♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 29, 2016

" ၆ လသမီးလေးက ကမ္ဘာ့အသက်ငယ်ဆုံး ရေပေါ်စကိတ်စီးသမားဖြစ်လာ "

 
Florida ရှိ ၆လအရွယ် မိန်းကလေးငယ်လေးဟာ ဒေသတွင်း ကန်တစ်ကန်မှာ ၂ ကြိမ် တိုင် ကြိုးစားပြီးနောက်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး ရေပေါ်စကိတ်စီးသမားဖြစ်လာခဲ့ပါတယ်။

World Barefoot Center က Winter Haven, Fla ရှိ Lake Silver ကန်အတွင်း ၆၈၄.၄ ပေအထိ ရေပေါ်စကိတ်စီးနိုင်ခဲ့တဲ့ ၆လနဲ့ ၂၇ ရက်ရှိပြီဖြစ်တဲ့ Zyla ရဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။

သူဟာ ၂၀၁၆ ခုနှစ် မေလ ၂၁ ရက်နေ့က
ကန်အတွင်းမှာ မော်တော်ဘုတ်တစ်စင်းက ရှေ့ကဆွဲခေါ်ပြီးစီးရတဲ့ ရေပေါ်စကိတ်ကို စီးခဲ့တာဖြစ်ပါတယ်။

Zyla စကိတ်ကောင်းကောင်းစီးပြီး လုံခြုံစိတ်ချရစေဖို့ လူကြီးတွေကလည်း သူ့ဘေးကနေ ရေကူးလိုက်ပါပေးခဲ့ကြပါသတဲ့။
World Barefoot Center အဆိုအရ Zyla ရဲ့ အဖေဖြစ်သူ Keith ဟာလည်း သူ့သမီးလေး စံချိန်မတင်ခင် သူ့ရဲ့ ရေပေါ်စကိတ်စီးစံချိန် တင်ခဲ့ပါသေးသတဲ့။

အရင်က ကမ္ဘာ့အသက်အငယ်ဆုံး ရေပေါ်စကိတ်စီးသမားလေးကတော့ ပေ ၁၀၀ အထိ စကိတ်စီးနိုင်ခဲ့တဲ့ အသက် ၆ လနဲ့ ၂၇ ရက်ရှိပြီဖြစ်တဲ့ ကောင်လေတစ်ယောက်ဖြစ်ပါတယ်။



Credit: ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters