♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 2, 2016

" လေ့ကျင့်ခန်း လုပ်စရာမလိုပဲ ဗိုက်သားချပ်မယ့် နည်းလမ်း (၈) ခု "

ရုပ်ရည်သွင်ပြင် လက္ခဏာကြည့်ကောင်းစေဖို့အတွက် ဗိုက်သားတစ်ဝိုက်ဟာ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ပါ အရေးပါလှပါတယ်။ ဗိုက်သားတွေ ချပ်ရပ်လှပနေတာဟာ အားလုံးတောင့်တကြတဲ့ အရာတစ်ခုပါ။

လေ့ကျင့်ခန်းလုပ်စရာမလိုပဲ ဗိုက်သားတွေ ချပ်ရပ်လှပစေဖိုပ နည်းလမ်း (၇) ခုရှိပါတယ်။

၁။ ဆားများများသုံးတာ ရှောင်

ဟင်းခပ်ဆားများများ သုံးတာရှောင်ရပါမယ်။ ဆားက အတော်အသင့်စားမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းပေမယ့် များများသုံးစွဲရင်တော့ သင်ရေများများ သောက်မိမှာ ဖြစ်ပြီး အထဲမှာ ရောက်နေတဲ့ ဆိုဒီယမ်ဓာတ်တွေနဲ့ပေါင်းပြီး သင့်ခါးပိုတုတ်လာပါလိမ့်မယ်။

၂။ ပီကေ မစားနဲ့

ခါးလှလှ၊ ဗိုက်ချပ်ချပ်ဖြစ်ချင်ရင် ပီကေးမစားပါနဲ့။ ပီကေစားတဲ့အခါ သင့်ဗိုက်ထဲကို ပြင်ပကလေတွေ ပုံမှန်ထက်ပိုပြီး ရောက်လာနိုင်ပါတယ်။ နောက်ပြီး ပီကေစားတဲ့အခါ သင့်ဝမ်းထဲမှာ ဂတ်စ်တွေ ပြည့်ပြီး ဗိုက်ပူလာနိုင်ပါတယ်။

၃။ ဘီယာ  မသောက်နဲ့

 ဘီယာက ဗိုက်ပူစေတာ အတော်များများသိပါတယ်။ အယ်လ်ကိုဟောလ် သင့်အစာအိမ်ထဲမှာရှိပြီး ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုလည်း ပိုအားကောင်းအောင် လုပ်ပေးတယ်ဆိုတာ သတိချပ်ပါ။

၎။ သရေစာရှောင်

ဖြစ်နိုင်ရင်တော့ အိမ်ကချက်တဲ့ ထမင်း၊ ဟင်းတွေကိုသာ စားပါ။ အသင့်စားနိုင်တဲ့ ဟမ်ဘာဂါ၊ အာလူးကြော်၊ ဆန်းဒွစ်ခ်ျနဲ့
ဆီကြော်မုန့်တွေကို ရှောင်ပါ။

၅။ အချိုမုန့်တွေ မစားနဲ့

အချိုဓာတ်က ခန္ဓာကိုယ်အတွက် အတော်အသင့်လိုအပ်ပါတယ်။ လိုတာထက် ပိုစားမိနေရင်တော့ ကယ်လိုရီတွေတက်ပြီး အဲဒီသကြားဓာတ်တွေက သင့်ရဲ့ဗိုက်ခေါက်ကို ပိုထွက်လာစေမှာပါ။

၆။ ဟော်မုန်းဓာတ်စစ်ဆေး

သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းဓာတ်လွန်ကဲစွာ ထွက်လာတာကြောင့်လည်း ဗိုက်ခေါက်ထူပြီး ဗိုက်ပူလာတတ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။

၇။ အိပ်ရေးပျက်တာရှောင်

တစ်နေ့ကို မိနစ်သုံးဆယ်လောက်ပဲ အိပ်ရေးပျက်ရုံနဲ့ သင့်ရဲ့ကိုယ်အလေးချိန် တိုးလာနိုင်တယ်လို့ သုတေသနက ပြောထားပါတယ်။ အိပ်ချိန်မှန်အောင်လည်း ဂရုစိုက်ပါ။

၈။ သန့်စင်ခန်းကြာကြာ မထိုင်မိစေနဲ့

အလုပ်စားပွဲမှာလည်း ကြာကြာ မထိုင်သင့်သလို၊ သန့်စင်ခန်းမှာလည်း ကြာကြာထိုင်မနေသင့်ပါဘူး။ သန့်စင်ခန်းမှာ ကြာကြာထိုင်တဲ့ အကြောင်းပြချက်က စမတ်ဖုန်းတွေကြောင့်ဖြစ်ပါတယ်။ အလုပ်စားပွဲမှာ ကြာကြာမထိုင်မိစေဖို့အတွက် လမ်းမကြာခဏ လျှောက်ပေးပါ။

Credit : Duwun

Credit : http://www.shwechitthu.com/2016/06/blog-post.html

No comments:

Subscribe

လာလည်သူများ

free counters