♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 30, 2015

"စစ်မှန်တဲ့ လက်တွဲဖော်ကောင်း တစ်ဦးက သူ့ချစ်သူအပေါ် ဒီအချက်တွေ ဘယ်တော့မှ မလုပ်"

စစ်မှန်တဲ့ လက်တွဲဖော်ကောင်းဆိုတာ ဒီပင်ကိုစရိုက်လက္ခဏာတွေ ပိုင်ဆိုင်ခြင်းပင်ဖြစ်ပါတယ်။ လက်တွဲဖော်ကောင်းတစ်ယောက်ဆိုရင်  အောက်ပါအချက်တွေကို ဘယ်သောအခါမှ ပြုလုပ်မှာလည်း မဟုတ်ပါဘူး။ ဒီတော့ သင်ဟာ သင့်ချစ်သူအပေါ် ချစ်သူကောင်းတစ်ယောက် ဖြစ်ပါရဲ့လား။ သူကရော သင့်အပေါ် တကယ်ကောင်းတဲ့သူတစ်ယောက်ပါလား။ တကယ့်ချစ်သူကောင်းဆိုရင်
- သင့် အိမ်မက်တွေ သေးသိမ်စေမှာလည်း မဟုတ်ပါ။
- သင့်ရဲ့ ရှုံးနိမ့်မှုများအကြောင်း တစ်ဖွဖွပြောဆို အသိပေးနေမှာ မဟုတ်ပါ။ သင့်အား လူကြားသူကြား ဝေဖန်ပြောဆို အပြစ်ရှာဖို့ လိုအပ်တယ်လည်း ခံစားမှာ မဟုတ်ပါ။
- သင့်ရဲ့ သီးသန့်ကမ္ဘာလေးကို အထိန်းအကွပ်ပြုမှာ မဟုတ်ပါ။
- ကလှည့်စားချေဖို့လည်း သူ မကြိုးစားပါ။
- သင့်ရဲ့ သီးခြားကမ္ဘာလေးထဲ ဝင်နှောင့်ယှက်မှာ လည်းမဟုတ်။
- သင့်ရဲ့ စိတ်ခံစားချက်တွေ ခပ်ညံ့ညံ့ရယ်လို့ မယူဆပါ။
- အပေါ်စီးကနေ ဆက်ဆံပြောဆိုမှုမျိုးလည်း သူ မပြုလုပ်ပါ။
- သင့်ကို စိတ်ပျက်အောင်လည်း လုပ်မှာမဟုတ်။
- သင့်ကို မလုံမခြုံဖြစ်အောင်လည်း မလုပ်။
- သင်လုပ်တဲ့အရာတွေ မနှစ်မြှို့စရာအဖြစ်လည်း မယူဆ။
- သင်တို့အချစ်ရေးအကြောင်း အသေးစိတ်တွေကို ပြင်ပသို့ သယ်ယူ သတင်းလွှင့်မှာလည်း မှာမဟုတ်။
- သင့်ကို တစ်ခါသုံးလို ဆက်ဆံမည် မဟုတ်ပါ။
- ကိုယ့်ကိုယ်ကို ပြီးပြည့်စုံသူလို့လည်း မယူဆ။
- သင့်အပေါ် အမြဲ ယုံကြည်မှုရှိတယ်။

- သင့်အသုံးစရိတ်တွေကို ရယ်စရာပြောပြီး သိက္ခာချမှာမဟုတ်။
- သူဖြစ်တဲ့ပြသနာအတွက် သင့်အပေါ် အပြစ်ဖို့မှာ မဟုတ်။
- စနောက်တဲ့ခါ မကျေမနပ်ဖြစ်တာတွေ မရှိ။
- သင်ဟာ သဘောကျလောက်စရာမရှိဟု ထင်မှတ်လိမ့်မှာ မဟုတ်။
- မိမိကိုယ်ချစ်ကြောင်း အတင်းပြသစေမှာလည်း မဟုတ်ပါ။

Ref: healthylifetricks
Credit : http://www.trend.com.mm/2015/10/21/relationships-7929

No comments:

Subscribe

လာလည်သူများ

free counters