♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 27, 2015

"သင်နဲ့တွဲနေတဲ့ သူငယ်ချင်းက သင့်ချစ်သူကောင်လေးကို စိတ်ဝင်စားနေမှန်း သင်ရိပ်မိထားတယ်ဆိုရင်"

 
ကိုယ်နဲ့တွဲသွားတွဲလာရှိနေတဲ့ သူငယ်ချင်းက ကိုယ့်ချစ်သူကောင်လေးကို စိတ်ဝင်စားနေမှန်း သင်ရိပ်မိထားတယ်ဆိုပါစို့။ သင် ဒီကိစ္စကိုဘယ်လိုကိုင်တွယ်ရမလဲဆိုပြီး သင့်အနေနဲ့ ခေါင်းစားသွားနိုင်ပါတယ်။ နောက်တစ်ချက်က ဒါဟာ နှလုံးသားရေးရာဖြစ်နေတာမို့ သင့်ရင်ထဲပူနေတာမျိုးလည်း ခံစားရမှာပါပဲ။ ဒီအခြေအနေကို သင့်ချစ်သူကောင်လေးက မသိသေးပေမယ့် သင်ကတော့ သူငယ်ချင်းနဲ့အနီးကပ်နေသူမို့ သင့်သူငယ်ချင်း ဘယ်လိုခြေလှမ်း လှမ်းမယ်ဆိုတာ သိထားပြီနေပြီဆိုရင် သင့်အနေနဲ့ လုပ်ဆောင်ရမယ့် အချက်လေးတွေ ရှိပါတယ်။

၁။ သူမနဲ့စကားပြောဖို့ လိုလာပါပြီ။
ကိုယ့်အပေါ် ဒီလိုလုပ်ရမလားဆိုပြီး၊ ကြံစည်ရက်တယ်ဆိုပြီး သူ့မျက်နှာကို သင်ကြည့်ချင်မှ ကြည့်ချင်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အနေနဲ့ သူမနဲ့မဖြစ်မနေ စကားပြောရမှာပါပဲ။ ဒီတော့ သူမကို နင်ငါ့ရည်းစားကို ကြိုက်နေတာလားလို့ ဒဲ့ထိုးမေးမယ့်အစား ပညာသားပါပါ ပြောဆိုတတ်ဖို့ လိုပါတယ်။ ဒီတော့ သူမနဲ့စကားပြောတဲ့အခါ သင်တို့သုံးယောက်အခြေအနေကို တခြားလူသုံးယောက်အနေနဲ့ ဥပမာပေးပြီး ပြောဆိုပါ။ အဆုံးသတ်က ဘယ်လိုဖြစ်သွားတယ်ဆိုတာမျိုးကို သင်ဥပမာပေးကာ ပြောဆိုပါ။ သူမကို ပြောဆိုနေတဲ့အချိန် ဟီးဟီးဟားဟား တရင်းတနှီးမပြောပါနဲ့။ အတည်အခန့်ပြောတဲ့ မျက်နှာအမူအယာနဲ့ပြောဆိုပါ။ ဒီလိုမှသာ သင်တကယ်အရေးတကြီး ပြောဆိုနေတာပါလားဆိုတာ သူသိပါလိမ့်မယ်။

၂။ သူမနဲ့ သိပ်မတွဲပါနဲ့တော့။
သင်နဲ့သူမဟာ တက္ကသိုလ်တုန်းက သူငယ်ချင်းပဲဖြစ်ဖြစ်၊ အလုပ်ခွင်က ခင်မင်ရင်းနှီးလာတဲ့သူပဲဖြစ်ဖြစ် သူမနဲ့
တွဲသွားတွဲလာလုပ်တာကို ရပ်ပစ်တာ အကောင်းဆုံးပါ။ သူမနဲ့ ပထမတစ်ချက်လို ပြောဆိုပြီးတဲ့နောက် သိပ်အဖက် မလုပ်ပါနဲ့တော့။ ဒီလိုလူမျိုးဟာ သင့်အတွက် သူငယ်ချင်းကောင်းလည်း ဖြစ်မလာနိုငိပါဘူး။ သူမနဲ့ ဆက်တွဲနေသရွေ့ နှစ်ဦးသား အူကြောင်ကြောင် စိတ်မသက်မသာဖြစ်နေရပါလိမ့်မယ်။ ဟိုအရင်တစ်ခါတုန်းက သင်ယုံကြည်ရ သလိုမျိုးလည်း သင်နောက်ထပ် မယုံကြည်နိုင်မှတော့ ဘာလို့ဆက်တွဲနေဦးမှာလဲ။

၃။ သင့်ချစ်သူကောင်လေးကို အခြေအနေအရပ်ရပ်ကို ပြောပြထားလိုက်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် သင့်ချစ်သူကောင်လေးကတော့ ဒီအခြေအနေကို သိထားသင့်ပါတယ်။ ဒီတော့ အခြေအနေအားလုံးကိုသူ့ကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီး သူမနဲ့ဆက်ဆံတဲ့အခါ ကင်းရှင်းအောင် ပြောထားလိုက်ပါ။ နှစ်ဦးစလုံးက သူ့ကိုမလိုလားမှန်း သင့်သူငယ်ချင်းသိသွားတဲ့အခါ ဒီကိစ္စကို ဇာတ်လမ်းစဖို့ မ၀ံ့မရဲဖြစ်သွားပါလိမ့်မယ်။

၎။ သူနဲ့တွဲရဦးမယ့်အခြေအနေရှိနေရင်လည်း သင့်ချစ်သူကောင်လေးကို ခေါ်မလာပါနဲ့တော့။
သင့်သူငယ်ချင်းနဲ့ လုံးဝမတွဲတော့ပဲ နေလို့မရတဲ့ အခြေအနေမျိုးဆိုရင်တော့ သင့်ချစ်သူကောင်လေးကို သင်တို့ရှိရာ နေရာကို လာခိုင်းတာမျိုး၊ သုံးယောက် ကော်ဖီဆိုင်ထိုင်ဖြစ်တာမျိုးတွေ မလုပ်ပါနဲ့တော့။

၅။ အကြောင်းရှာပြီး သင့်ချစ်သူကောင်လေးကို ဆက်သွယ်လာတဲ့အခါ သင့်ချစ်သူကောင်လေးကို ပြတ်ပြတ်သားသား ငြင်းဆိုခိုင်းပါ။
သင့်ချစ်သူကောင်လေးကို အကြောင်းရှာ ဖုန်းဆက်ပြီး အကူအညီတောင်းတာ၊ အကြံတောင်းတာမျိုးတွေအထိ စည်းကျော်လာပြီဆိုရင်တော့ သင့်ချစ်သူကောင်လေးကလည်း ပြတ်ပြတ်သားသား ငြင်းဆိုပစ်ဖို့လိုလာပါပြီ။ ဒီ့ထက်ပိုဆိုးလာရင် အခြေအနေအရပ်ရပ်ကို ဖွင့်ဟပြောဆိုပြီး လာမပတ်သက်ဖို့အထိ ပြောသင့်ပြောရပါလိမ့်မယ်။

Ref:yourtango
Credit : http://www.trend.com.mm/2015/10/26/relationships-7958

No comments:

Subscribe

လာလည်သူများ

free counters