♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 30, 2016

" လူမိသွားသည့်သူခိုး အတွင်းခံသာဝတ်ကာ သွားလာရန် အပြစ်ပေးခံရ "

 Ujab9qacpwzwostdvhjb
ကိုလံဘီယာနိုင်ငံမှ လူတစ်ဦး အတွင်းခံကလွဲလို့ ကိုယ်တုံးလုံးကျွတ်နဲ့ လမ်းမများပေါ်မှာ ပြေးလွှားလှုပ်ရှားနေမှုဟာ လူပြောများတဲ့အရာတစ်ခု ဖြစ်ခဲ့ပါတယ်။
-
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့မှာ လူတစ်ဦးဟာ ဓားကိုအသုံးပြုပြီး အမျိုးသမီးတစ်ဦးထံမှ ပစ္စည်းများခိုးယူလုယက်ဖို့ ကြိုးပမ်းခဲ့ရာ လူမိသွားတာကြောင့် အပြစ်ပေးမှုအဖြစ် အတွင်းခံကလွဲလို့ ကိုယ်တုံးလုံးကျွတ်ပုံစံနဲ့ လမ်းမအလယ်မှာ ထွက်ပြေးစေခဲ့တယ်လို့ သိရပါတယ်။
-
အမျိုးသမီးမှ ထိုကဲ့သို့ အပြစ်ပေးမှုအပေါ် လူအများစိတ်ဝင်စားခဲ့သလို ခိုးယူလုယက်သူရဲ့ ကိုယ်တုံးလုံးကျွတ်ပုံစံနဲ့ ပြေးလွှားနေတာကိုလည်း လူပြောများခဲ့တယ်လို့ သိရပါတယ်။
-
ရုပ်သံဖိုင်ကို တွေ့မြင်ခဲ့သူတစ်ဦးရဲ့ ပြောဆိုချက်အရ အမျိုးသားဟာ ဒူးထောက် ပုံစံနဲ့ဖြစ်ပြီး သူ့ရဲ့ အိတ်များကို
ရှာဖွေမှုများပြုလုပ်လျက်ရှိနေပြီး ဘေးနားမှာလည်း လူများ ၀ိုင်းအုံကြည့်နေကြတယ်လို့ သိရပါတယ်။ ကိုယ်တုံးလုံးကျွတ်ပုံစံ ပြေးလွှားနေချိန်မှာ ခွေးတစ်ကောင်က နောက်ကလိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
Ref: dm
ဇော်မင်းဦး (မိုမိုလေး)
Credit : http://www.momolay.com/p/19583/text

No comments:

Subscribe

လာလည်သူများ

free counters