♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 31, 2016

" ဓါးနဲ့ အမွှန်းခံရပြီး မြေမြှုခံရပေမဲ့လည်း အသက်မသေခဲ့တဲ့ ကလေးငယ် "

 
ထိုင်းနိုင်ငံမှ ကလေးငယ်တစ်ဦးဟာ ဓါးနဲ့အမွှန်းခံရပြီး မြေမြှုပ်ခံရပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ဘူးလို့ သိရပါတယ်။ ကလေးငယ်ကို ဓါးနဲ့ ၁၄ ချက် မွှန်းထားပြီး ကျွင်းတစ်ခုထဲမှာ မြှုပ်ထားတာဖြစ်ပြီး အမျိုးသမီးကြီးတစ်ဦးက ကလေးငယ်ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
-
ထိုင်းနိုင်ငံမှ အသက် ၅၃ နှစ်အရွယ်ရှိ Kachit krongyut ဆိုတဲ့အမျိုးသမီးဟာ နွားကျောင်းနေချိန်မှာ ကလေးအသံကို ကြားရတာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးကြီးက “အစပိုင်းမှာ တိရစ္ဆာန်ကို မြေမြှုပ်ထားတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ ကလေးရဲ့ခြေထောက်ကို တွေ့မြင်ပြီး စိုးရိမ်မှုတွေဖြစ်ရတယ်။ အနီးအနားကလူတွေကို အော်ခေါ်အကူအညီတောင်းခဲ့တယ်” လို့ ပြောဆိုပါတယ်။
-
ကလေးငယ်ကို မြေကြီးအတွင်းမှ တူးဖော်ပြီးနောက် ဆေးရုံကိုပို့ခဲ့ရာ ကလေးငယ် မျက်နှာမှာ ဓါးနဲ့ ၁၄ ချက် အမွှန်းခံထားရတယ်လို့ ဆရာဝန်များက ပြောဆိုပါတယ်။ ကလေးငယ်မှာ လက်ရှိအချိန်မှာ အသက်ရှင်လျက်ရှိနေပြီး
မိဘများဖြစ်သူကို စုံစမ်း ရှာဖွေလျက်ရှိနေတယ်လို့ သိရပါတယ်။
Ref: vt news
ဇော်မင်းဦး (မိုမိုလေး)

Credit -momolay
Credit : http://www.searchmyanmar.com/link/comment/cid/58408/domain/momolay.com

No comments:

Subscribe

လာလည်သူများ

free counters