♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 4, 2016

" မိန်းကလေးတယောက်ရဲ့ ခံယူချက်ကို သဘောကျလို့ ပြန်လည်မျှဝေပေးတာပါ "

 
ကျွန်မ ပါးပြင်နုနု ရှင် နမ်းရှိုက်ပြီး အသိတရားမဲ့တဲ့အခါ
ရှင့်ပါးပြင်ကို ရိုက်မယ့်သူနဲ့ တွေ့မယ် ဆိုတာမမေ့နဲ့
............
ကျွန်မ လက်ကို အပျော်သဘော ဆုပ်ကိုင်ပြီးထားခဲ့တဲ့အခါ
ရှင့်လက်ကို အပျက်သဘောနဲ့ ဆုပ်ကိုင်မယ့်သူနဲ့ တွေ့မယ်ဆိုတာမမေ့နဲ့
...............
ကျွန်မ ဘဝကို ရေနစ်အောင် တွန်းချပြီးတဲ့အခါ
ရှင့် ဘဝကို နွံထဲဆွဲချမယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့
...........
ကျွန်မရဲ့ အလွမ်းကို လှောင်ပြောင်ပြီးတဲ့အခါ
ရှင့်ရဲ့ အချစ်တွေကိုလည်း ဟားတိုက်မယ့်သူနဲ့ တွေ့မယ်ဆိုတာမမေ့နဲ့
..........
ကျွန်မ သံယောဇဉ်ကို မျက်ကွယ်ပြုတဲ့အခါ
ရှင့်ရဲ့မေတ္တာတရားကိုလည်း စုံလုံးကန်းမယ့်သူနဲ့တွေ့မယ်ဆိုတာမမေ့နဲ့
............
ကျွန်မအပေါ်သစ္စာမဲ့ပြီးတဲ့အခါ
ရှင့်နောက်ကွယ်မှာ ဖောက်ပြန်တဲ့သူနဲ့တွေ့မယ်ဆိုတာမမေ့နဲ့
.............
ဝဋ်ဆိုတာ မတောင်းဘဲနဲ့ပြည့်တဲ့ဆု အလှည့်ကျ မနွဲ့စတမ်းပေါ့
ရှင်.. ကျွန်မလိုအလှဆုံးပြုံးထားနိုင်ဦးမလား ... ?
ကျွန်မစောင့်ကြည့်နေတယ် ဆိုတာ ... မမေ့နဲ့

Credit to original uploader
Credit : https://www.facebook.com

No comments:

Subscribe

လာလည်သူများ

free counters