ်ခြင်းဟာ သူ့အစ်မအတွက် ငွေကြေး လှူဒါန်းတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
-
အစ်မဖြစ်သူအတွက် ကုန်ကျစရိတ်မှာ တရုတ်ယွမ် ၅၀၀၀၀၀ ကုန်ကျမှာဖြစ်ပြီး လူအများစုက သူမ အစ်မအတွက်
ကုန်ကျမယ့် ငွေကြေးများရစေဖို့လည်း လိုလားမှုများရှိနေပါတယ်။ အစ်မဖြစ်သူအတွက် ငွေကြေးရဖို့ အွန်လိုင်းမှလည်း အလှူခံမှုများ ပြုလုပ်ဖြစ်တယ်လို့ သိရပါတယ်။
Ref; China news
ဇော်မင်းဦး (မိုမိုလေး)


No comments:

Subscribe

လာလည်သူများ

free counters