♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 27, 2015

"တရုတ်ပြည်က အလှဆုံး ဆရာမ "

 
Xu Dongxiang လို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် ဆရာမဟာ တရုတ်ပြည်မှာ အလှဆုံး
တက္ကသိုလ်ဆရာမ တစ်ဦးအဖြစ် ရေပန်းစားလာ ပါတယ်။ တရုတ်ပြည် အရှေ့မြောက်ပိုင်းရှိ Dalian Polytechnic University's College of Arts and Information Engineering မှာ acting teacher အဖြစ် သင်ကြားပေးလျက်ရှိပါတယ်။



သူမဟာ Nanjing University of the Arts အမည်ရကျောင်းမှ အနုပညာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး ချက်ချင်းပဲ ကျောင်းဆရာမ အဖြစ် အလုပ်စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူမဟာ အသက် ငယ်ငယ်နဲ့ ဆရာမ ဖြစ်လာသူလည်း ဖြစ်ပါတယ်။ သူမရဲ့ စာသင်နေမှု ဓာတ်ပုံများကို ကျောင်းသား အချို့က ရိုက်ကူးပြီး ပြီးခဲ့တဲ့ ဇွန်လက တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ခဲ့ရာ လူသိများသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေစလို့ သူမရဲ့ account မှာ Follower များခဲ့ ပါတယ်။ ပြီးခဲ့တဲ့ သုံးပတ်လေးတင်မှာပဲ သူမဟာ သူမရဲ့ Gym မှာ ကိုယ်ကာယ ဆိုင်ရာ လေ့ကျင့်ခန်း လုပ်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တင်ခဲ့ပြီး Follower ပေါင်း ၃ သိန်းဝန်းကျင်လောက်အထိ တက်ခဲ့ ပါတယ်။ သူမဟာ ဆရာမ ဖြစ်တဲ့အပြင် ဓာတ်ပုံမော်ဒယ်၊ သရုပ်ဆောင် မင်းသမီးအဖြစ်လည်း လုပ်ပါသေးတယ်။ ရုပ်သံလိုင်း အချို့ရဲ့ ဒရာမာ စီးရီးတွေမှာလည်း ပါဝင် တတ်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ သူမဟာ ယခု ရက်ပိုင်းအတွင်းမှာ လူသိများလာခဲ့ ပါတယ်။ သူမဟာ Gym လေ့ကျင့်ခန်း ဆော့ကစားရာမှာ ထူးချွန်သူတစ်ဦး လည်း ဖြစ်ပြီး အခြားသများကိုလည်း ပြန်လည်သင်ကြားပေးသူ ဖြစ်ကြောင်း ဆိုပါတယ်။

သူမ အပြင် Zhejiang University မှာလည်း PE Teacher တစ်ဦးဟာလည်း အလှဆုံးအဖြစ် ထွက်ရှိခဲ့ပါသေးတယ်။ သူမကဲ့သို့ပဲ အခြားသော လုပ်ငန်းဆိုင်ရာတို့မှ အလှအပများကို ဖော်ထုတ်ပြသတဲ့ လုပ်ဆောင်ချက်များဟာ တရုတ်ပြည်ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေပန်းစားလျက် ရှိပါတယ်။

 


Credit : http://www.yoyarlay.com/int/262-2015-10-15-08-39-40.html

No comments:

Subscribe

လာလည်သူများ

free counters