♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 3, 2016

" သင့်ချစ်သူကို သင်က ဘာကြောင့် ချစ်တာလဲ သေချာသိရဲ့လား "

လူတိုင်း လူတိုင်းမှာ ဘဝရဲ့ လက်တွဲဖော် ဘဝရဲ့ ပဲ့ကိုင်ရှင် ဆိုတာ လိုအပ်ပါတယ်။ လိုအပ်တယ်ဆိုပေမယ့် သင့်ရဲ့ လိုအပ်မှုက ဘယ်လို လိုအပ်မှုမျိုးလဲ ဆိုတာလဲ သင်သိကို သိထားသင့်တယ်။

၁။ မိန်းကလေး တစ်ယောက်ရဲ့ လှပတင့်တယ်မှု မျက်လုံး မျက်ခုံး ခန္ဓာကိုယ် အချိုးအဆစ် နဲ့ သူ့ရဲ့ အပေါ်ယံဖြစ်တည်မှုကို ချစ်တယ်ဆိုတာ ( Love ) မဟုတ်ပါဘူး။ ( Lust ) လို့ခေါ်တဲ့ တပ်မက်မှု တဏှာရာဂ စွဲလန်းမှု ဖြစ်ပါတယ်။

၂။ မိန်းကလေး တစ်ယောက်ရဲ့ ညဏ်ရည် ညဏ်သွေး ၊ စွမ်းဆောင်နိုင်စွမ်း နဲ့ ဘဝပေးအခြေအနေကို သဘောကျလို့ ချစ်တာက ( Love ) မဟုတ်ပါဘူး။ ( Admiration ) လို့ခေါ်တဲ့ လေးစား သဘောကျမှု သက်သက် ဖြစ်ပါတယ်။

၃။ မိန်းကလေး တစ်ယောက်ရဲ့ အပြောအဆို နေထိုင်မှုက အားကျစရာကောင်းလောက်အောင် အများထက်သာနေတာကို ချစ်တာက ( Love ) မဟုတ်ပါဘူး။ ( Hysterical ) လို့ခေါ်တဲ့ လိုချင် ပြင်းပြမှု သဘောဘဲ ဖြစ်ပါတယ်။

၎။ မိန်းကလေး တစ်ယောက်ကို စွန့်ခွါထားခဲ့ချိန်မှာ သူက ငိုတယ်။ သူ ငိုတဲ့ အခါ သင်က သူငိုတာလေးကို ချစ်တယ် ဆိုတာ
( Love ) မဟုတ်ပါဘူး။ ( Pity ) လို့ခေါ်တဲ့ သနားဂရုဏာတက်ခြင်း တစ်မျိုးဘဲ ဖြစ်ပါတယ်။
(သင်ရော သင့်ချစ်သူကို ဘယ်လို စံနှုန်းနဲ့ ချစ်တာလဲ ၊ သင့်အချစ်ကရော ဒီထဲက တစ်ခုခုလို ဖြစ်နေရင် သင်ဟာ မချစ်တတ်သေးသူပါဘဲ ၊ ဒါကြောင့် သင့်အတွက် အချစ်စစ်ကို နှလုံးသား တစ်ခုထဲနဲ့ ခံစားပြီး ချစ်ကြည့်ပါ ရှာဖွေကြည့်ပါ)

ဝင်းကျော်
Credit : Myanmar News

No comments:

Subscribe

လာလည်သူများ

free counters