♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 3, 2016

" အသက်(၁၅)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးရဲ့ အစာအိမ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သန္ဓေသားကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ "

01-06-2016
မလေးရှားနိုင်ငံမှာ အသက်(၁၅)နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးရဲ့ အစာအိမ်ထဲကနေ ပုံမှန်မဟုတ်တဲ့ သန္ဓေသားကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့တယ်လို့ စပွန်နစ်သတင်းမှာဖော်ပြထားပါတယ်။ ဆယ်ကျော်သက် အရွယ်ဖြစ်တဲ့ ဆေဒင်အမည်ရှိ လူငယ်လေးဟာ ပြီးခဲ့တဲ့ (၄)လလောက်ကတည်းက ၀မ်းဗိုက်နာကျင်မှုကြောင့် ဆေးရုံတင်ကုသ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်အထိ ဆရာဝန်တွေက ဘယ်လိုအကြောင်းရင်းမျိုးကြောင့် ၀မ်းဗိုက်နာကျင်ရတယ်ဆိုတာကို အဖြေရှာမရခဲ့ဘဲ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးချိန်မှာတော့ အစာအိမ်ထဲမှာ သန္ဓေသားရှိနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 ဆေဒင်ရဲ့ ဗိုက်ထဲက သန္ဓေသားဟာ သူနဲ့အတူသန္ဓေတည်ခဲတဲ့ အမွှာဖြစ်ပြီး၊ အဲဒီ သန္ဓေသားဟာ အောင်မြင်ဖွံ့ဖြိုးခြင်း မရှိဘဲ ဆေဒင်ရဲ့ အစာအိမ်ထဲကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို မအောင်မြင်တဲ့ သန္ဓေသားတွေအသက်ရှင်လျက် မွေးဖွားလာဖို့ဆိုတာ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။ ဆေဒင်ရဲ့အစာအိမ်ထဲမှာ တွေ့ရှိခဲ့တဲ့ သန္ဓေသားဟာ တော်တော်ဖွံ့ဖြိုးနေပြီး ဆံပင်တွေတောင်ပေါက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သန္ဓေသားဟာ ယောင်္ကျား၊ မိန်းမကွဲပြားတော့မဲ့ အခြေအနေထိရောက်နေပြီး ခြေထောက်တွေတောင် ဖွံ့ဖြိုးနေပြီဖြစ်တယ်လို့
သိရပါတယ်။
 ဆေဒင်ဟာ မွေးဖွားလာပြီး အသက်(၁)နှစ်ကတည်းက သူ့ရဲ့ဝမ်းဗိုက်ဟာ လုံးဝန်းနေခဲ့ပြီး မကြာခဏ ဗိုက်နာတတ် တာကြောင့် ဆေးဝါးကုသမှုတွေ ခံယူခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီလိုရှားပါးဖြစ်စဉ်မျိုးကို လန်ဒန်မြို့မှာနေထိုင်တဲ့ အသက်(၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာလည်း ဖြစ်ပွားခဲ့ဖူးပြီး မလေးရှားနိုင်ငံမှာတော့ ပထမဆုံးအကြိမ်ဖြစ်နိုင်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။


Credit :  https://m.facebook.com/story.php?story_fbid=983137591804867&id=829386007180027

No comments:

Subscribe

လာလည်သူများ

free counters