♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 29, 2016

" မင်္ဂလာပွဲဆိုတာ တစ်ရက်စာ ၊ အိမ်ထောင်ပြုတယ်ဆိုတာ တစ်သက်စာ "

လူတစ်ယောက် ကားမောင်းလိုင်စင်မရခင် ကားမောင်းသင်ရတာ ဓမ္မတာပါ။အတွေ့အကြုံရှိတဲ့ မောင်းတတ်တဲ့သူတစ်ဦးရဲ့ သင်ကြားပြသပေးမှုနဲ့ လေ့ကျင့်ပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြရပါတယ်။ ဒါတွေဘာလို့လုပ်ရတာလဲ။ လိုအပ်တဲ့ သိထားသင့်တဲ့ အရာတွေ မသိတဲ့လူတစ်ယောက် လမ်းပေါ်တက်ပြီး ကားမောင်းခဲ့မယ်ဆိုရင် သူကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ အန္တရာယ်ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ အိမ်ထောင်မပြုခင်မှာလည်း သိထားရမယ့် ဖြစ်နိုင်ရင် ကျင့်ထားရမယ့် အရည်အသွေးတွေ ရှိပါတယ်။
 
သုတေသနပေါင်းများစွာရဲ့ ရလဒ်တွေအရ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အသိတွေကို ကြိုတင်လေ့လာပြီး ဖြည့်ဆည်းထားတတ်တဲ့သူတွေက ခိုင်မာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ဖန်တီးနိုင်လေ့ရှိတာကို တွေ့ရပါတယ်။ တစ်ရက်စာကြုံရမယ့် မင်္ဂလာပွဲအတွက်တောင် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ကြသေးရင် တစ်သက်စာ ပျော်ရွှင်ရမယ့် အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ အရည်အချင်းလေးတွေအတွက် အချိန်လေးပေးပြီး သိအောင်လုပ်ထားဖို့ အကြံပြုလိုပါတယ်။
 
ကိုယ့် စိတ်ခံစားချက်ကို  ထိန်းသိမ်းနည်း
ကလေးဘဝက စိတ်ဆိုးဒေါသထွက်ရင် အော်ဟစ်ငိုယိုပြီး ဖြေရှင်းလိုက်လို့ရပေမဲ့ အိမ်ထောင်သည်ဘဝမှာ အထူးသဖြင့်ဒေါသကို ကိုင်တွယ်ပုံမတတ်ရင် အိမ်ထောင်ရေးရဲ့ အဓိက ပြဿနာ ဖြစ်လာတတ်ပါတယ်။အော်ဟစ်တာ၊ တစ်ဖက်လူ မခံနိုင်လောက်တဲ့ နာကျင်အောင် ပြောဆိုပြုမူတတ်တာ၊ သူများ အားနည်းချက်ကို အမြဲထိခိုက်ပြီး ပြောတတ်တာမျိုးတွေလို ဒေါသဖြစ်လာရင် ထိန်းချုပ်နိုင်စွမ်းနည်းတာတွေက အချိန်ကြာလာရင် အက်ကြောင်းကြီးတစ်ခုလို ဖြစ်လာတတ်တာကြောင့် သတိထားဖို့လိုတဲ့ အရည်အချင်းတစ်ခုပဲ ဖြစ်ပါတယ်။
 
မတူညီမှုတွေကို ဖြေရှင်းနည်း
 အိမ်ထောင်ရှင် စုံတွဲတိုင်းမှာ မတူညီမှုတွေရှိပါတယ်။ အရင်က သူ့အကြိုက်၊ကိုယ့်အကြိုက် တစ်မျိုးစီရှိနေရာကနေ နှစ်ယောက်လုံးကြိုက်တဲ့ ငါတို့အကြိုက်ဆိုတာ ဖြစ်လာအောင် ညှိနှိုင်းဖြေရှင်းနိုင်ဖို့က အသိလိုပါတယ်။ မတူညီတာတိုင်းကိုပြောင်းလဲပစ်ဖို့မကြိုးစားဘဲ နှစ်ယောက်စလုံးသဘောထားနဲ့ ကိုက်ညီတဲ့ အသစ်တစ်ခုကို ရွေးချယ်တာမျိုး၊ အလျှော့ပေးလို့ရတဲ့နေရာမှာ တစ်ယောက်က လိုက်လျောအလျှော့ပေးလိုက်တာမျိုးတွေက အောင်မြင်တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်နည်းတွေပဲ ဖြစ်ပါတယ်။
 
အကောင်းမြင်စိတ်ရှိဖို့
 ကိစ္စတစ်ခုရှိလာပြီဆိုရင် အရင်ဆုံး အကောင်းဘက်ကနေတွေးတတ်ဖို့၊ ကိုယ်မသိ မမြင်နိုင်တဲ့ တခြားတစ်ဖက်ဆိုတာ အမြဲရှိတယ်ဆိုတာကို အရင်တွေးထားပြီး ဘာကိုမျှ ဆန္ဒစောပြီး တဖက်သတ် ကောက်ချက်မချမိဖို့ ကြိုးစားထားရပါမယ်။နောက်ပြီး တစ်ဖက်လူက ကိုယ့်အတွက် လုပ်ပေးတာကို အသိအမှတ်ပြုဖို့၊အပြုံးချင်း ဖလှယ်ဖို့၊ချစ်ခြင်း မေတ္တာကို ပြဖို့ဘယ်တော့မှ မေ့လျော့မနေပါနဲ့။ ကိုယ့်ဘက်က မေတ္တာပေးရင် မေတ္တာပြန်ရမယ်ဆိုတာကို ယုံကြည်ထားရင် အောင်မြင်ပျော်ရွှင်တဲ့ ကြင်ဖက်တွေ အမြဲဖြစ်နေမှာပါ။
 
ပေါင်းသင်းဆက်ဆံရေး ပါးနပ်လိမ္မာဖို့
 အိမ်ထောင်တစ်ခုကို အောင်မြင်အောင် ထိန်းသိမ်းနိုင်ဖို့ဆိုရင် ပါးနပ်လိမ္မာဖို့လိုပါတယ်။ကိုယ်ပြောတဲ့စကားကို သူအလေးထားဖို့ဆိုရင် အမိန့်ပေးနားထောင်ခိုင်းဖို့မလိုဘဲ စိတ်ရောကိုယ်ပါနားထောင်ချင်စိတ်ရှိလာအောင် ကျွမ်းကျင်လိမ္မာဖို့လိုပါတယ်။ဒီလိုပဲ သူပြောတဲ့စကားကိုလည်း အလေးထားနားထောင် ၊ဝေဖန်စရာ၊အကြံပေးစရာတွေရှိလာရင်လည်း တစ်ယောက်ကို တစ်ယောက် နားလည်အောင် ပြုမူဆက်ဆံနိုင်ကြဖို့ကလည်း ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
 
Ref:yourtango

No comments:

Subscribe

လာလည်သူများ

free counters